၂ တိမောသေ 1:7 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား7 အကြောင်းမူကား ဘုရားသခင် ပီးတော်မူသော ဝိညာဉ်တော်သည် ငါရို့အား ကြောက်တတ်သောစိတ်ကို ဖြစ်စီတော်မမူ။ ကိုယ်တော်၏ဝိညာဉ်တော်သည် တန်ခိုးနှင့် လည်းကောင်း၊ ချစ်ခြင်းမေတ္တာနှင့် လည်းကောင်း၊ မိမိကိုယ်ကို မိမိချုပ်တည်းနိုင်စီရန် လည်းကောင်း ငါရို့ကို ပြည့်စုံစီတော်မူ၏။ Faic an caibideil |
နာဇရက်မြို့သား ယေသျှုအကြောင်းကို လည်းကောင်း၊ ဘုရားသခင်သည် သန့်ယှင်းသော ဝိညာဉ်တော်နှင့် တန်ခိုးတော်ကို ထိုအသျှင်အား ဘိသိက်ပီးတော်မူသည်ကို လည်းကောင်း သင်ရို့သည် သိကြ၏။ ဘုရားသခင်သည် ထိုအသျှင်နှင့်အတူ ဟိတော်မူသောကြောင့်၊ ထိုအသျှင်သည် မာရ်နတ်၏ တန်ခိုးအောက်မှာ ဟိနိန်ကြသောသူ အားလုံးကို ကျန်းမာ စီတော်မူလျက်၊ ကောင်းမြတ်သောအမှုတိကို လုပ်ဆောင်ကာ အရပ်ရပ်သို့ လှည့်လည်တော်မူခသည်ကို သင်ရို့သည် သိကြ၏။
သို့သော် ငါသည် ငါ့အသက်ကို နှမြောခြင်းမဟိဘဲ၊ ငါ၏အမှုတော်ကို ပြည့်စုံစီခြင်းငှာ လည်းကောင်း၊ အသျှင်ယေသျှု ပီးအပ်တော်မူသည့် အလုပ်တာဝန်ကို လည်းကောင်း ပြီးဆုံးအောင် ဆောင်ရွက်နိုင်မှုကိုသာလျှင် ပမာဏပြု၏။ ကိုယ်တော် ပီးအပ်တော်မူသော အမှုတော်မူကား ဘုရားသခင်၏ ကျေးဇူးတော်အကြောင်း သတင်းကောင်းကို ဟောပြောကြေညာရန်ပင် ဖြစ်သတည်း။