Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ တိမောသေ 4:16 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

16 မိမိကိုယ်ကို လည်းကောင်း၊ မိမိ၏ဆုံးမဩဝါဒကို လည်းကောင်း သတိပြုလော့။ ထိုသို့ပြုလျှင် သင်သည် မိမိကိုလည်းကောင်း၊ မိမိ၏တရားကို ကြားနာကြသော သူအပေါင်းရို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။

Faic an caibideil Dèan lethbhreac




၁ တိမောသေ 4:16
38 Iomraidhean Croise  

“သင်ရို့ကို သင်ရို့ သတိနှင့်နိန်ကြလော့။ လူတချို့က သင်ရို့ကို တရားရုံးသို့ ပို့ဆောင်ကြလိမ့်မည်။ တရားဇရပ်များ၌ သင်ရို့ကို ရိုက်နှက်ကြလိမ့်မည်။ သင်ရို့သည် ငါ့အတွက်ကြောင့် အာဏာပိုင်များနှင့် သျှင်ဘုရင်ရို့၏ရှိ့မှောက်သို့ ရောက်ပြီးလျှင် သတင်းကောင်းဟောပြောရသော အခွင့်ကို ရကြလိမ့်မည်။


“သင်ရို့သည် သောက်စားမူးယစ်ခြင်း၊ လောကီမှုအတွက် စိုးရိမ်ပူပန်ခြင်းများနှင့် အချိန်မကုန်စီရန် သတိနန့် နိန်ကြလော့။ သို့မဟုတ် ငါပြန်ကြွလာမည့် ထိုနိ့ရက်သည် ထောင်ချောက်ပိုင် သင်ရို့ပါးသို့ ရုတ်တရက် ရောက်လာလိမ့်မည်။


သို့ပင်သျှောင် ဘုရားသခင်၏ ကူညီမစခြင်းကို ခံရသောကြောင့် အကျွန်သည် ဤအရပ်၌ အသက်ကြီးသောသူနှင့် ငယ်ရွယ်သောသူ အားလုံးကို သက်သီခံရသော အခွင့်ကို ရဟိခြင်းဖြစ်ပါ၏။ အကျွန်၏ ဟောပြောချက်သည် ဖြစ်ပျက်လာမည့်အကြောင်းနှင့်ပက်သက်၍ မောသျှေနှင့် ပရောဖက်များ ဟောပြောခသည့် အတိုင်းပင်ဖြစ်၏။


ငါရို့ကား ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော် ဟောပြောခြင်း အမှုကိုသာ အစဉ်တစိုက် ဆောင်ရွက်ကြမည်” ဟု ဆို၏။


ငါသည် ငါ၏လူမျိုးရို့ကို မနာလိုစိတ် ဖြစ်လာစီရန် တစ်နည်းနည်းဖြင့် လှုံ့ဆော်၍ တချို့ကို ကယ်တင်ခြင်းရစီခြင်းငှာ မျှော်လင့်၏။


ငါ၏ညီအစ်ကို မောင်နှမရို့၊ သင်ရို့ ခံယူထားသော သြဝါဒတိနှင့် ဆန့်ကျင်လျက် ယုံကြည်ခြင်းကို လွဲမှားစီပြီးလျှင် စိတ်ဝမ်းကွဲပြားအောင် လုပ်ဆောင်လျက်ဟိကြသော သူရို့ကို သတိထားကြလော့။ ထိုသို့သော သူရို့ကို ယှောင်ယှားကြရန် သင်ရို့ကို ငါ တိုက်တွန်းနှိုးဆော်၏။


ကောင်းသောအကျင့်ကို အမြဲကျင့်လျက် ဘုန်းတန်ခိုးတော်နှင့် ဂုဏ်တော်ကို လည်းကောင်း၊ ဖေါက်ပြန် ပျက်စီးခြင်းမဟိသောအသက်ကို လည်းကောင်း ရှာသော သူရို့အား ဘုရားသခင်က ထာဝရအသက်ကို ပီးတော်မူလိမ့်မည်။


အကြောင်းမူကား လူသည် မိမိကိုယ်ပိုင် ဉာဏ်ပညာဖြင့် ဘုရားသခင်အား မသိနိုင်စီခြင်းငှာ ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာတော်ဖြင့် စီရင်တော်မူ၏။ “အချည်းနှီးသော” တရားဖြစ်သည်ဟု လူရို့ထင်မှတ်ထားသော ငါရို့ဟောပြောသော သတင်းကောင်းတရားအားဖြင့် ဘုရားသခင်သည် မိမိအား ယုံကြည်သူရို့ကို ကယ်တင်တော်မူခြင်းငှာ စိတ်ပိုင်းဖြတ်တော်မူလေ၏။


ငါသည် ယုံကြည်ခြင်း အားနည်းသော သူရို့အထဲသို့ ရောက်သောအခါ ထိုသူရို့ကို ရခြင်းငှာ ယုံကြည်ခြင်းအားနည်းသူကဲ့သို့ နီထိုင်၏။ လူအမျိုးမျိုးထဲမှ အချို့သောသူရို့ကို တစ်နည်းနည်းအားဖြင့် ကယ်တင်နိုင်ခြင်းငှာ ငါသည် အမျိုးမျိုးနီထိုင်ခ၏။


ငါသည် သူတစ်ပါးအား ပြိုင်ပွဲဝင်ရန် ခေါ်ခပြီးနောက် မိမိကိုယ်တိုင်ပြိုင်ပွဲ၌ မယှုံးစီခြင်းငှာ ငါ၏ကိုယ်ခန္ဓာကို မာကြောအောင် ထိုးကြိတ်ခြင်းကိုခံ၍ လေ့ကျင့်လေ့ဟိ၏။


ထို့နောက် ငါရို့သည် ပရိယာယ်ဖြင့် လူရို့ကို လမ်းလွဲအောင် လိမ်လည်ပြောဆိုတတ်သော သူရို့၏ သြဝါဒမှိုင်းများအထဲ၌ လွင့်ပါလားသော အသျှေတိပိုင် ဖြစ်ရမည်မဟုတ်။


ပြီးလျှင် “သခင်ဘုရား ပီးအပ်ထားသော အမှုတော်ကို ပြီးမြောက်အောင် ဆောင်ရွက်ပါ” ဟု အာခိပ္ပုအား ပြောပြကြလော့။


တခြားလူမျိုးတိ ကယ်တင်ခြင်းရခြင်းငှာ ငါရို့ဟောပြောသည်ကိုပင် တားဆီးရန် ကြိုးစားကြ၏။ ထိုနည်းအတိုင်း သူရို့သည် မိမိရို့၏အပြစ်များ ပြည့်စုံစီခြင်းငှာ အစဉ်မလပ် ကျူးလွန်လျက်ဟိကြ၏။ သို့ဖြစ်၍ နောက်ဆုံး၌ ဘုရားသခင်၏ အမျက်တော်သည် သူရို့၌ ကျရောက်လေ၏။


ငါသည် မာကေဒေါနိပြည်သို့ လားစဉ်အခါက သင့်ကို ငါ တိုက်တွန်းခသည့်အတိုင်း ဧဖက်မြို့၌ ကျန်နိန်ခရန် အလိုဟိ၏။ အကြောင်းမူကား လူတချို့သည် မှားယွင်းသော အယူဝါဒများကို ဟောပြောသွန်သင်နိန်ကြသည်ဖြစ်၍ သင်သည် ထိုအရာများကို ရပ်တန့်ရန် ပြောကြားရမည်။


လူအပေါင်းရို့က သင်၏တိုးတက်မှုကို တွိ့မြင်ကြစီရန် မိမိကိုယ်ကို ထိုအရာများ၌ ဆက်ကပ်အပ်နှံ၍ ဤတာဝန်များကို လုံ့လစိုက်လော့။


သင်သည် မိမိလိုက်နာသည့် ယုံကြည်ခြင်းတရားတော်နှင့် မှန်ကန်သည့် ဩဝါဒကို သင်ကိုယ်တိုင် စိတ်နှလုံးသွင်း၍ ကျင့်သုံးသကဲ့သို့ ဤညွှန်ကြားချက်များကို ယုံကြည်သူရို့အား ပီးအပ်မည်ဆိုပါက သင်သည် ခရစ်တော်ယေသျှု၏ အစီခံကောင်းတစ်ယောက် ဖြစ်လိမ့်မည်။


ထို့အပြင် ငါသည် ဘုရားသခင်ရွီးချယ်ထားသော သူရို့အကျိုးငှာ အရာရာ၌ သည်းခံရ၏။ အကြောင်းမူကား သူရို့သည် ထာဝရဘုန်းတန်ခိုးတော်နှင့် ပြည့်စုံသည့် ယေသျှုခရစ်တော်၌ဟိသော ကယ်တင်ခြင်းကို ရကြစီခြင်းငှာ ဖြစ်၏။


သို့ရာတွင် သင်သည်ကား မိမိ သင်ယူထားသော သမ္မာတရား၌ မြဲမြံ၍ ခိုင်မာသော ယုံကြည်ခြင်း ဟိလော့။ အကြောင်းမူကား သင်သည် ဇာသူ့ပါးက သင်ယူခသည်ကို သင် သိ၏၊


အခွင့်အခါ ကောင်းသည်ဖြစ်စီ၊ မကောင်းသည်ဖြစ်စီ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်း နှိုးဆော်တိုက်တွန်းခြင်းကို ပြုလော့၊ စည်ရုံးသိမ်းသွင်းခြင်း၊ အပြစ်ကို ဖော်ပြ၍ သွန်သင်ခြင်း၊ တိုက်တွန်းခြင်း၊ စိတ်ရှည်စွာဖြင့် သြဝါဒ ပီးခြင်းကို ပြုလော့။


သူသည် အခြားသူတိအား မှန်ကန်ပြည့်စုံသော သြဝါဒစကားဖြင့် အားပီးတိုက်တွန်းနိုင်ရန်နှင့် ဆန့်ကျင်ပြောဆိုသောသူတိကို ချေပပြောဆိုနိုင်ရန် မိမိသင်ယူထားသည့် သစ္စာနှင့်ပြည့်စုံသော နှုတ်ကပတ်တရားကို ခိုင်မြဲစွာ စွဲကိုင်ထားရမည်။


ဤသည်ကား သင် ဆုံးမသွန်သင်အပ်သော အရာများဖြစ်၏။ သင်သည် အားပီးတိုက်တွန်းသောအခါ၌ ဖြစ်စီ၊ အပြစ်ကို ဖော်ပြ၍ ဆုံးမပဲ့ပြင်သောအခါ၌ ဖြစ်စီ အမိန့်အာဏာအပြည့်ဖြင့် ဟောပြောလော့။ မည်သူမျှ သင့်ကို မထီလေးစား မပြုစီကေ့။


အရာရာ၌ ကောင်းသောအမှုကို ပြုခြင်းအားဖြင့် သူရို့ ရှိ့၌ သင်ကိုယ်တိုင် စံနမူနာ ဖြစ်စီလော့။ သင်၏ဩဝါဒတရားသည် မှန်ကန်ခြင်း၊ တည်ကြည်လေးနက်ခြင်း ဟိစီလော့။


ငါပေါလုသည် ထိုအကြွီးကို ပီးပါမည်ဟု ငါကိုယ်တိုင် လက်ဖြင့် ရီးလိုက်၏။ သင်ကိုယ်တိုင် ငါ့အား ပီးစရာဟိကြောင်း ဖော်ပြရန် မလိုပါ။


ဇာသူမျှ ဘုရားသခင်၏ကျေးဇူးတော်နှင့် မကင်းကွာစီခြင်းငှာ လည်းကောင်း၊ လူအပေါင်းရို့ကို အနှောင့်အယှက်ဖြစ်စီတတ်သည့်အပြင် ညစ်ညူးခြင်းကို ဖြစ်စီတတ်သည့် ခါးသီးသောအမြစ် ထွက်မလာစီခြင်းငှာ လည်းကောင်း သတိပြုကြကုန်အံ့။


အသစ်အဆန်းသော ဩဝါဒအမျိုးမျိုးနောက်သို့ မလိုက်ကတ်ကေ့။ အစားအစာနှင့် ပတ်သက်၍ စည်းမျဉ်းများကို လိုက်နာခြင်းအားဖြင့် မဟုတ်ဘဲ၊ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အတွင်းလူကို ခွန်အားနှင့် ပြည့်စုံစီခြင်းသည် ကောင်းမြတ်ပေ၏။ ထိုစည်းမျဉ်းများသည် လိုက်နာသောသူအား အထောက်အပံ့ မပြုနိုင်။


အပြစ်သားကို သူ၏ လွဲမှားနိန်သောလမ်းမှ ပြန်လည်ခေါ်ဆောင်ပီးသော သူသည် ထိုအပြစ်သား၏ စိတ်ဝိညာဉ်ကို သီခြင်းတရားမှ ကယ်တင်၍ များစွာသော အပြစ်များကို ခွင့်ရွှတ်ခြင်းရစီရန် ပို့ဆောင်ပီးသောသူဖြစ်ကြောင်း သိမှတ်ကြလော့။


Lean sinn:

Sanasan


Sanasan