6 သို့ဖြစ်၍ ငါသည် သင်၌ လက်တင်ဆုတောင်းပီးသောအခါ သင့်အား ဘုရားသခင်ပီးသော ဆုကျေးဇူးကို ဆက်လက် ရှင်သန်စီခြင်းငှာ သင့်အား သတိပီးလိုက်ခြင်းဖြစ်၏။
ခရီးမထွက်ခင် မိမိ၏အခိုင်းအစီ ဆယ်ယောက်ကိုခေါ်ပြီး ‘ငါပြန်လာသည့်အချိန်ထိ ကုန်သွယ်မှုကို ပြုပြီးနီကြလော့’ ဟု ဆို၍ ရွှီဒင်္ဂါးတစ်ပြားစီ ပီးလိုက်၏။
ပေါလုသည် သူရို့၏ ဂေါင်းထက်တွင် လက်ကို တင်လိုက်သောအခါ သန့်ယှင်းသောဝိညာဉ်တော်သည် သူရို့အထက်၌ သက်ရောက်လေ၏။ ထိုအခါ သူရို့သည် ထူးဆန်းသော ဘာသာစကားများဖြင့် ပြောကြပြီးလျှင် ဘုရားသခင်၏ သတင်းစကားတော်ကိုလည်း ဟောပြောကြေငြာကြ၏။
ယုံကြည်သူများက ထိုသူရို့ကို တမန်တော်ရို့ရှိ့၌ ထားကြပြီးလျှင်၊ တမန်တော်ရို့က သူရို့ဂေါင်းထက်တွင် လက်ကိုတင်၍ ဆုတောင်းပီးကြ၏။
ဝိညာဉ်တော်၏အရှိန်ကို မငြိမ်းစီကတ်ကေ့။
ပရောဖက်များ ဟောကြားသောအခါ၌ လည်းကောင်း၊ အသင်းတော်လူကြီးရို့က လက်ကိုတင်၍ ဆုတောင်းပီးသောအခါ၌ လည်းကောင်း၊ သင်ခံယူထားသော ဝိညာဉ်ဆုကျေးဇူးကို လျစ်လျူမရှုကေ့။
သင်သည် မိမိလိုက်နာသည့် ယုံကြည်ခြင်းတရားတော်နှင့် မှန်ကန်သည့် ဩဝါဒကို သင်ကိုယ်တိုင် စိတ်နှလုံးသွင်း၍ ကျင့်သုံးသကဲ့သို့ ဤညွှန်ကြားချက်များကို ယုံကြည်သူရို့အား ပီးအပ်မည်ဆိုပါက သင်သည် ခရစ်တော်ယေသျှု၏ အစီခံကောင်းတစ်ယောက် ဖြစ်လိမ့်မည်။
ဤအကြောင်းအရာများကို ဘုရားသခင်၏လူတိအား သိကြားစီလော့။ ထို့နောက် ဘုရားသခင်ရှိ့မှောက်၌ စကားအားဖြင့် မငြင်းခုံကြရန် သူရို့အား လေးနက်စွာ သတိပီးလော့။ ထိုသို့ပြုမှုခြင်းသည် ကောင်းကျိုးမဟိသည့်အပြင် နားထောင်သောသူရို့ကိုလည်း ပျက်စီးတတ်လေ၏။
အခွင့်အခါ ကောင်းသည်ဖြစ်စီ၊ မကောင်းသည်ဖြစ်စီ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်း နှိုးဆော်တိုက်တွန်းခြင်းကို ပြုလော့၊ စည်ရုံးသိမ်းသွင်းခြင်း၊ အပြစ်ကို ဖော်ပြ၍ သွန်သင်ခြင်း၊ တိုက်တွန်းခြင်း၊ စိတ်ရှည်စွာဖြင့် သြဝါဒ ပီးခြင်းကို ပြုလော့။
ဗတ္တိဇံတရား ကို သွန်သင်ခြင်း၊ လက်တင်ဆုတောင်းပီးခြင်း၊ သီခြင်းမှ ထမြောက်ခြင်းနှင့် ထာဝရ တရားစီရင်ခြင်း စသည့် အခြေခံတရားများကို ငါရို့သည် တဖန်ပြန်၍ မသင်အပ်ယာ။
ထို့ကြောင့် သင်ရို့သည် ဤအကြောင်းအရာများကို သိနားလည်လျက် မိမိရို့ ရထားသည့် သမ္မာတရားတွင် အခြေခံ၍ ခိုင်ခံ့ပြီးဖြစ်သော်လည်း ငါသည် သင်ရို့အား ထိုအကြောင်းအရာများကို အစဉ် သတိပီးလို၏။
အဆွီရို့၊ ဤစာသည် သင်ရို့ပါးသို့ ဒုတိယအကြိမ် ငါရီးလိုက်သော စာဖြစ်၏။ ငါသည် ဤပီးစာ နှစ်စောင်လုံးတွင် သင်ရို့ကို ပြန်လည်သတိပီးခြင်းအားဖြင့် သင်ရို့၏ ဖြူစင်သော စိတ်နှလုံးကို နိုးဆော်ရန် ကြိုးစားခ၏။
သင်ရို့သည် ဤအရာအားလုံးကို သိကြပြီးဖြစ်သော်လည်း ငါသည် သင်ရို့အား ပြန်လည်သတိရစီလိုသည်မှာ သခင်ဘုရားသည် ဣသရေလလူတိအား အဲဂုတ္တုပြည်မှ ကယ်ထုတ်လာတော်မူပြီးနောက် မယုံကြည်သောသူတိကို တဖန် ဖျက်ဆီးတော်မူ၏။