9 ဇာပိုင် မုဆိုးမပင်ဖြစ်စီ အသက်ခြောက်ဆယ် မကျော်လျှင် မုဆိုးမ စာရင်းတွင် မသွင်းရ။ သူမသည် တစ်ကြိမ်တည်းသာ ထိမ်းမြားလက်ထပ်ဖူးသူ ဖြစ်ရမည်။
သင်းထောက်လူကြီးသည် မယားတစ်ယောက်သာ ဟိရမည်။ သူသည် မိမိ၏ အိမ်သူအိမ်သားတိကို ကောင်းစွာ စီမံခန့်ခွဲနိုင်စွမ်းဟိသူ ဖြစ်ရမည်။
သင်းအုပ်သည် အပြစ်ကင်းသောသူ၊ မယားတစ်ယောက်သာ ဟိသောသူ၊ သမ္မာသတိ ဟိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ နီထိုင်ကျင့်ကြံသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ သွန်သင်ဆုံးမ ဩဝါဒပီးတတ်သောသူ ဖြစ်ရမည်။
သို့ရာတွင် အသက်အရွယ်ငယ်သောသူရို့ကို မုဆိုးမစာရင်း မသွင်းကေ့။ အကြောင်းမူကား သူရို့သည် အိမ်ထောင်ပြုလိုသည့်ဆန္ဒ ပြင်းပြလာလျှင် ခရစ်တော်ကို ပစ်ပယ်တတ်ကြ၏။
သို့ဖြစ်၍ ရန်သူတိသည် ငါရို့ကို အပြစ်ပြောခွင့် မဟိစီခြင်းငှာ အသက်အရွယ်ငယ်သော မုဆိုးမရို့သည် အိမ်ထောင်ပြု၍ သားသမီး မွီးဖွားကာ မိမိရို့၏အိမ်မှုကိစ္စများကို စောင့်ထိန်းနိန်ကြရန် ငါ လိုလား၏။
သို့ရာတွင် ယုံကြည်သူမိန်းမတစ်ယောက်သည် မိမိ၏မိသားစု၌ မုဆိုးမတိ ဟိနိန်လျှင် အသင်းတော်၌ ဝန်ထုပ်ဝန်ပိုး မဖြစ်စီခြင်းငှာ ထိုမိန်းမသည် ၎င်းမုဆိုးမတိကို ပြုစုစောင့်ရှောက်ရမည်။ သို့မှသာလျှင် အသင်းတော်သည် အကူအညီအမှန်လိုအပ်သော မုဆိုးမတိကို ပြုစုစောင့်ရှောက်နိုင်လိမ့်မည်။