12 သို့ဖြစ်၍ သူရို့သည် မိမိရို့ ပထမ ပီးထားသော ကတိသစ္စာကို ဖောက်ဖျက်သောကြောင့် အပြစ်စီရင်ခြင်းကို ခံရတတ်၏။
သင်ရို့သည် စည်းဝေးကြသောအခါတွင် ဘုရားသခင်၏ ပြစ်ဒဏ်စီရင်တော်မူခြင်းနှင့် ကင်းလွတ်နိုင်စီခြင်းငှာ သင်ရို့ထဲမှ ဆာမွတ်သောသူသည် မိမိအိမ်၌ စားသောက်စီ။ အခြားသော ကိစ္စများနှင့်ပတ်သက်၍ ငါလာသည့်အခါ တဖန် ငါ ညွှန်ကြားမည်။
ခရစ်တော်၏ ကျေးဇူးတော်အားဖြင့် သင်ရို့အား ခေါ်ယူတော်မူသော အသျှင်ကို သင်ရို့သည် ဤမျှလောက် စောလျင်စွာ စွန့်ခွါ၍ အခြားသော သတင်းကောင်းကို နာယူလျက်ဟိသဖြင့် ငါသည် အလွန်အံ့သြ၏။
သို့ရာတွင် အသက်အရွယ်ငယ်သောသူရို့ကို မုဆိုးမစာရင်း မသွင်းကေ့။ အကြောင်းမူကား သူရို့သည် အိမ်ထောင်ပြုလိုသည့်ဆန္ဒ ပြင်းပြလာလျှင် ခရစ်တော်ကို ပစ်ပယ်တတ်ကြ၏။
ထို့အပြင် သူရို့သည် အပျင်းထူလေ့ဟိကြပြီး တစ်အိမ်မှ တစ်အိမ်သို့ လားလာတတ်ကြ၏။ အပျင်းထူရုံမက မပြောအပ်သော စကားများကို ပြောဆိုလျက် သူတစ်ပါးကိစ္စ၌ ဝင်ရောက်စွက်ဖက်တတ်ကြ၏။
ငါ့ ညီအစ်ကို မောင်နှမရို့၊ ဆရာဖြစ်ကြသော ငါရို့သည် သာ၍ တင်းကြပ်သော တရားစီရင်ခြင်းကို ခံရလိမ့်မည်ဟု သိမှတ်လျက် ဆရာဖြစ်ချင်သောသူ မများစီကတ်ကေ့။
အကြောင်းမူကား တရားစီရင်ခြင်းကို အစပြုမည့် အချိန်သည် ရောက်လာလေပြီ။ ဘုရားသခင်၏ လူစုတော်သည် တရားစီရင်တော်မူခြင်းကို ဦးစွာ ခံရကြမည်။ ငါရို့သည် ဦးစွာ တရားစီရင်တော်မူခြင်း ခံရကြလျှင် ဘုရားသခင်၏ သတင်းကောင်းကို မယုံကြည်သောသူတိကား မည်သို့ ဖြစ်လိမ့်မည်နည်း။