5 ပြုစုမည့်သူမဟိသဖြင့် လုံးချင်းတည်း နီထိုင်ရသော မုဆိုးမ တစ်ယောက်သည် ဘုရားသခင်၌ မျှော်လင့်လျက် နိ့ညမပြတ် ဆုတောင်းပတ္ထနာပြု၍ ကိုယ်တော်၏ကူညီမစခြင်းကို တောင်းခံလျက်ဟိ၏။
ထို့နောက် ယေသျှုသည် တပည့်တော်ရို့အား စိတ်အားမလျော့ဘဲ အမြဲတမ်းဆုတောင်းပဌာနာ ပြုသင့်ကြောင်းကို ပုံဥပမာဆောင်၍ သွန်သင်တော်မူ၏။
ရွီးကောက်တော်မူသည့် လူတိက တရားမျှတမှုအတွက် နိ့ညမပြတ် အော်ဟစ် တောင်းလျှောက်နိန်ကြလျှင် ဘုရားသခင်သည် သူရို့ကိုကူညီရန် နှောင့်နှေးတော်မူမည်လော။
အဂု အသက် ၈၄ နှစ်တိုင်တိုင် မုဆိုးမဘဝနှင့် နီထိုင်ရ၏။ သူမသည် အစာယှောင်၍ ဆုတောင်းလျက် နိ့ညမလပ် ဘုရားဝတ်ပြုကာ ဗိမာန်တော်မှမခွါဘဲ နိန်၏။
မျိုးနွယ်တစ်ဆယ့်နှစ်မျိုးနွယ်ဖြစ်သော ဣသရေလလူမျိုးရို့သည် နိ့၊ ညဉ့်မပြတ် ဘုရားဝတ်ပြုကာ ထိုကတိတော်အတိုင်း ပြည့်စုံလိမ့်မည်ဟု မျှော်လင့်လျက် ဟိကြပါ၏။ အသျှင်မင်းကြီး၊ အကျွန်သည် ထိုကဲ့သို့ မျှော်လင့်လျက် နိန်သောကြောင့် ယုဒလူမျိုးရို့သည် အကျွန့်ကို ဤသို့ စွပ်စွဲကြခြင်း ဖြစ်ပါ၏။
ကာလအင်တန်ကြာပြီးနောက် တပည့်တော် အရီအတွက် များပြားလာသဖြင့် ဟေလသစကားကို ပြောသော ယုဒလူမျိုးတိနှင့် ဒေသခံ ယုဒလူမျိုးရို့ကြား အငြင်းပွားကြ၏။ ဟေလသစကားကို ပြောသော ယုဒလူမျိုးရို့က မိမိရို့၏ မုဆိုးမများသည် နိ့စဉ်အစားအသောက် ထောက်ပံ့မှု၌ လစ်လျူရှု ခံထားရသောကြောင့် ပြစ်တင်ပြောဆိုကြ၏။
ထို့ကြောင့် ပေတရုသည် ထိုသူရို့နှင့်အတူ လိုက်လာ၏။ သူသည် ရောက်လာသောအခါ ပေတရုကို အထက်ခန်းသို့ ခေါ်ဆောင်လားကြ၏။ မုဆိုးမရို့သည် ပေတရု၏အနားတွင် ဝိုင်းအုံလျက် ငိုယိုကာ ဒေါ်ကာ အသက်ထင်ရှားစဉ် ခြုပ်ထားခသော အပြင်ခံအင်္ကျီများနှင့် အတွင်းခံအင်္ကျီများကို ပြကြ၏။
ပေတရုသည် သူမအား လက်ကိုကမ်းပြီးလျှင် ထရပ်နိုင်ရန် ဖေးမလေ၏။ ထို့နောက် မုဆိုးမများ အပါအဝင် ယုံကြည်သူများ အားလုံးကိုခေါ်၍ သူမ အသက်ရှင်လျက်ဟိကြောင်းကို ပြလေ၏။
ငါဆိုလိုသည်မှာ ငါ၏ယုံကြည်ခြင်း တရားကို သင်ရို့အားလည်းကောင်း သင်ရို့၏ယုံကြည်ခြင်းကို ငါ့အားလည်းကောင်း အချင်းချင်း အပြန်အလှန် အားပီးတိုက်တွန်းလို၍ ဖြစ်၏။
ဘုရားသခင်သည် ခရစ်တော်၏အကျိုးအလို့ငှာ တမန်တော်တစ်ယောက် ဖြစ်ရသောအခွင့်ထူးကို ထိုအသျှင်အားဖြင့် အကျွန့်အား ပီးတော်မူ၏။ အကြောင်းမှာ လူသားအားလုံးသည် ကိုယ်တော့်ကို ယုံကြည်၍ နာခံလိုက်လျှောက်ကြစီရန်ဖြစ်၏။
ငါသည် သင်ရို့အား ပူပန်သောကနှင့် ကင်းဝီးစီလို၏။ လူလွတ်ဖြစ်သော ယောက်ျားသည် သခင်ဘုရား နှစ်သက်တော်မူသော အမှုကို ပြုလိုသောကြောင့် သခင်ဘုရား၏ အမှုတော်ကို အလေးအနက် ထားတတ်၏။
ထို့ကြောင့် သူသည် စိတ်နှစ်ခွ ဖြစ်နိန်၏။ လူလွတ်ဖြစ်သော မိန်းမနှင့် အပျိုရို့သည် သခင်ဘုရားအား မိမိ၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ဆက်ကပ်လိုသဖြင့် သခင်ဘုရား၏ အမှုတော်ကို အလေးအနက်ထား တတ်၏။ သို့ရာတွင် အိမ်ထောင်ပြုသော မိန်းမမူကား မိမိ၏ လင်ယောက်ျား နှစ်သက်စီခြင်းငှာ လောကီအမှုကို အလေးအနက်ထားတတ်၏။
သင်ရို့အား ကူညီမစတော်မူခြင်းငှာ ဘုရားသခင်အား တောင်းလျှောက်ကြလော့။ ဝိညာဉ်တော် ညွှန်ကြားသည့်အတိုင်း အရာရာ၌ ဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားဖြင့် နီကြလော့။ ကာလအစဉ် အားမလျှော့ဘဲ၊ ဘုရားသခင်၏လူစုတော်အဖို့ ဆုတောင်းကြလော့။
ဇာအမှုကိုမျှ မစိုးရိမ်ဘဲ ခပ်သိမ်းသော အမှု၌ ကျေးဇူးတော်ကို ချီးမွမ်း၍ ဆုတောင်းပတ္ထနာပြုလျက် သင်ရို့လိုအပ်သော အရာတိကို ဘုရားသခင်အား လျှောက်ထားကြလော့။
သို့ဖြစ်၍ လူအပေါင်းရို့အတွက် ဘုရားသခင်အား အသနားခံခြင်း၊ ဆုတောင်းခြင်း၊ တောင်းပန်ခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းကို ပူဇော်ကြရန် ပထမဦးဆုံးအနေဖြင့် ငါ တိုက်တွန်းလိုက်၏။
သို့ရာတွင် ယုံကြည်သူမိန်းမတစ်ယောက်သည် မိမိ၏မိသားစု၌ မုဆိုးမတိ ဟိနိန်လျှင် အသင်းတော်၌ ဝန်ထုပ်ဝန်ပိုး မဖြစ်စီခြင်းငှာ ထိုမိန်းမသည် ၎င်းမုဆိုးမတိကို ပြုစုစောင့်ရှောက်ရမည်။ သို့မှသာလျှင် အသင်းတော်သည် အကူအညီအမှန်လိုအပ်သော မုဆိုးမတိကို ပြုစုစောင့်ရှောက်နိုင်လိမ့်မည်။
သင်သည် ကူညီမည့်သူမဟိသော မုဆိုးမအမှန်ဖြစ်သူရို့ကို ကူညီမစကြလော့။
ငါ၏အဖိုး အဖီးရို့ ပြုခသည့်နည်းတူ ငါသည် စင်ကြယ်သောစိတ်နှင့် အမှုတော်မြတ်ကို ဆောင်ရွက်လျက် ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ငါသည် နိ့ညမပြတ် ဆုတောင်းရာ၌ သင့်ကို အမြဲတမ်း အောက်မိ့သတိရလျက် ကိုယ်တော်အား ကျေးဇူးတော်ကို ချီးမွမ်းလျက်ဟိ၏။
ရှီးအခါက ဘုရားသခင်ကို ရိုသီကိုင်းယှိုင်းသော မိန်းမရို့သည် မိမိရို့၏ အိမ်ထောင်သျှင်စကားကို နားထောင်ခြင်းအားဖြင့် လှပစီခြင်းငှာ တန်ဆာဆင်ကြ၏။