Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၂ တိမောသေ 1:10 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

10 သို့သော်လည်း ငါရို့၏ကယ်တင်သျှင် ခရစ်တော်ယေသျှု ကြွလာတော်မူခြင်းအားဖြင့် ထိုကျေးဇူးတော်ကို ငါရို့အား ယခုအချိန်၌ ဖော်ပြတော်မူပြီ။ ကိုယ်တော်သည် သီခြင်းတရားကို အဆုံးသတ်လိုက်ပြီးနောက် သီခြင်းတရားကင်းသော အသက်တာကို သတင်းကောင်းတရားအားဖြင့် ဖော်ပြတော်မူပြီ။

Faic an caibideil Dèan lethbhreac




၂ တိမောသေ 1:10
58 Iomraidhean Croise  

အကယ်၍ သင့်ခန္ဓာတစ်ကိုယ်လုံးသည် အလင်း၌ ဟိလျှင် မှောင်မိုက်ဟူ၍ မဟိဘဲ ဆီမီးခွက်၏အလင်းသည် လင်းလက်နိန်သကဲ့သို့ သင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း လင်းလက်နိန်လိမ့်မည်” ဟု မိန့်တော်မူ၏။


ထို့ကြောင့် ဥယျာဉ်မှူးအား ‘ငါသည် ဤသဖန်းပင်သို့ လာ၍ သဖန်းသီးရှာသည်မှာ သုံးနှစ်တောင်ဟိဗျာယ်။ ယေဒါလေ့ တစ်လုံးတောင် မတွိ့ရ။ ဤသစ်ပင်ကို ခွတ်ပလိုက်၊ ဇာဖြစ်လို့ မြီဆီလွှာကို အကျိုးမဟိ ဖြစ်စီဖို့လဲ’ ဟု ဆို၏။


ဤနိ့တွင် ဒါဝိဒ်မြို့၌ အသျှင်ခရစ်တော်တည်းဟူသော ကယ်တင်သျှင်သည် သင်ရို့အဖို့အလို့ငှာ ဖွားမြင်ခြင်းကို ခံတော်မူဗျာယ်။


ထိုအလင်းတော်သည် လောကသို့ ကြွလာပြီးလျှင် လူသားအပေါင်းရို့တွင် ထွန်းလင်းပြီး — စစ်မှန်သောအလင်း ဖြစ်တော်မူ၏။


ယေသျှုကလည်း၊ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ခမည်းတော်ထံသို့ တစ်ယောက်မျှ မရောက်နိုင်။


သို့သော်လည်း ယေသျှုသည် မေသျှိယတည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်သည်ကို ယုံကြည်ကြစီခြင်းငှာလည်းကောင်း၊ ထိုသို့ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏နာမတော်မြတ်၌ အသက်ကို ရစီခြင်းငှာ လည်းကောင်း ဤအရာများကို ရီးထားခြင်းဖြစ်၏။


ထို့နောက် သူရို့က “အဂု အကျွန်ရို့ ယုံကြည်သည်မှာ သင်၏ ပြောပြခြင်းကြောင့်မဟုတ်၊ အကျွန်ရို့ကိုယ်တိုင် ကြားရပြီးလျှင် ထိုအသျှင်သည် လောက၏ စစ်မှန်သော ကယ်တင်သျှင်ဖြစ်ကြောင်းကို အကျွန်ရို့ သိသောကြောင့်ဖြစ်၏” ဟု ထိုမိန်းမအား ပြောဆိုကြ၏။


သို့သော် သင်ရို့သည် အသက်ကို ရအံ့သောငှာ ငါ့ထံပါးသို့ မလာလိုကြပေ။


ဘုရားသခင်သည် မိမိ ကတိပီးထားသည့်အတိုင်း ဣသရေလလူမျိုးများ၏ကယ်တင်သျှင်ကို ချီးမြှောက်ပီးတော်မူ၏။ ထိုသူမှာ ဒါဝိဒ်၏မျိုးမှ ဆင်းသက်လာသူတစ်ယောက်ဖြစ်သော ယေသျှုပင်ဖြစ်၏။


ဘုရားသခင်သည် ဣသရေလလူမျိုးရို့၏ အပြစ်တိကို နောင်တရခြင်းနှင့် အပြစ်ခွင့်ရွှတ်ခြင်းကို ပီးသနားတော်မူရန် ထိုအသျှင်ကို ကယ်တင်သျှင်နှင့် အုပ်စိုးပိုင်သောအသျှင်အဖြစ် မိမိလက်ယာဖက်၌ ချီးမြှောက်တော်မူခယာ။


သို့ရာတွင် ယခုအခါ၌ ထိုသမ္မာတရားသည် ပရောဖက်များ ရီးထားခသည်နှင့်အညီ ပေါ်ထွန်းခပြီးဖြစ်၏။ လူသားအားလုံးသည် ဘုရားသခင်ကို ယုံကြည်၍ နှုတ်ကပတ်တော်ကို နာခံလာကြရန် ထာဝရဘုရားသခင်၏ အမိန့်တော်အားဖြင့် ထိုသမ္မာတရားကို လူမျိုးအပေါင်းရို့အား ကြားသိစီတော်မူလေပြီ။


ကောင်းသောအကျင့်ကို အမြဲကျင့်လျက် ဘုန်းတန်ခိုးတော်နှင့် ဂုဏ်တော်ကို လည်းကောင်း၊ ဖေါက်ပြန် ပျက်စီးခြင်းမဟိသောအသက်ကို လည်းကောင်း ရှာသော သူရို့အား ဘုရားသခင်က ထာဝရအသက်ကို ပီးတော်မူလိမ့်မည်။


သို့ဖြစ်လျှင် ငါရို့သည် ဤယုံကြည်ခြင်းအားဖြင့် ပညတ်တရားကို ပယ်ကြသည်ဟု ဆိုလိုသလော။ လုံးဝမပယ်သည့်အပြင် ငါရို့သည် ပညတ်တရားကို ထောက်ခံလျက် ဟိကြပေ၏။


ထို့ပြင် ငါရို့သည် အပြစ်၏ကျွန် မဖြစ်လိုသောကြောင့် ငါရို့၏ခန္ဓာဟောင်းကို ဖျက်ဆီးခြင်းငှာ လက်ဝါးကပ်တိုင်မှာ ခရစ်တော်နှင့်အတူ အသီခံထားကြပြီဟု သိကြ၏။


နောက်ဆုံးရန်သူဖြစ်သော သီမင်းကိုပင် အောင်နိုင်လိမ့်မည်။


သို့ဖြစ်၍ ချိန်းချက်တော်မူသောအချိန် မရောက်မီ ဇာသူကိုမျှ စစ်ကြောစီရင်ခြင်း မပြုကေ့။ သင်ရို့သည် နောက်ဆုံး တရားစီရင်တော်မူခြင်းငှာ သခင်ဘုရား ကြွလာတော်မူထိတိုင်အောင် စောင့်၍ နိန်ကြရမည်။ ကိုယ်တော်သည် မှောင်မိုက်ထဲ၌ ဝှက်ထားသောအရာများကို အလင်းတော်သို့ လည်းကောင်း၊ လူရို့၏စိတ်နှလုံး၌ ကွယ်ဝှက်ထားသော အကြံအစည်များကို လည်းကောင်း ထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါ လူတစ်ဦးစီတိုင်း မိမိရို့ခံထိုက်သည့်အလျောက် ဘုရားသခင်ထံမှ ချီးမွမ်းခြင်းကို ခံရကြလိမ့်မည်။


ထိုမြီကြီးခန္ဓာ၌ နီရစဉ် ငါရို့သည် ဒုက္ခကို ခံစားရ၍ ညည်းတွားကြ၏။ ထိုသို့ ညည်းတွားခြင်းမှာ ငါရို့၏ မြီကြီးခန္ဓာကို ဖယ်ယှားလို၍မဟုတ်။ သီတတ်သောအရာကို အမြဲတမ်း အသက်ရှင်သည့်အရာသို့ ပြောင်းလဲစီရန် ကောင်းကင်ဘုံနှင့်ဆိုင်သော ခန္ဓာကို လိုချင်သောကြောင့်ဖြစ်၏။


ပညတ်တရားကို လိုက်လျှောက်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စီခြင်းငှာ ကြိုးစားသောသူသည် ခရစ်တော်နှင့် ကွာလားသဖြင့် သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတရား အောက်၌ မဟိ။


ထိုသို့ ငါ တောင်းလျှောက်ထားသည်မှာ သင်ရို့၏ ဉာဏ်မျက်စိကို ပွင့်လင်းစီခြင်းငှာ လည်းကောင်း၊ သင်ရို့အား ခေါ်ယူတော်မူခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းသည် မည်သည့်အရာဖြစ်သည်ကို လည်းကောင်း၊ မိမိလူရို့အား ကတိထားတော်မူသော အံ့သြဖွယ်သော ကောင်းကြီးမင်္ဂလာများသည် ဇာလောက် ကြွယ်ဝသည်ကို လည်းကောင်း၊


မိမိရည်ရွယ်ချက်အတိုင်း ပြုတော်မူသည်ဖြစ်၍ ခရစ်တော်၌ နက်နဲသောအကြံအစည်တော်ကို ငါရို့အား သိစီတော်မူ၏။


ထိုအခါ မတရားသောသူသည် ထင်ရှားလာလိမ့်မည်။ အသျှင်ယေသျှုသည် ထိုသူအား မိမိ၏ နှုတ်မှထွက်သော လီအားဖြင့် ကွက်မျက်ကာ၊ မိမိကြွလာတော်မူသော ဘုန်းရောင်ခြည်တော်ဖြင့် ဖျက်ဆီးတော်မူလိမ့်မည်။


ခရစ်တော်ယေသျှု၌ တည်သော အသက်တာနှင့်ပတ်သက်၍ ကတိတော်ဟိသည့်အတိုင်း ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေသျှု၏ တမန်တော်ဖြစ်သော ငါ ပေါလုထံမှ —


ထို့ကြောင့် ငါရို့၏သခင်ဘုရားအကြောင်း သက်သီခံခြင်းကို ရှက်ကြောက်ခြင်း မဟိကေ့။ ကိုယ်တော်၏အကျိုးအလို့ငှာ ထောင်ကျခံရသော်လည်း ငါသည် မရှက်။ ဘုရားသခင်၏တန်ခိုးကို ရထားသည်ဖြစ်၍ သတင်းကောင်းတရားအတွက် ငါနှင့်အတူ ဆင်းရဲဒုက္ခ ခံလော့။


ကိုယ်​တော်သည် ပေါ်​ထွန်း၍ နိုင်ငံတော်​ထင်​ရှား​သော​ကာ​လ၊ သီလွန်သောသူနှင့် အသက်ရှင်သောသူရို့ကို တရားစီရင်မည့် ခရစ်တော်ယေသျှု၏ ရှိ့တော်၌ လည်းကောင်း၊ ဘုရားသခင်၏ ရှိ့တော်၌ လည်းကောင်း သင့်အား အလေးအနက် တိုက်တွန်းလိုက်သည်မှာ၊


သို့ဖြစ်၍ ယခုအချိန်၌ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားနှင့် စပ်ဆိုင်သော ဆုသရဖူသည် ငါအတွက် အဆင်သင့် ဟိနိန်၏။ ဖြောင့်မတ်သော တရားသူကြီးဖြစ်တော်မူသော သခင်ဘုရားသည် ထိုဆုသရဖူကို ထိုနိ့၌ ငါ့အား ပီးတော်မူလိမ့်မည်။ ငါ့ကိုသာမက ကိုယ်တော်ကြွလာခြင်းကို လိုလားတောင့်တနိန်သူအားလုံးကိုလည်း ပီးအပ်တော်မူလိမ့်မည်။


အကြောင်းမူကား လူအပေါင်းရို့အား ကယ်တင်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်သည် ပေါ်ထွန်းတော်မူပြီ။


ငါရို့၏ ကြီးမြတ်တော်မူသော ဘုရားသခင်နှင့် ကယ်တင်သျှင် ယေသျှုခရစ်တော်၏ဘုန်းတန်ခိုးတော် ပေါ်ထွန်းခြင်းတည်းဟူသော ကောင်းကြီးမင်္ဂလာနှင့် သက်ဆိုင်သော မျှော်လင့်ခြင်းကို စောင့်မျှော်လျက်နိန်ကြရန် လည်းကောင်း ဘုရားသခင်သည် ငါရို့အား ဆုံးမသွန်သင်လျက် ဟိ၏။


သို့သော် ငါရို့ ကယ်တင်သျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတရားတိ ပေါ်ထွန်းလာသောအခါ


သင်ရို့သည် အယင်က နိ့ရက်များကို သတိရကြလော့။ ထိုနိ့ရက်များ၌ ဘုရားသခင်၏အလင်းသည် သင်ရို့၌ ထွန်းလင်းပြီး သင်ရို့ကြုံတွိ့ခရသော ဒုက္ခများစွာကို ရုန်းကန်၍ အနိုင်ရခကြ၏။


ယေသျှု ခရစ်တော်၏ အခိုင်းအစီနှင့် တမန်တော်ဖြစ်သူ ငါ သျှိမုန်ပေတရုပါးမှ — ငါရို့၏ ဘုရားသခင်နှင့် ကယ်တင်သျှင်ဖြစ်တော်မူသော ယေသျှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကြောင့် အဖိုးထိုက်သည့် ယုံကြည်ခြင်းကို ငါရို့နည်းတူ ရဟိကြသော သူရို့ထံသို့ စာရီးလိုက်၏။


ဤနည်းအားဖြင့် သင်ရို့သည် ကယ်တင်သျှင်ဖြစ်တော်မူသော ငါရို့၏ အသျှင် ယေသျှု ခရစ်တော်၏ ထာဝရနိုင်ငံတော်သို့ ဝင်နိုင်မည့် အခွင့်ကို ပြည့်ဝစွာ ရကြလိမ့်မည်။


ငါရို့ကို မိမိ၏ဘုန်းတော်နှင့် ကောင်းမြတ်ခြင်းထဲသို့ ခေါ်ယူတော်မူသော အသျှင်အား ငါရို့သိခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် ဘုရားဝတ်၌ မှန်ကန်စွာ မွိ့လျော် အသက်ရှင်နိုင်ကြစီရန် ငါရို့လိုအပ်သော အရာဟိသမျှကို ချပီးတော်မူ၏။


အကယ်၍ လူသည် ငါရို့၏အသျှင်နှင့် ကယ်တင်သျှင် ဖြစ်တော်မူသော ယေသျှုခရစ်တော်ကို သိကျွမ်းရခြင်းအားဖြင့် လောကီ ညစ်ညူးခြင်းများမှ လွတ်မြောက်ကြပြီးနောက်၊ တဖန် ထိုညစ်ညူးခြင်းများ၏ ကျွန်ဖြစ်ကြလျှင် ထိုသူရို့၏ နောက်ဖြစ်ဟန်သည် ရှိ့ဖြစ်ဟန်ထက် ဆိုးရွားလေ၏။


သို့ရာတွင် သင်ရို့သည် ငါရို့၏အသျှင်နှင့် ကယ်တင်သျှင်ဖြစ်သော ယေသျှုခရစ်တော်၌ လည်းကောင်း၊ ကိုယ်တော်၏ ကျေးဇူးတော်နှင့် သိကျွမ်းခြင်း၌ လည်းကောင်း ကြီးထွားကြလော့။ အဂုမှစ၍ ထာဝရကာလတိုင်အောင် ထိုအသျှင်သည် ဘုန်းကြီးပါစီသတည်း။ အာမင်။


သန့်ယှင်းသော ပရောဖက်ရို့ အယင်က ဟောပြောခသည့် စကားများကို လည်းကောင်း၊ သင်ရို့၏ တမန်တော်ရို့မှတစ်ဆင့် ပီးအပ်ခသည့် သခင်ဘုရားဟူသော ကယ်တင်သျှင်၏ ပညတ်တော်ကို လည်းကောင်း သင်ရို့ကို ပြန်လည်သတိရစီရန် ဖြစ်၏။


ထိုအသက် ထင်ရှားခသည်ကို ငါရို့သည် မြင်ခရ၏။ ထို့ကြောင့် ခမည်းတော်နှင့်အတူ ဟိတော်မူခသည့် ထာဝရအသက်အကြောင်းကို ငါရို့အား ဖော်ပြတော်မူခသည်ဖြစ်၍ ငါရို့သည် သင်ရို့အား သက်သီခံလျှက် ဟောပြောကြ၏။


ခမည်းတော်သည် မိမိ၏သားတော်အား လောကကို ကယ်တင်သောအသျှင်အဖြစ် စီရွှတ်တော်မူကြောင်းကို ငါရို့ မြင်ရ၍ သက်သီခံကြ၏။


ထို့နောက် ကောင်းကင်မှ ဆင်းသက်လာသော အခြား ကောင်းကင်တမန်တစ်ပါးကို ငါ မြင်ရ၏။ ထိုသူသည် ကြီးစွာသော​အခွင့်အာဏာ ဟိသောသူဖြစ်၏။ သူ၏အရောင်အဝါသည် မြီကြီးတစ်ပြင်လုံးကို ထွန်းလင်းတောက်ပစီ၏။


“ဝိညာဉ်တော်သည် အသင်းတော်များအား မိန့်တော်မူသော စကားများကို ကြားတတ်သောနား ဟိသောသူသည်ကား ကြားပါစီ။ “ငါသည် အောင်မြင်သောသူအား ဘုရားသခင်၏ဥယျာဉ်တော်၌ ဟိသော အသက်ပင်၏အသီးကို စားရသောအခွင့်ကို ပီးမည်။


ထို့နောက် သီမင်းနှင့် မရဏာနိုင်ငံသည် မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။ ဤမီးအိုင်သည် ဒုတိယသေခြင်း ဖြစ်သည်။


မိမိရို့၏အဝတ်ကို သန့်ယှင်းအောင် လျှော်ဖွတ်သော သူရို့သည် မင်္ဂလာဟိကြ၏။ ထိုသူရို့သည် အသက်ပင်၏ အသီးကို စားသုံးနိုင်သောအခွင့်နှင့် မြို့တန်းခါးဖြင့် မြို့တွင်းသို့ ဝင်နိုင်ရသောအခွင့်ကိုလည်း ရကြလိမ့်မည်။


ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက “ကြွလာတော်မူပါ” ဟု ဆိုကြ၏။ ဤရာကို ကြားသောသူမှန်သမျှသည်လည်း “ကြွလာတော်မူပါ” ဟု ဆိုကတ်ပါစီ။ ရီငတ်သောသူသည် လာပါစီ။ အသက်ရီကို အလိုဟိသောသူသည် အခမဲ့ ယူပါစီ။


Lean sinn:

Sanasan


Sanasan