Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ တိမောသေ 3:16 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

16 ငါရို့၏ဘာသာတရားသည် ဇာလောက်ထိ နက်နဲသည်ကို ဇာသူမျှ မငြင်းနိုင်ပေ၊ ကိုယ်တော်သည် လူသား၏ ပုံသဏ္ဍန်အားဖြင့် ပေါ်ထွန်းတော်မူသည်မှာ ဟုတ်မှန်တော်မူကြောင်းကို ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ၊ ကောင်းကင်တမန်များသည် ကိုယ်တော့်ကို မြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းကို လူမျိုးအပေါင်းရို့အား ဟောပြောကြပြီ၊ လောကီသားရို့သည်လည်း ယုံကြည်ကြပြီ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။

Faic an caibideil Dèan lethbhreac




၁ တိမောသေ 3:16
81 Iomraidhean Croise  

ဗျာဒိတ်တော်သည်ကား “အပျိုစင်တစ်ယောက်သည် ပဋိသန္ဓေတည်၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်၊ ထိုသားကို ဧမာနွေလဟူ၍ အမည်မှည့်ရလိမ့်မည်” ဟု လာသတည်း (ဧမာနွေလ၏အဓိပ္ပာယ်ကား “ငါရို့နှင့်အတူဟိသော ဘုရားသခင်” ဖြစ်၏)။


ယေသျှုကလည်း “သင်ရို့သည် ကောင်းကင်နိုင်ငံတော်နှင့် ပတ်သက်သော နက်နဲခက်ခဲသည့် လျှို့ဝှက်ချက်တိကို သိရသောအခွင့်ဟိကြသော်လည်း ထိုသူရို့မူကား သိခွင့်မဟိကြ။


ထိုနီရာ၌ ပြင်းထန်သော မြီငလျင်တစ်ခု လှုပ်လေ၏။ အကြောင်းမူကား ထာဝရဘုရား၏ကောင်းကင်တမန် တစ်ပါးသည် ကောင်းကင်မှ ဆင်းလာ၍ သင်္ချိုင်းဂူ၌ ပိတ်ထားသော ကျောက်တုံးကို လှိမ့်ဖယ်၍ ထိုကျောက်တုံးထက်တွင် ထိုင်လေ၏။


ယေသျှုသည် ဗတ္တိဇံကို ခံယူပြီး၊ ရီထဲမှ ထလာစဉ်တွင် ကောင်းကင်ဖွင့်လှစ်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် မိမိအထက်၌ ဂြိုးငှက်ကဲ့သို့ ဆင်းသက်လာသည်ကို ကိုယ်တော်သည် မြင်လေ၏။


ထို့နောက် မာရ်နတ်သည် ယေသျှုထံပါးမှ ထွက်လားလေ၏။ ထိုအခါ ကောင်းကင်တမန်တိ ရောက်လာ၍ ကိုယ်တော်အား ပြုစုကြလေ၏။


ထိုအရပ်၌ စာတန်မာရ်နတ်သည် ယေသျှုအား ရက်ပေါင်းလေးဆယ်ပတ်လုံး စုံစမ်းသွီးဆောင်တော်မူ၏။ ထိုအရပ်၌ သားရဲတိရစ္ဆာန်တိလည်း ဟိ၏၊ သို့သော် ကောင်းကင်တမန်ရို့သည် ထိုအသျှင်အား စောင့်ရှောက်တော်မူ၏။


ထိုသို့ တပည့်တော်ရို့အား မိန့်တော်မူပြီးသောအခါ အသျှင်ယေသျှုသည် ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီး၊ ဘုရားသခင်၏ လက်ယာတော်ဖက်၌ ထိုင်နိန်တော်မူ၏။


ထိုမိန်းမရို့သည် ဂူထဲသို့ ဝင်ကြလျှင် ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော လုလင်တစ်ယောက်သည် လက်ယာဖက်၌ ထိုင်နိန်သည်ကို မြင်ကြသဖြင့် — ကြောက်လန့်ကြ၏။


ဒါဝိဒ်သည် မေသျှိယအား၊ ‘အသျှင်’ ဟုခေါ်လျှင် ဇာကြောင့် မေသျှိယသည် ဒါဝိဒ်၏သား ဖြစ်နိုင်မည်နည်း” ဟု မိန်းတော်မူ၏။


ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော့်ကို အားပီးလေ၏။


ထိုအခြင်းအရာတိကို တွေးမရဖြစ်နိန်ကြစဉ် တောက်ပသည့်ဝတ်ရုံကို ဝတ်ထားသော လူနှစ်ယောက်သည် ရုတ်တရက်ပေါ်လာ သူရို့အနား၌ ရပ်နိန်၏။


ဤသို့ ကောင်းကြီးပီးတော်မူစဉ် ကိုယ်တော်သည် တပည့်တော်ရို့ပါးမှ ခွာလျက် ကောင်းကင်သို့ ချီဆောင်ခြင်းကို ခံတော်မူ၏။


နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါရို့တွင် နီထိုင်တော်မူ၏။ ငါရို့သည် ထိုသူ၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတန်ခိုးတော်ကား ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းတန်ခိုးတော်ကဲ့သို့ ဖြစ်၏။


ခမည်းတော်သည် မိမိအား အလုံးစုံသောတန်ခိုး အပ်တော်မူထားသည်ကို လည်းကောင်း၊ မိမိသည် ဘုရားသခင်ထံပါးမှ ကြွလာ၍ ဘုရားသခင်ထံတော်ပါးသို့ ပြန်ကြွလားမည်ကို လည်းကောင်း သိတော်မူ၏။


“ခမည်းတော်ထံပါးက လာသည့် ဘုရားသခင်နှင့် ပတ်သက်၍ သမ္မာတရားကို ထုတ်ဖော်ပြောကြားသော ဝိညာဉ်တော်တည်းဟူသော ကူညီမစသောသူသည် ရောက်လာလိမ့်မည်။ ထိုဝိညာဉ်တော်ကို ခမည်းတော်ထံမှ သင်ရို့ပါးသို့ ငါရွှတ်လိုက်သည်ဖြစ်၍ သူသည် ငါ့အကြာင်းကို ပြောပြလိမ့်မည်။


ငါသည် ခမည်းတော်ထံပါးမှ ဤလောကသို့ ဆင်းလာခြင်းဖြစ်၏၊ ယခုအချိန်၌ ငါသည် ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံပါးသို့ ပြန်လားရမည်” ဟု ဆို၏။


အို အဖ၊ ဤကမ္ဘာ မတည်ခင်ကပင် ကိုယ်တော်နှင့်အတူ ဟိခဖူးသော ဘုန်းတော်ကို အဂု ကိုယ်တော်၏ မျက်မှောက်တော်၌ အကျွန်အား ထင်ရှားစီတော်မူပါ။


အဖြူရောင်ဝတ်ထားသော ကောင်းကင်တမန်နှစ်ပါးသည် ယေသျှု အလောင်းထားသည့်နီရာ၏ ဂေါင်းရင်း၌ တစ်ပါး၊ ခြီရင်း၌တစ်ပါး ထိုင်လျက် ဟိကြသည်ကို မြင်၏။


လူသားသည် မိမိ၏ အယင်နီရာသို့ တက်ကြွလားသည်ကို သင်ရို့မြင်တွိ့လျှင် ဇာပိုင် ထင်မှတ်ကြမည်နည်း။


ယေရုဆလင်မြို့၌ နီထိုင်သမျှသောသူ အပေါင်းရို့သည် ထိုအကြောင်းကို ကြား၍ ထိုမြီကွက်ကို မိမိရို့ ဘာသာစကားဖြင့် အကေလဒမဟု ခေါ်ဆိုကြ၏။ ၎င်း၏အနက်ကား “သွီးမြီ” ဟူ၍ ဖြစ်၏။


ပေတရုက စတင်၍ ဟောပြောသည်မှာ၊ “အကယ်စင်စစ် ဘုရားသခင်သည် လူတိုင်းကို အဆင့်အတန်းမခွဲခြားဘဲ တန်းတူ ဆက်ဆံတော်မူကြောင်းကို အကျွန်သည် ယခုမှ သဘောပေါက်လာ၏။


သူရို့သည် အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ အသင်းတော်၌ ဟိသောသူတိကို အတူတကွ စုဝေး၍ ဘုရားသခင်သည် သူရို့နှင့်အတူ ပြုတော်မူခသော အမှုအရာတိကိုလည်းကောင်း၊ လူမျိုးခြားတိ ယုံကြည်လာကြစီရန် ဘုရားသခင်က ဇာပိုင် လမ်းဖွင့်ပီးခသည်ကို လည်းကောင်း သူရို့အား ပြောပြကြ၏။


ထို့ကြောင့် သင်ရို့သည် မိမိကိုယ်ကိုလည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော် ပီးထားသော သိုးစုရို့ကို လည်းကောင်း ကြည့်ရှုစောင့်ရှောက်ကြလော့။ ဘုရားသခင့် အသင်းတော်၏ သိုးထိန်းများ ဖြစ်စီကြလော့။ ထိုအသင်းတော်မူကား ဘုရားသခင်သည် မိမိသားတော်၏ အသွီးတော်အားဖြင့် မိမိပိုင်ဆိုင်ရာ အသင်းတော် ဖြစ်စီ၏။


ယုဒလူမျိုး၊ တခြားလူမျိုးဟူ၍ ခွဲခြားမှုမဟိ၊ ဘုရားသခင်သည် လူအားလုံး၏အသျှင်သခင် ဖြစ်တော်မူ၍ ကိုယ်တော်၌ ဆုတောင်းသမျှ သောသူတိအား ကောင်းကြီးမင်္ဂလာများကို ကြွယ်ဝစွာ ချပီးတော်မူ၏။


သို့ရာတွင် လူအပေါင်းရို့သည် သတင်းကောင်းတရားကို မကြားရခသည်မှာ အမှန်ပင်ဖြစ်သလားဟု ငါမိန်းလို၏။ သူရို့သည် ကြားနာခွင့်ကို အမှန်ပင် ရကြ၏ — ကျမ်းစာတော်က “သတင်းကောင်းတရားကို ဟောပြောသူရို့၏ အသံသည် မြီကြီးတပြင်လုံးသို့ ပြန့်နှံ့လား၏။ သူရို့၏တရားစကားများသည် ကမ္ဘာ အဆုံးတိုင်အောင် ရောက်လား၏” ဟု ဆိုထား၏။


ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို ငါရို့ ထောမနာပြုကြကုန်အံ့။ အကြောင်းမူကား ငါရို့ ဟောပြောသော ယေသျှုခရစ်တော်၏ သတင်းကောင်းအားဖြင့် လည်းကောင်း၊ လွန်ခသော အချိန်ကာလများစွာကပင် ကွယ်ဝှက်ထားခသည့် နက်နဲသော သမ္မာတရားကို ဖွင့်ပြခြင်းအားဖြင့် လည်းကောင်း ကိုယ်တော်သည် သင်ရို့အား မိမိရို့၏ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ခြင်းငှာ မစနိုင်တော်မူ၏။


သို့ရာတွင် ယခုအခါ၌ ထိုသမ္မာတရားသည် ပရောဖက်များ ရီးထားခသည်နှင့်အညီ ပေါ်ထွန်းခပြီးဖြစ်၏။ လူသားအားလုံးသည် ဘုရားသခင်ကို ယုံကြည်၍ နှုတ်ကပတ်တော်ကို နာခံလာကြရန် ထာဝရဘုရားသခင်၏ အမိန့်တော်အားဖြင့် ထိုသမ္မာတရားကို လူမျိုးအပေါင်းရို့အား ကြားသိစီတော်မူလေပြီ။


လုံးဝ မဆိုနိုင်ပါ။ လူတိုင်းသည် မုသာတရား၌ ကျင်လည်နိန်ကြသော်လည်း ဘုရားသခင်၏သစ္စာတော်သည် အစဉ်အမြဲ တည်တော်မူ၏။ သို့ဖြစ်၍ ကျမ်းစာလာသည်ကား၊ “ကိုယ်တော်သည် မိန့်တော်မူသောအခါ ဖြောင့်မတ်ကြောင်းကို ပြတော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်သည် တရားစီရင်ခြင်းကို ရင်ဆိုင်သောအခါ မိမိအမှု၌ အောင်မြင်တော်မူ၏” ဟူ၍ ဖြစ်၏။


လူ့ဇာတိသည် အားနည်းသောကြောင့် ပညတ်တရား မတတ်နိုင်သောအမှုကို ဘုရားသခင် ပြုတော်မူခြင်းဖြစ်၏။ ဘုရားသခင်သည် မိမိ၏သားတော်ကို လူ့ဇာတိကိုဆောင်၍ စီရွှတ်လိုက်ကာ ထိုသားတော်အားဖြင့် အသွီးအသား၌ဟိသော အပြစ်ကို ဒဏ်ခတ်တော်မူလေ၏။


သူရို့သည် ထင်ရှားသောဟေဗြဲမျိုးနွယ်မှ ဆင်းသက်လာကြ၏။ ခရစ်တော်သည်လည်း လူ့ဇာတိအားဖြင့် သူရို့ထဲမှ ပေါ်ထွန်းလာတော်မူ၏။ ထိုအသျှင်သည် အရာခပ်သိမ်းကို အုပ်စိုးတော်မူ၍ ထာဝရချီးမွမ်းထိုက်တော်မူသော ဘုရားသခင် ဖြစ်တော်မူ၏။ အာမင်။


ပထမလူအာဒံသည် မြီကြီးမှ ဖန်ဆင်းထားသောသူဖြစ်၏။ ဒုတိယလူမူကား ကောင်းကင်ဘုံမှ လာသောသူဖြစ်၏။


ငါဟောပြောသော ပညာသည်ကား ဘုရားသခင်၏ ကွယ်ဝှက်ထားသော အရာဖြစ်၏။ ဘုရားသခင်သည် ဤလောကကို ဖန်ဆင်းတော်မမူမီကပင် ထိုဉာဏ်ပညာကို ငါရို့၏ ဘုန်းတန်ခိုးအတွက် ကြိုတင်သတ်မှတ်ထားတော်မူ၏။


အကြောင်းမူကား၊ ငါမှစ၍ သိလွာနုနှင့် တိမောသေရို့ သည် သင်ရို့အား ဟောပြောခသော ဘုရားသခင်၏သားတော် ယေသျှုခရစ်တော်သည် “ဟုတ်မှန်၏” “မဟုတ်မှန်၏” ဟူ၍ ပြောသော သခင်မဟုတ်၊ အမြဲတမ်း ဟုတ်မှန်သော သခင်ဖြစ်တော်မူ၏။


ဇာကြောင့်ဆိုသော် ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ပေတရုအား ယုဒလူမျိုးတိအတွက် တမန်တော်အဖြစ် ခန့်ထားတော်မူသကဲ့သို့ ငါ့ကိုလည်း အခြားလူမျိုးတိအတွက် တမန်တော်အဖြစ် ခန့်ထားတော်မူသောကြောင့် ဖြစ်၏။


သို့ရာတွင် နောက်ဆုံး၌ အချိန်တန်သောအခါ ဘုရားသခင်သည် မိမိ၏သားတော်ကို စီရွှတ်တော်မူ၏။ ထိုသားတော်သည် လူမိခင်မှ မွီးဖွားလျက် ပညတ်တရားအောက်၌ ပေါ်ထွန်းတော်မူ၏။


မိမိရည်ရွယ်ချက်အတိုင်း ပြုတော်မူသည်ဖြစ်၍ ခရစ်တော်၌ နက်နဲသောအကြံအစည်တော်ကို ငါရို့အား သိစီတော်မူ၏။


ငါသည် တရားစကားကို ဟောပြောသောအခါ ဘုရားသခင်သည် ထိုဧဝံဂေလိတရား၏ နက်နဲသောအရာကို သိနားလည်ပြီး ရဲရင့်စွာ ဟောပြောနိုင်ရန် ငါ့အဖို့လည်း ဆုတောင်းပီးကြလော့။


သို့ရာတွင် သင်ရို့ ကြားသိရသည့် သတင်းကောင်း၏ မျှော်လင့်ခြင်းမှ သင်ရို့သည် မယိမ်းမယိုင်စီဘဲ ခိုင်မြဲစွာ အုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍ တည်နိန်ကြရမည်။ ထိုသတင်းကောင်းကို မြီကြီးထက်၌ဟိသော လောကီသားတိုင်းအား ဟောပြောနိန်သည်ဖြစ်၍ ငါပေါလုသည် ထိုသတင်းကောင်းအတွက် အခိုင်းအစီ ဖြစ်လာ၏။


ဘုရားသခင်သည် လူမျိုးအပေါင်းရို့အတွက် ဘုန်းတော်နှင့် ပြည့်စုံသည့် လျှို့ဝှက်နက်နဲသောအရာကို မိမိလူစုတော်အား သိစီရန် အလိုတော် ဟိတော်မူ၏။ ထိုလျှို့ဝှက်နက်နဲသောအရာကား ခရစ်တော်သည် သင်ရို့အထဲ၌ ကျိန်းဝပ်နိန်ခြင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် သင်ရို့သည် ဘုရားသခင်၏ ဘုန်းတော်ကို မျှော်လင့်ရမည် အကြောင်းဖြစ်၏။


သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်အကြောင်းကို ပထမဆုံး ကြားရပြီးသည့်နိ့မှစ၍ ထိုကျေးဇူးတော်ကို အမှန်သိမြင်လာသည်နှင့်အမျှ သင်ရို့ပါးသို့ ရောက်လာ၏။ ထိုနည်းတူ ထိုသတင်းကောင်းသည် ကောင်းကြီးမင်္ဂလာကို ယူဆောင်၍ ကမ္ဘာမြီတစ်ခုလုံးသို့ ပျံ့နှံ့လျက်ဟိ၏။


ငါ၏ရည်ရွယ်ချက်မှာ သူရို့၏စိတ်နှလုံးကို အားပီးတိုက်တွန်းရန်နှင့် သူရို့ကို ချစ်ခြင်းမေတ္တာ၌ တည်စီခြင်းငှာ ဖြစ်၏။ အကြောင်းမူကား ခရစ်တော်ကိုယ်တိုင်ပင် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာ ဖြစ်သည်ကို သူရို့ သိမြင်လာကြရန် ကြွယ်ဝပြည့်စုံသော ဉာဏ်ပညာနှင့် ပြည့်ဝစုံလင်စီခြင်းငှာ ဖြစ်၏။


ထိုနိ့၌ ကိုယ်တော်သည် မိမိ၏ သန့်ယှင်းသောသူများအားဖြင့် ဘုန်းတော် ထင်ရှားရန်နှင့် ယုံကြည်သောသူအပေါင်းရို့၏ အံ့ဩချီးမွမ်းခြင်းကို ခံယူရန် ကြွလာတော်မူလိမ့်မည်။ ငါရို့ ဟောပြော သက်သီခံချက်ကို သင်ရို့သည်လည်း ယုံကြည်ကြသောကြောင့် ထိုသူရို့၌ အပါအဝင်ဖြစ်ကြ၏။


အကြောင်းမူကား လျှို့ဝှက်ထားသည့် ထိုမတရားသောအရာသည် လှုပ်ယှားလျက်ဟိ၏။ သို့သော်လည်း ထိုအမှုကို အဂု ဟန့်တားထားသောသူသည် မိမိဖယ်ယှားခြင်းကို ခံရသည်အချိန် ရောက်သည့်တိုင်အောင် ဆီးတားနိန်လိမ့်မည်။


သူရို့သည် ကြည်လင်သန့်ယှင်းသော အသိစိတ်ဖြင့် ယုံကြည်မှုဆိုင်ရာ နက်နဲသော သမ္မာတရားများကို လက်ခံထားသောသူတိ ဖြစ်ရမည်။


သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထွန်းတောက်စီတော်မူပြီး တိကျမှန်ကန်သော ဘုရားသခင်၏ဇာတိတော် ဖြစ်၏။ မိမိ၏တန်ခိုးနှင့် ပြည့်စုံတော်မူသော နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို တည်စီတော်မူ၏။ လူသားတိကို အပြစ်မှ လွတ်မြောက်ရန် ဆောင်ရွက်ပီးပြီးနောက် ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာတော်ဖက်တွင် ထိုင်တော်မူ၏။


ငါရို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စီ၍ အဆုံးတိုင်အောင် စုံလင်စီတော်မူသော အသျှင်ယေသျှုကို စိ့စိ့ထောက်ရှုကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်သည် မိမိအဖို့ ပျင်ဆင်ထားသော ဝမ်းမြောက်ဖွယ်ရာအကြောင်းကြောင့် ရှက်ကြောက်ဖွယ်အမှုကို မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင်၌ အသီခံတော်မူပြီးလျှင် ဘုရားသခင်ပလ္လင်တော်၏ လက်ယာဖက်၌ ထိုင်တော်မူလေ၏။


ကောင်းကြီးပီးသောသူသည် ကောင်းကြီးပီးခြင်းကို ခံရသောသူထက် သာ၍ ကြီးမြတ်သည်မှာ သံသယဖြစ်ဖွယ်မဟိပေ။


ငါရို့ ပြောဆိုနိန်ကြသည့် အဓိကအချက်မှာ ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ ပလ္လင်တော် လက်ယာဖက်တွင် ထိုင်နိန်တော်မူသော ယဇ်ပုရောဟိတ်မင်း တစ်ပါးသည် ငါရို့၌ ဟိနိန်သည်ဟူသော အကြောင်းပင် ဖြစ်၏။


ထိုပရောဖက်ရို့ပြုခသည့် အရာများသည် သူရို့ကိုယ်ကျိုးအတွက်မဟုတ်ဘဲ သင်ရို့အဖို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းကို သင်ရို့အား ဘုရားသခင် ဖော်ပြတော်မူပေ၏။ အဂု ထိုအရာများသည် ကောင်းကင်ဘုံမှ စီရွှတ်ခြင်းခံရသော သန့်ယှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ဟောပြောသောသူတိမှတစ်ဆင့် သင်ရို့ကြားရသော သတင်းကောင်းတရားပင် ဖြစ်၏။ ထိုအကြောင်းအရာများကို ကောင်းကင်တမန်တိပင်လျှင် နားလည်ရန် အလိုဟိကြ၏။


ဤကမ္ဘာ မတည်မဟိခင်ကပင် ကိုယ်တော်အား ဘုရားသခင် ရွီးချယ်တော်မူပြီးလျှင်၊ ဤနောက်ဆုံးသော အချိန်ကာလများ၌ သင်ရို့၏ အကျိုးအလို့ငှာ ပေါ်ထွန်းစီတော်မူခ၏။


ကိုယ်တော်အား သီခြင်းတရားမှ ရှင်ပြန်ထမြောက်စီ၍ ဘုန်းတော် ထွန်းတောက်စီတော်မူသော ဘုရားသခင်ကို ကိုယ်တော်အားဖြင့် သင်ရို့သည် ယုံကြည်ကြ၏။ သို့ဖြစ်၍ သင်ရို့သည် ဘုရားသခင်ကို အမှီပြုလျက် ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်း ဟိကြ၏။


ဇာကြောင့်ဆိုသော် မဖြောင့်မတ်သောသူတည်းဟူသော သင်ရို့အားလုံးကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပီးခြင်းငှာ ဖြောင့်မတ်သောသူတည်းဟူသော ခရစ်တော်သည် ငါရို့အပြစ်တိအတွက် တစ်ကြိမ်တည်းနှင့်အပြီး အသီခံတော်မူခ သောကြောင့် ဖြစ်၏။ ကိုယ်တော်သည် ကိုယ်ကာယအားဖြင့် အသီသတ်ခြင်းကို ခံရသော်လည်း ဝိညာဉ်တော်အားဖြင့် အသက်ရှင်လျက် ဟိတော်မူ၏။


ထိုအသျှင်သည် ကောင်းကင်ဘုံသို့ ကြွတော်မူသည်ဖြစ်၍ ဘုရားသခင်၏ လက်ယာတော်ဖက်၌ ဟိတော်မူပြီးလျှင် ကောင်းကင်တမန်များ၊ အာဏာစက်များနှင့် တန်ခိုးသျှင်များကို အုပ်စိုး၍ နိန်တော်မူ၏။


ထိုအသက် ထင်ရှားခသည်ကို ငါရို့သည် မြင်ခရ၏။ ထို့ကြောင့် ခမည်းတော်နှင့်အတူ ဟိတော်မူခသည့် ထာဝရအသက်အကြောင်းကို ငါရို့အား ဖော်ပြတော်မူခသည်ဖြစ်၍ ငါရို့သည် သင်ရို့အား သက်သီခံလျှက် ဟောပြောကြ၏။


ခရစ်တော်သည် ငါရို့၏ အပြစ်များကို ယူဆောင်လားရန် ပေါ်ထွန်းတော်မူကြောင်းကို သင်ရို့ သိကြ၏။ ကိုယ်တော်၌ကား မည်သည့် အပြစ်မျှမဟိ။


မာရ်နတ်သည် အစကတည်းကပင် အပြစ်ပြုသောသူ ဖြစ်သောကြောင့် အပြစ်ကိုပြုသောသူသည် မာရ်နတ်နှင့် သက်ဆိုင်သောသူ ဖြစ်၏။ ဘုရားသခင်၏သားတော် ပေါ်ထွန်းတော်မူရသည့် အကြောင်းမှာ မာရ်နတ်ပြုခသည့်အမှုကို ဖျက်ဆီးခြင်းငှာ ဖြစ်၏။


သူမ၏ နဖူးထက်တွင် “ပြည့်တန်ဆာအပေါင်းနှင့် လောက၌ စက်ဆုပ်ဖွယ်ရာများ၏ မိခင်၊ ဗာဗုလုန်မြို့ကြီး” ဟူ၍ အနက်ဟိသော နာမကို ရီးထိုးထား၏။


ကောင်းကင်တမန်က “ဇာကြောင့် အံ့သြသနည်း” ဟု ငါ့ကို မိန်းလေ၏။ “ထိုမိန်းမ၏ လျှို့ဝှက်သည့် အနက်အဓိပ္ပာယ်ကို လည်းကောင်း၊ သူမစီးနိန်သော ဦးဂေါင်းခုနစ်လုံးနှင့် ဂြိုဆယ်ချောင်းဟိသည့် သားရဲ၏လျှို့ဝှက်သည့် အနက်အဓိပ္ပာယ်ကို လည်းကောင်း ငါပြောပြမည်။


ထို့နောက် ငါ ကြည့်လိုက်သောအခါ ဇာသူမျှ မရွီတွက်နိုင်သော လူအုပ်ကြီးကို တွိ့ရ၏။ သူရို့သည် ဘာသာစကား အမျိုးမျိုးကို ပြောဆိုသော တိုင်းနိုင်ငံအသီးသီး၊ ခပ်သိမ်းသော လူမျိုးအနွယ်အသီးသီးမှ လာကြသောသူတိ ဖြစ်ကြ၏။ သူရို့သည် ဝတ်လုံဖြူတိကို ဝတ်ပြီး စွန်ပလွံခက်တိကို ကိုင်ကာ ပလ္လင်တော်နှင့် သိုးသူငယ်တော်၏ ရှိ့၌ ရပ်နိန်ကြ၏။


Lean sinn:

Sanasan


Sanasan