2 ဤသို့သော သွန်သင်မှုများကို သူတော်ကောင်းယောင်ဆောင်လျက်ဟိသော လူလိမ်တိအားဖြင့် ပြန့်နှံ့စီကြ၏၊ ထိုသူရို့သည်ကား သံပူခတ်ခြင်း ခံထားရသကဲ့သို့ ခွဲခြားသိမြင်တတ်သော အသိစိတ် ကင်းမဲ့လျက် ဟိကြ၏။
အကြောင်းမူကား မေသျှိယအယောင်ဆောင်တိ၊ ပရောဖက်အယောင်ဆောင်တိ ပေါ်လာ၍ ဖြစ်နိုင်လျှင် ရွီးကောက်ထားသောသူတိကိုပင် လှည့်ဖျားနိုင်ခြင်းငှာ အံ့ဩဖွယ်ရာများ၊ ကြီးမားသောနိမိတ်လက္ခဏာများကို ပြကတ်လိမ့်မည်။
“မိစ္ဆာပရောဖက်တိကို သတိထားကတ်ပါ။ သူရို့သည် အတွင်း၌ ကြမ်းတမ်းသောမြီခွီး ဖြစ်သော်လည်း အပြင်ဖက်က သိုးကဲ့သို့ အယောင်ဆောင်၍ သင်ရို့ပါးကို လာကြလိမ့်မည်။
သင်ရို့အထဲမှ တချို့သော လူတိက လိမ်ဝါပြောဆိုကာ ယုံကြည်သူများကို သူရို့နောက်သို့ ဆွဲဆောင်လားမည့် အချိန်ကာလသည် ရောက်လာလိမ့်မည်။
ထိုသူရို့သည် စိတ်ထဲ၌ ဘုရားသခင်၏ မှန်သော အသိပညာကို လက်မခံကြသောကြောင့် ဘုရားသခင်သည် သူရို့အား မပြုအပ်သော အမှုကို ပြုစီခြင်းငှာ ယုတ်ညံ့သောစိတ်သို့ အပ်လိုက်တော်မူ၏။
အကြောင်းမူကား ဤကဲ့သို့သော အရာများကို လုပ်ဆောင်လျက်ဟိသော သူရို့သည် ငါရို့၏အသျှင် ခရစ်တော်၏အမှုတော်ကို ဆောင်ရွက်နိန်ကြသူများ မဟုတ်ဘဲ၊ မိမိရို့၏အလိုဆန္ဒ ပြည့်ဝစီခြင်းငှာ လုပ်ဆောင်နိန်ကြသော သူများသာ ဖြစ်ကြ၏။ သူရို့သည် ချိုသာသောစကား၊ မြှောက်ပင့်သောစကားဖြင့် ရိုးသားသောသူတိကို လှည့်စားတတ်ကြ၏။
ထို့နောက် ငါရို့သည် ပရိယာယ်ဖြင့် လူရို့ကို လမ်းလွဲအောင် လိမ်လည်ပြောဆိုတတ်သော သူရို့၏ သြဝါဒမှိုင်းများအထဲ၌ လွင့်ပါလားသော အသျှေတိပိုင် ဖြစ်ရမည်မဟုတ်။
သူရို့သည် ရှက်ကြောက်ခြင်းစိတ် လုံးဝမဟိကြသဖြင့် ကာမဂုဏ်လိုက်စားကာ ညစ်ညူးသောအကျင့် အမျိုးမျိုးကို မိမိရို့အလိုဟိသည့်အတိုင်း ပြုကျင့်ကြ၏။
ထိုသူရို့သည် ဘုရားဝတ်၌ မွိ့လျော်ယောင် ဆောင်ကြသော်လည်း ဘုရားသျှင်၏တန်ခိုးတော်ကို ငြင်းပယ်ကြ၏။ ထိုကဲ့သို့သော သူတိကို ယှောင်ယှားလော့။
သူရို့သည် နိမိတ်လက္ခဏာများကို ပြနိုင်သော နတ်မိစ္ဆာများ၏ ဝိညာဉ်များဖြစ်ကြ၏။ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ နိ့ရက်ကြီး၌ စစ်ပွဲဝင်ရန် တစ်လောကလုံးတွင်ဟိသော သျှင်ဘုရင်တိကို စုရုံးခြင်းငှာ သူရို့သည် ထွက်လားကြ၏။