14 ငါရို့အထဲမှာ ဟိသော သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးအားဖြင့် သင့်အား ပီးအပ်ထားသည့် ကောင်းမြတ်သောအရာတိကို ထိန်းသိမ်းစောင့်ရှောက်လော့။
သို့ဖြစ်၍ သင်ရို့သည် လောကီစည်းစိမ်ကို အသုံးပြုရာတွင် သစ္စာမဟိလျှင် သင်ရို့ကို မှန်သော စည်းစိမ်ချမ်းသာကို အပ်ဖို့ ဇာသူက ယုံနိုင်မည်နည်း။
ထိုအသျှင်သည် ဘုရားသခင်၏ သမ္မာတရားကို ဖော်ပြသော ဝိညာဉ်တော်ဖြစ်၏။ လောကီသားတိက ထိုဝိညာဉ်တော်ကို မသိမမြင်ကြသောကြောင့် မခံယူနိုင်ကြ။ သို့ရာတွင် ထိုအသျှင်ကို သင်ရို့ သိကြ၏။ အကြောင်းမူကား ထိုဝိညာဉ်တော်သည် သင်ရို့ထဲ၌ ကိန်းဝပ်တော်မူသည်ဖြစ်၍ သင်ရို့၌ ဟိလိမ့်မည်။
အမှန်ဆိုရလျှင် အဖက်ဖက်၌ အကျိုးကျေးဇူး များစွာဟိပါ၏။ ဘုရားသခင်သည် မိမိ၏ဗျာဒိတ်တော်ကို ယုဒလူမျိုးများအား ပထမဦးစွာ ပီးအပ်ခ၏။
ထိုမျှမက ယေသျှုကို သီခြင်းမှ ထမြောက်စီတော်မူသော ဘုရားသခင်၏ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သီခြင်းမှ ထမြောက်စီတော်မူသော ဘုရားသခင်သည် သင်ရို့အထဲ၌ ဟိသော မိမိ၏ဝိညာဉ်တော်အားဖြင့် သီတတ်သော သင်ရို့၏ကိုယ်ခန္ဓာကိုလည်း အသက်ရှင်ရသောအခွင့်ကို ပီးတော်မူလိမ့်မည်။
အကြောင်းမူကား သင်ရို့သည် လူ့ဇာတိအလိုအတိုင်း အသက်ရှင်ကြလျှင် သီရကြလိမ့်မည်။ သို့သော် သင်ရို့သည် အပြစ်နှင့် သက်ဆိုင်သော အမူအကျင့်တိကို ဝိညာဉ်တော်အားဖြင့် သီစီလျှင် အသက်ရှင်ကြရလိမ့်မည်။
သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူလျှင် သင်ရို့သည် ဇာတိပကတိ၏အလိုအတိုင်း အသက်ရှင်ကြသည်မဟုတ်။ ဝိညာဉ်တော်၏အလိုအတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်၏ဝိညာဉ်တော်မဟိသော သူသည်ကား ခရစ်တော်နှင့် မဆိုင်။
သင်ရို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကို လည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို လည်းကောင်း သိကြသည်မဟုတ်လော။
သင်ရို့ ကိုယ်ခန္ဓာသည် သန့်ယှင်းသော ဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်ကြောင်းကို လည်းကောင်း၊ ဘုရားသခင် ပီးသနားတော်မူ၍ ဝိညာဉ်တော်သည် ကိန်းအောင်းတော်မူကြောင်းကို လည်းကောင်း မသိကြသလော။ သင်ရို့သည် ကိုယ့်ကိုယ်ကို မပိုင်။ ဘုရားသခင်သာလျှင် ပိုင်တော်မူပြီး၊
ငါသည် မိမိဆန္ဒအလျောက် အမှုတော်ကို ဆောင်ရွက်လျှင် အကျိုးဟိ၏။ သို့ရာတွင် မိမိဆန္ဒအလျောက်မဟုတ်လျှင် ဘုရားသခင်သည် ငါအား ဤအမှုတော်ကို လုပ်ဆောင်ရန် ပီးအပ်ထားခြင်းဖြစ်၏။
သိုဖြစ်၍ ငါရို့သည် အဂုမှစ၍ မည်သူ့ကိုမျှ လူ့အမြင်အားဖြင့် မစီရင်ယာ။ အယင်က ခရစ်တော်အား လူ့အမြင်အားဖြင့် ငါရို့ စီရင်ခကြသော်လည်း အဂုကား ထိုသို့မပြုယာ။
ထိုသို့ ဖြည့်စွပ်ပီးမည့်အစား ဘုရားသခင်သည် ပေတရုအား သတင်းကောင်းကို ယုဒလူမျိုးရို့ကို ဟောပြောရန် ယုံကြည် အပ်နှံတော်မူသကဲ့သို့ ငါ့ကိုလည်း တခြားလူမျိုးတိပါးသို့ သတင်းကောင်းကို ဟောပြောရန် တာဝန်ပီးတော်မူကြောင်း သူရို့သည် သိမြင်ကြလေ၏။
သင်ရို့သည်လည်း ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်လျက် အခြားသောသူအပေါင်းရို့နှင့်အတူ တည်ဆောက်ခြင်းကို ခံရသဖြင့် ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကျိန်းဝပ်တော်မူရာ ဌာနတော် ဖြစ်လာ၏။
ပျက်စီးစီတတ်သော အရက်သီစာ သောက်စားခြင်းများကို ယှောင်၍ ဝိညာဉ်တော်နှင့် ပြည့်ဝစီကြလော့။
ယုတ္တုဟုခေါ်သော ယောသျှုကလည်း သင်ရို့ကို နှုတ်ဆက်လိုက်ပါ၏။ ဘုရားသခင်၏ နိုင်ငံတော်အတွက် ငါနှင့်အတူ လုပ်ဆောင်လျက်ဟိသော ယုဒလူမျိုး ယုံကြည်သူတိထဲမှ သူရို့သုံးဦးသာလျှင် ဖြစ်ကြ၏။ ဤသူရို့သည် ငါ့ကို များစွာ ကူညီပီးကြသောသူတိ ဖြစ်ကြ၏။
ဝိညာဉ်တော်၏အရှိန်ကို မငြိမ်းစီကတ်ကေ့။
ဟောပြောရန် ငါ့ကို ပီးအပ်ထားသော သတင်းကောင်းတရား၌ ထိုသွန်သင်ချက်ကို တွိ့ရ၏။ ထိုသတင်းကောင်းတရားသည်ကား ဘုန်းတန်ခိုးတော် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ထံမှ လာခြင်းဖြစ်၏။
တိမောသေ၊ သင့်အား ပီးအပ်ထားသော အရာများကို စောင့်ထိန်းလော့။ ဘုရားတရားမဲ့ အကျိုးမဟိသောစကား ပြောဆိုခြင်းကို လည်းကောင်း၊ အသိပညာဟု မှားယွင်းစွာ ခေါ်ဆိုကြသည့် ဆန့်ကျင်ဖက် အတွေးအခေါ် အယူအဆများကို လည်းကောင်း ယှောင်ယှားလော့။
သို့ဖြစ်၍ ထိုအမှုကို ပြုသောကြောင့် ငါသည် ဤဒုက္ခများကို ခံစားနိန်ရ၏။ သို့သော်လည်း ငါယုံကြည်ကိုးစားသော အသျှင်ကို ငါသိသောကြောင့် ငါ၌ ယုံကြည်မှု အပြည့်ဟိ၏။ ထို့နောက် ကိုယ်တော်သည် ငါ့ကို အပ်နှံသည့် နိ့ရက်တိုင်အောင် လုံခြုံစွာ ကွယ်ကာထားနိုင်စွမ်းဟိသည်ကို ငါသည် လုံးဝ ယုံကြည်စိတ်ချလျက်ဟိ၏။
ထို့ပြင် များစွာသော အသိသက်သီတိရှိ့မှာ ငါ ပြောကြားခသော ဩဝါဒများကို မှတ်သားပြီးလျှင် သစ္စာနှင့်ပြည့်စုံ၍ အခြားသူတိကို သင်ပြနိုင်သောသူရို့အား ပီးအပ်လော့။
အဂုတွင် သင်ရို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းအားဖြင့် မိမိရို့၏ စိတ်နှလုံးအား စင်ကြယ်စီကြပြီး အခြားသော ယုံကြည်သူအချင်းချင်းကို ဟန်ဆောင်မှုကင်းလျက် ချစ်ကြသည်ဖြစ်၍ သင်ရို့ တစ်ယောက်ကိုတစ်ယာက် စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြလော့။