4 သင်၏မျက်ရည်ကို အောက်မိ့သတိရလျက်ဟိသော ငါအား ဝမ်းမြောက်ရွှင်လန်း စီခြင်းငှာ သင့်ကို အလွန် တွိ့ချင်ပါ၏
ထိုနည်းတူ ယခုတွင် သင်ရို့သည် ဝမ်းနည်းပူဆွီးရကြ၏။ သို့သော်လည်း ငါသည် သင်ရို့ကို တဖန် မြင်တွိ့သောခါ၊ သင်ရို့၏စိတ်နှလုံးသည် ဝမ်းသာခြင်းနှင့် ပြည့်ဝကြလိမ့်မည်။ သင်ရို့၏ဝမ်းသာခြင်းကို မည်သူမျှ နုတ်ယူနိုင်လိမ့်မည်မဟုတ်ပေ။
အဂုအချိန်ထိ ငါ့နာမ၌ သင်ရို့သည် တစ်စုံတစ်ခုကိုမျှ မတောင်းကြသိမ့်။ သင်ရို့သည် ဝမ်းသာခြင်းနှင့် ပြည့်ဝကြစီခြင်းငှာ တောင်းကြလော့။ တောင်းလျှင် ရကြလိမ့်မည်။
ယုဒလူမျိုး တချို့၏ မကောင်းသော အကြံအစည်များကြောင့် ဆင်းရဲဒုက္ခ ခံရချိန်တွင် ငါသည် စိတ်နှလုံးနှိမ့်ချကာ မျက်ရည်ကျလျက် သခင်ဘုရား၏ အခိုင်းအစီအဖြစ် အမှုတော်မြတ်ကို ထမ်းဆောင်ခ၏။
ထို့ကြောင့် သတိဖြင့် နီကြလော့။ ငါသည် နိ့၊ ညဉ့်မပြတ် သုံးနှစ်ပတ်လုံး မျက်ရည်ကျပြီး သင်ရို့ တစ်ယောက်ချင်းစီတိုင်းအား သွန်သင်ပီးခသည်ကို သတိရကြလော့။
ငါသည် သင်ရို့ကို အလွန်တွိ့ချင်ပါ၏။ အကြောင်းမှာ သင်ရို့သည် ခိုင်ခန့်စီခြင်းငှာ ဝိညာဉ်ဆုကျေးဇူးတချို့ကို သင်ရို့အား ဝီငှရန် ဖြစ်၏။
ငါသည် ခရစ်တော်ယေသျှု၏ မေတ္တာဖြင့် သင်ရို့အားလုံးကို လွန်စွာလွမ်းဆွတ်ကြောင်းကို ငါ့အတွက် သက်သီခံသောသူကား ဘုရားသခင်ဖြစ်တော်မူ၏။
သူသည် သင်ရို့အပေါင်းကို လွမ်းဆွတ်လျက် နိန်၏။ သူ၏ဖျားနာနိန်သည့်သတင်းကို သင်ရို့ကြား သောကြောင့် သူသည် စိတ်မချမ်းမသာ ဖြစ်လျက်နိန်၏။
ညီအစ်ကိုမောင်နှမရို့၊ ငါရို့သည် စိတ်နှလုံးအားဖြင့်မဟုတ်ဘဲ ခန္ဓာအားဖြင့် ခေတ္တမျှ သင်ရို့နှင့် ခွဲခွာနိန်ရသော်လည်း တဖန် ပြန်တွိ့နိုင်ရန် အလွန်လိုလားတောင်းတကြသည်ဖြစ်၍ သာ၍ ကြိုးစားအားထုတ်ကြ၏။
သင်သည် ဆောင်းရာသီ မတိုင်ခင် အတတ်နိုင်ဆုံး ကြိုးစား၍ အရောက်လာလော့။ ဥဗုလု၊ ပုဒေ၊ လိနု၊ ကလောဒိ နှင့်တကွ အခြားသော ညီအစ်ကို မောင်နှမအားလုံးကလည်း သင့်ကို နှုတ်ဆက်လိုက်ကြ၏။
သင်သည် ငါ့ပါးသို့ အလျှင်အမြန် ရောက်လာရန် အစွမ်းကုန် ကြိုးစားလော့။
ငါရို့၏ ဝမ်းမြောက်ခြင်း ပြည့်ဝစုံလင်စီမည့်အကြောင်း ဤအကြောင်းအရာများကို ငါရို့ စာရီးလိုက်၏။
ကိုယ်တော်သည် သူရို့၏ မျက်ရည်ဟိသမျှကို သုတ်တော်မူလိမ့်မည်။ နောက်တဖန် သီဆုံးခြင်း၊ ဝမ်းနည်းပူဆွီးခြင်း၊ ငိုကြွီးခြင်းနှင့် နာကျင်ခြင်းများသည် မဟိရ။ ရှိ့ဖြစ်ဖူးသော အရာများသည် ပျောက်ကွယ်လားယာ” ဟု ဆို၏။
အကြောင်းမူကား ပလ္လင်တော်အလယ်တွင် ဟိတော်မူသော သိုးသူငယ်တော်သည် သူရို့၏ သိုးထိန်းဖြစ်ကာ အသက်စမ်းရီ ဟိရာအရပ်သို့ ပို့ဆောင်တော်မူမည် ဖြစ်သောကြောင့်တည်း။ ဘုရားသခင်သည်လည်း သူရို့၏ မျက်ရည်ဟိသမျှကို သုတ်ပီးတော်မူလိမ့်မည်” ဟု ဆို၏။