၂ ပေတရု 2:3 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား3 ဤမှားယွင်းသောဆရာရို့သည် လောဘစိတ်နှင့် လုပ်ကြံဖန်တီးပြောဆိုကာ သင်ရို့၌ အမြတ် ထုတ်ကြလိမ့်မည်။ ရှီးကာလကပင် သူရို့အား တရားစီရင်ရန် အဂု အသင့် ဟိနိန်ပြီး၊ ဖျက်ဆီးမည့်သူသည် ငိုက်မျိုင်းခြင်း အလျှင်းမဟိ။ Faic an caibideil |
ဣသရေလလူမျိုးထဲတွင် မှားယွင်းသော ပရောဖက်များ အယင်က ပေါ်ပေါက်ခသည့်နည်းတူ သင်ရို့ထဲ၌လည်း မှားယွင်းသောဆရာများ ပေါ်ပေါက်လာကြလိမ့်မည်။ သူရို့သည် ပျက်စီးခြင်းသို့ ရောက်စီမည့် မှားယွင်းသော အယူဝါဒများကို ယူဆောင်လာပြီးလျှင် သင်ရို့ကို ရွီးနုတ်တော်မူသော အသျှင်ကိုပင် ငြင်းပယ်ကာ သူရို့၌ ပျက်စီးခြင်းဘေးကို ရုတ်တရက် ကျရောက်စီကြလိမ့်မည်။
အကြောင်းမူကား ဘုရားဝတ်၌ မွိ့ပျော်ခြင်းမဟိသော လူတချို့သည် သင်ရို့အထဲသို့ တိတ်တဆိတ် ဝင်ရောက်လျက် ဟိနိန်ကြသောကြောင့် ဖြစ်၏။ သူရို့သည် ငါရို့ ဘုရားသခင်၏ ကျေးဇူးတော်ကို သူရို့၏ ကာမဂုဏ်လိုက်စားခြင်းအဖြစ် မှောက်လှန်ကြလျက် ငါရို့၏ တစ်ပါးတည်းသောအသျှင်နှင့် သခင် ဖြစ်တော်မူသော ယေသျှုခရစ်တော်ကို ငြင်းပယ်ကြ၏။ ထိုသူရို့ကား ရှီးမဆွကပင်လျှင် ပြစ်ဒဏ်စီရင်ရန် သမ္မာကျမ်းစာ၌ ဖော်ပြထားပြီးဖြစ်ကြ၏။
သောဒုံမြို့၊ ဂေါမောရမြို့နှင့် ထိုမြို့များ၏ ပတ်ဝန်းကျင်၌ဟိသော မြို့များကို သတိရကြလော့။ ထိုမြို့များမှ မြို့သူမြို့သားရို့သည် အဆိုပါ ကောင်းကင်တမန်တိကဲ့သို့ ကာမဂုဏ်လိုက်စား၍ သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကို လိုက်စားခကြ၏။ သူရို့အား ယှင်းလင်းပြတ်သားစွာ သတိပီးသည့်အနိန်ဖြင့် သူရို့အားလုံးသည် ထာဝရမီးထဲတွင် အပြစ်ဒဏ်ကို ခံရကြ၏။