Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ တိမောသေ 2:3 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

3 ဤအမှုသည် ကောင်းမြတ်၍ ငါရို့၏ ကယ်တင်သျှင် ဘုရားသခင် နှစ်သက်တော်မူသောအမှုလည်း ဖြစ်၏။

Faic an caibideil Dèan lethbhreac




၁ တိမောသေ 2:3
16 Iomraidhean Croise  

ငါ၏ကယ်တင်သျှင် ဘုရားသခင်ကြောင့် ငါ၏စိတ်ဝိညာဉ်သည် ဝမ်းမြောက်ရွှင်လန်းပါ၏။


ဤသို့ဖြင့် ခရစ်တော်၏အမှုကို ဆောင်ရွက်သောသူအား ဘုရားသခင် နှစ်သက်တော်မူသည့်အပြင် လူတိလည်း သဘောကျကြ၏။


ထို့နောက် ဘုရားသခင်၏ ဘုန်းတော် ထွန်းတောက်စီရန်နှင့် ချီးမွမ်းကြစီရန် ယေသျှုခရစ်တော်အားဖြင့်သာ ဖြောင့်မတ်ခြင်းအသီးနှင့် ပြည့်စုံလိမ့်မည်။


သင်ရို့ ပို့လိုက်သော အလှူပစ္စည်းအားလုံးကို ဧပဖြောဒိတ်သည် ယူလာသဖြင့် ငါလိုသမျှကို ရဟိခ၍ ကြွယ်ဝလျက်ဟိ၏။ ထိုအရာများသည် မွှီးကြိုင်သော ပူဇော်သကာ၊ ဘုရားသခင် နှစ်သက်တော်မူသော ယဇ်ကဲ့သို့ဖြစ်၏။


သို့မှသာ အစဉ်မလပ် သခင်ဘုရား နှစ်သက်စီရန်နှင့် အလိုတော်အတိုင်း အသက်ရှင်နိုင်ကြစီရန် သင်ရို့ ပြုမူကျင့်ကြံ နိုင်ကြလိမ့်မည်။ ထိုသို့ပြုမူကျင့်ကြံခြင်းအားဖြင့် သင်ရို့သည် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသော အသီးများကိုသီးကာ ဘုရားသခင်ကို သိကျွမ်းခြင်း၌ တိုးပွားလာလိမ့်မည်။


နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို ဘုရားသခင် နှစ်သက်တော်မူစီရန် မည်သို့ အသက်ရှင်နီထိုင်ရမည်ကို သင်ရို့အား ငါရို့ သွန်သင်ပြီး ဖြစ်၏။ သင်ရို့သည် ငါရို့ သွန်သင်ခသည်အတိုင်း အသက်ရှင်နီထိုင်ကြ၏။ အဂုတွင် ပို၍ ကြိုးစားအားထုတ်ကြရန် ငါရို့သည် အသျှင်ယေသျှု၏ နာမတော်၌ သင်ရို့အား တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။


ငါရို့၏ ကယ်တင်သျှင် ဘုရားသခင်နှင့် ငါရို့၏မျှော်လင့်ရာဖြစ်သော ခရစ်တော်ယေသျှု၏ အမိန့်တော်အားဖြင့် ခန့်အပ်ခြင်းခံရသော ခရစ်တော်ယေသျှု၏တမန်တော် တစ်ပါးဖြစ်သည့် ငါ ပေါလု ပါးမှ —


ငါရို့သည် ကြိုးစားအားထုတ်၍ ရုန်းကန်ကြရ၏။ အကြောင်းမူကား လူသားအားလုံး၏ကယ်တင်သျှင်၊ အထူးသဖြင့် ယုံကြည်သောသူရို့၏ကယ်တင်သျှင် ဖြစ်တော်မူသည့် အသက်ရှင်တော်မူသော ဘုရားသခင်၌ မျှော်လင့်ထားသောကြောင့် ဖြစ်၏။


သို့ရာတွင် မုဆိုးမတစ်ယောက်၌ သားသမီး သို့မဟုတ် မြီးဟိလျှင် မိမိရို့၏ဘာသာရေးဆိုင်ရာ တာဝန်ဝတ္တရားများကို မိမိရို့၏မိသားစု၌ ဆောင်ရွက်ပီးစီခြင်းငှာလည်းကောင်း၊ မိမိရို့ငယ်စဉ်က ပြုစုခသော မိဖနှင့် အဖိုး အဘောင်တိကို ကျေးဇူးဆပ်ခြင်းဆိုင်ရာများကို လည်းကောင်း ထိုသူရို့အား ဦးစွာ သင်ပီးရမည်။ ဤကား ဘုရားသခင် နှစ်သက်တော်မူရာဖြစ်၏။


ကိုယ်တော်သည် ငါရို့ကို ကယ်တင်တော်မူ၍ မိမိ၏လူစုထဲသို့ ခေါ်သွင်းတော်မူ၏။ ငါရို့၏လုပ်ဆောင်ခြင်းကြောင့်မဟုတ်၊ ကိုယ်တော်၏ရည်ရွယ်ချက်နှင့် ကျေးဇူးတော်ကြောင့်ဖြစ်၏။ ကိုယ်တော်သည် ရှိ့ကာလ မတည်မှီကပင် ဤကျေးဇူးတော်ကို ခရစ်တော်ယေသျှုအားဖြင့် ငါရို့အား ပီးထားတော်၏။


ထို့ကြောင့် ကောင်းသောအမှုကို ပြုခြင်းငှာ လည်းကောင်း၊ သူတစ်ပါးကို ပီးကမ်းခြင်းငှာ လည်းကောင်း မမိ့ကတ်ကေ့။ အကြောင်းမူကား ထိုသို့သော ပူဇော်သကာယဇ်များကို ဘုရားသခင်သည် နှစ်သက်တော်မူ၏။


သင်ရို့သည် ပြုမိသည့် အမှားများအတွက် ရိုက်နှက်ခံရသောအခါ သည်းခံကြလျှင် မည်သို့ ချီးမွမ်းစရာ ဟိကြမည်နည်း။ သို့ရာတွင် ကောင်းသောအမှုကိုပြု၍ ဒုက္ခဝေဒနာကို ခံရကြသောအခါ သည်းခံကြလျှင်မူကား ဘုရားသခင်သည် သင်ရို့အား ကျေးဇူးပြုတော်မူလိမ့်မည်။


ဝိညာဉ်ဆိုင်ရာ ဗိမာန်တော် တည်ဆောက်ခြင်း၌ သင်ရို့ကိုယ်တိုင်သည်လည်း အသက်ရှင်သော ကျောက်အဖြစ်နန့် အသုံးတော် ခံကြလော့။ ထိုဗိမာန်တော်တွင် သင်ရို့သည် ယေသျှုခရစ်အားဖြင့် ဘုရားသခင် နှစ်သက်တော်မူသော ဝိညာဉ်ဆိုင်ရာ ယဇ်ကို ပူဇော်ခြင်းငှာ သန့်ယှင်းသော ယဇ်ပုရောဟိတ်များကဲ့သို့ ဆောင်ရွက်ကြလိမ့်မည်။


Lean sinn:

Sanasan


Sanasan