Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ သက်သာလောနိတ် 4:3 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

3 ဘုရားသခင်သည် သင်ရို့ကို သန့်ယှင်းစီရန်နှင့် ကာမဂုဏ်လိုက်စားခြင်းမှ လုံးဝ လွတ်ကင်းစီရန် အလိုဟိတော်မူ၏။

Faic an caibideil Dèan lethbhreac




၁ သက်သာလောနိတ် 4:3
47 Iomraidhean Croise  

ကောင်းကင်ဘုံသျှင် ငါ့အဖ၏ အလိုတော်ကို လုပ်ဆောင်သောသူသည် ငါ့အမိ၊ ငါ့ညီအစ်ကိုနှင့် ငါ့ညီမဖြစ်ကြ၏” ဟု မိန့်တော်မူ၏။


အဘယ်ကြောင့်ဆိုသော်၊ လူအသက်ကို သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မတရားသောမေထုန်မှီဝဲခြင်း၊ သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၊ မမှန်သောသက်သီခံခြင်း၊ သူတစ်ပါးကို အတင်းပြောခြင်း စသောအရာတိကို ပြုခြင်းငှာ ထိုသူအား ဦးဆောင်နိန်သော မကောင်းသည့် အကြံအစည်များမှာ စိတ်နှလုံးထဲမှ ထွက်လာကြခြင်းဖြစ်၏။


သို့သော်၊ အဂုသင်ရို့ကို ငါ ဆိုလိုသည်ကား၊ ဖောက်ပြန်တတ်သော မိန်းမကလွဲ၍ ဇာအကြောင်းနှင့်မဆို မိမိမယားကို ကွာသောသူသည် မိမိမယားကို ပြစ်မှားခြင်းဖြစ်၏။ လင်ကွာထားသောမိန်းမနှင့် ပေါင်သင်းသော ယောက်ျားသည်လည်း သူတစ်ပါးမယားကို ပြစ်မှားခြင်းဖြစ်၏။


“ငါ့ကို ‘အသျှင်ဘုရား၊ အသျှင်ဘုရား’ ဟု ခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံသို့ ဝင်ရလိမ့်မည်မဟုတ်။ သို့သော် ကောင်းကင်ဘုံသျှင် ငါ့အဖ၏ အလိုတော်အတိုင်း လုပ်ဆောင်သော သူရို့သာလျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်။


ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူ မှန်သမျှသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်၏” ဟု မိန့်တော်မူ၏။


ယေသျှုလည်း “ငါ၏ စားစရာကား၊ ငါ့ကို စီရွှတ်သော အသျှင်၏အလိုတော်ကို နာခံခြင်းနှင့် ထိုအသျှင်က ငါ့ကို ပီးအပ်ထားသော လုပ်ငန်းတာဝန်ကို ပြီးစီးအောင် လုပ်ဆောင်ခြင်းပင် ဖြစ်၏။


ဘုရားသခင်၏အလိုကို လိုက်လျှောက်လိုသော သူရို့မူကား၊ ငါဟောပြောသောတရားသည် ဘုရားသခင်၏ တရားဖြစ်သလော၊ သို့မဟုတ် ငါ၏ တရားဖြစ်သလော ဟူ၍ ခွဲခြားသိမြင်ကြလိမ့်မည်။


ဤသို့ ပြောမည့်အစား၊ ရုပ်တုဆင်းထုတိကို ပူဇော်ပသထားသည့် မစင်ကြယ်သော အစားအစာတိကို လည်းကောင်း၊ မတရားသောမေထုန်လွန်ကျူးခြင်းကို လည်းကောင်း၊ လိုင်ပင်းကို ညှစ်၍ သတ်ထားသောတိရစ္ဆာန်တိကိုလည်းကောင်း၊ အသွီးကိုလည်းကောင်း ယှောင်ကြဉ်ကြစီခြင်းငှါ စာရီး၍ သူရို့ကို မှာလိုက်သင့်၏။


ထိုလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများမှာ ရုပ်တုကို ပူဇော်ထားသောယဇ်ကောင်ကို လည်းကောင်း၊ အသွီးကိုလည်းကောင်း၊ လိုင်ပင်းညှစ်၍ သတ်ထားသော တိရိစ္ဆာန်ကိုလည်း မစားရ။ မတရားသောမေထုန်လွန်ကျူးခြင်းကို ယှောင်ကြဉ်ကြရမည်။ သင်ရို့သည် ဤအရာတိကို မပြုလုပ်ဖို့ ဂရုစိုက်ကြမည်ဆိုလျှင် ကောင်းသောအမှုကို ပြုခြင်းဖြစ်၏။ လိုရာဆန္ဒပြည့်ဝကတ်ပါစီ” ဟူ၍ ဖြစ်၏။


“အဂု ငါသည် သင်ရို့အား ဘုရားသခင်၏ လက်တော်သို့ လည်းကောင်း၊ ကျေးဇူးတရားလက်သို့ လည်းကောင်း အပ်နှံ၏။ ထိုကျေးဇူးတရားသည် သင်ရို့ကို တည်ဆောက်လျက် မိမိ၏လူအားလုံးအဖို့ လျာထားသော ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို သင်ရို့အား ပီးလိမ့်မည်။


သင်သည် တခြားလူမျိုးရို့၏မျက်စိကို ဖွင့်ပီး၍ ထိုသူရို့ကို မှောင်မိုက်ထဲမှ အလင်းတော်သို့ ကူးပြောင်းစီကာ စာတန်မာရ်နတ်၏တန်ခိုးအာဏာစက်မှ ဘုရားသခင်၏ အာဏာစက်သို့ ကူးပြောင်းစီရမည်။ အကြောင်းမူကား သူရို့သည် ငါ့ကို ယုံကြည်ခြင်းအားဖြင့် သူရို့၌ ဟိသမျှသောအပြစ်မှ ခွင့်ရွှတ်ခြင်းကို ရပြီးလျှင်၊ ဘုရားသခင် ရွီးချယ်ထားသောလူစု၌ နီရာကျစီရန်ဖြစ်၏’ ဟု ဆိုလေ၏။


သူရို့သည် ဒုစရိုက်အမျိုးမျိုးကို ပြုကျင့်ခြင်း၊ ဆိုးညစ်ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလိုခြင်း၊ လူအသက်ကို သတ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ လိမ်ညာလှည့်ပတ်ခြင်း၊ သူတစ်ပါးကို အမြင်ကပ်ခြင်း၊ အတင်းပြောခြင်း၊


သင်ရို့သည် လောကီသားတိ ပိုင်ယှောင် အသက်မရှင်ကတ်ကေ့။ သင်ရို့၏ အတွင်းစိတ်သဘော အပြည့်အဝ ပြောင်းလဲစီခြင်းငှာ ဘုရားသခင်ကို အခွင့်ပီးကြလော့။ သို့မှသာ ဇာအရာကား ကောင်းမြတ်၏၊ ဇာအရာကို ဘုရားသခင် နှစ်သက်၏၊ ဇာအရာသည် စုံလင်သောအရာဖြစ်၏ ဟူသော ဘုရားသခင်၏အလိုတော်ကို သင်ရို့ သိနိုင်ကြလိမ့်မည်။


သို့သော်လည်း ယခုမူကား သင်ရို့သည် အပြစ်တရား၏လက်မှ လွတ်မြောက်၍ ဘုရားသခင်၏ကျွန် ဖြစ်လာကြပြီး၊ သန့်ယှင်းခြင်းသို့ ရောက်စီသည့် အကျိုးကျေးဇူးကို ခံစားရကြ၏။ ၎င်း၏ရလဒ်မူကား ထာဝရအသက်ဖြစ်၏။


သို့ရာတွင် ဘုရားသခင်အားဖြင့် သင်ရို့သည် ခရစ်တော်ယေသျှု၌ တည်နိန်ကြ၏။ ဘုရားသခင်သည် ခရစ်တော်အား ငါရို့အတွက် ဉာဏ်ပညာ ဖြစ်စီတော်မူ၏။ ထိုအရာကား ငါရို့အတွက် ဖြောင့်မတ်ခြင်း၊ သန့်ယှင်းခြင်းနှင့် ရွီးနုတ်ခြင်း ဖြစ်တော်မူ၏။


သို့သော် မတရားသောမေထုန်ပြုခြင်း များပြားနိန်သောကြောင့် ယောကျ်ားတိုင်း၌ မယားဟိအပ်၏။ မိန်းမတိုင်း၌လည်း လင်ယောက်ျား ဟိအပ်၏။


နောက်တစ်ကြိမ် ငါလာသောအခါ ငါ၏ ဘုရားသခင်သည် သင်ရို့ရှိ့၌ ငါ့အား နှိမ့်ချတော်မူပြီး အယင်က အပြစ်ပြုခသော သူများအတွက် လည်းကောင်း၊ သူတစ်ပါးမယားကို ပြစ်မှားခြင်း၊ ကိလေသာလွန်ကျူးခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်း စသည့် အမှုအရာများကို ပြုလုပ်ခြင်းမှ နောင်တမရသောသူများအတွက် လည်းကောင်း မျက်ရည်ကျရမည်ကို ငါသည် စိုးရိမ်မိ၏။


လူ့ဇာတိစိတ်နှင့်ဆိုင်သော အပြုအမူများမှာ သိသာထင်ရှား၏။ ထိုအရာများကား ကာမဂုဏ်လိုက်စားခြင်း၊ မစင်ကြယ်ခြင်း၊ အကျင့်ပျက်ခြင်း၊


ထို့ကြောင့် သင်ရို့သည် မိုက်မဲ၍ မနီကြဘဲ၊ သခင်ဘုရား၏အလိုတော်ကို ကြိုးစား၍ ရှာကြလော့။


သူရို့ နှစ်သက်စီခြင်းငှာ သူရို့၏ ရှိ့မှောက်၌သာ နားထောင်ကြသည် မဟုတ်ဘဲ၊ ခရစ်တော်၏ ကျွန်တိကဲ့သို့ ဘုရားသခင်၏ အလိုတော်ဟိသည့်အတိုင်း စိတ်ရောကိုယ်ပါ အစီခံကြလော့။


ထို့ကြောင့် ငါရို့သည် သင်ရို့၏အကြောင်းကို ကြားရသောနိ့မှစ၍ သင်ရို့အတွက် အစဉ်အပြတ် ဆုတောင်းလျက်နိန်၏။ သင်ရို့သည် ဝိညာဉ်တော်ကပီးသည့် ဉာဏ်ပညာ၊ တတ်သိနားလည်မှုနှင့် ပြည့်စုံသဖြင့် ဘုရားသခင်၏ အလိုတော်ကို ကောင်းစွာသိကြစီရန် ငါရို့သည် ဘုရားသခင်ထံ၌ တောင်းလျှောက်လျက် ဟိကြ၏။


ထို့ကြောင့် ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပြင်းပြခြင်း၊ မကောင်းမှုကို ပြုလုပ်လိုသောဆန္ဒပြင်းပြခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်း ပုံစံတစ်မျိုးဖြစ်သော လောဘလွန်ကျူးခြင်းများ စသည့် မြီကြီးနှင့်ဆိုင်သော လုပ်ဆောင်ချက်များကို သီဆုံးစီကြလော့။


ခရစ်တော်ယေသျှု၏ အခိုင်းအစီဖြစ်၍ သင်ရို့အထဲက တစ်ဦးဖြစ်သော ဧပဖြကလည်း နှုတ်ဆက်လိုက်ပါ၏။ သင်ရို့သည် ဘုရားသခင်၏ အလိုတော်ကို ပြည့်ဝစွာလိုက်နာကာ ရင့်ကျက်၍ ယုံကြည်ခြင်းပြည့်ဝသော ခရစ်ယာန်များအဖြစ် ခိုင်မြဲစွာ ရပ်တည်နိုင်ကြစီရန် သူသည် သင်ရို့အတွက် စိတ်အားထက်သန်စွာ အမြဲတစီ ဘုရားသခင်ထံတော်၌ ဆုတောင်းပီးလျက်ဟိ၏။


ထို့အတွက်ကြောင့် အသျှင်ယေသျှု၏ အခွင့်အာဏာဖြင့် ငါရို့သည် သင်ရို့အား ပီးအပ်ထားသည့် ညွှန်ကြားချက်များကို သင်ရို့ သိကြ၏။


သင်ရို့တစ်ဦးစီတိုင်းသည် သန့်ယှင်းခြင်းနှင့် ဂုဏ်သရေဟိခြင်းဖြင့် မိမိ၏မယားနှင့် မည်သို့ ပေါင်းသင်းနီထိုင်သင့်သည်ကို သိကြသည်ဖြစ်၍၊


အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ဤသည်ကား သင်ရို့အဖို့အလို့ငှာ ခရစ်တော်ယေသျှု၌ ဘုရားသခင် အလိုတော် ဖြစ်၏။


ငြိမ်သက်ခြင်း၏အသျှင် ဘုရားသခင်သည် သင်ရို့အား အကုန်အစင် သန့်ယှင်းတော်မူပါစီသောဝ်။ ငါရို့၏ အသျှင်ယေသျှုခရစ် ကြွလာတော်မူသောအခါ၌ သင်ရို့သည် အပြစ်ဆိုဖွယ်မဟိကြစီရန် ဘုရားသခင်သည် သင်ရို့၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါစီသောဝ်။


သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုမောင်နှမရို့၊ ငါရို့သည် သင်ရို့အတွက် အစဉ်မပြတ် ဘုရားသခင်ကို ချီးမွမ်းကြရ၏။ အကြောင်းမူကား ဝိညာဉ်တော်၏ တန်ခိုးအားဖြင့် သန့်ယှင်းခြင်းကို ခံရ၍ သမ္မာတရား၌ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရဟိရန်အတွက် ဘုရားသခင်သည် သင်ရို့အား ဦးစွာပထမ ရွီးကောက်တော်မူ၏။


ကယ်တင်သျှင် ယေသျှုခရစ်တော်သည် ငါရို့ကို ခပ်သိမ်းသော မတရားမှုထဲမှ ရွီးနုတ်ကယ်တင်ပြီး မိမိပိုင်သောသူအပေါင်းရို့သည် မိမိအတွက် သန့်ယှင်းစင်ကြယ်၍ ကောင်းသောအမှုကို ပြုခြင်းငှာ စိတ်အားထက်သန်သောသူတိ ဖြစ်လာကြစီရန် ငါရို့အတွက် မိမိကိုယ်ကို စွန့်တော်မူ၏။


သင်ရို့သည် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ပြီးသောအခါ ကိုယ်တော်၏ကတိတော်အတိုင်း အကျိုးကို ခံစားရခြင်းငှာ မဆုတ်မနစ် ကြိုးစားအားထုတ်ရန် လိုအပ်၏။


သားဦးတစ်ယောက်၏ အရိုက်အရာကို အစားတစ်လုပ်နှင့် လှဲစားခသည့် ဧသောကဲ့သို့ မတရားသောမေထုန်ကို ပြုသောသူ သို့မဟုတ် ဘုရားတရားကို မထီမဲ့မြင်ပြုသောသူ တစ်စုံတစ်ယောက်မျှ မဟိစီခြင်းငှာ သတိပြုကြလော့။


မိမိ၏အလိုတော်ကို ဆောင်ရွက်နိုင်ကြစီရန် ကောင်းသောအမှုအမျိုးမျိုးဖြင့် သင်ရို့ကို ပြည့်စုံတော်မူပါစီသောဝ်။ ထို့အပြင် ကိုယ်တော်သည် မိမိ၏နှစ်သက်ဖွယ်သောအမှုကို ယေသျှုခရစ်တော်အားဖြင့် ငါရို့၌ လုပ်ဆောင်တော်မူပါစီသောဝ်။ ထိုခရစ်တော်၏ ဘုန်းတန်ခိုးတော်သည် ကမ္ဘာအဆက်ဆက် တည်ဟိပါစီသောဝ်။ အာမင်။


ထိမ်းမြားလက်ထပ်ခြင်းအမှုကိုလည်း လူတိုင်း လေးစားကြရမည်။ လင်ယောက်ျားနှင့် ဇနီးမယားသည် တစ်ဦးကို တစ်ဦး သစ္စာဟိကြရမည်။ အကြောင်းမူကား မတရားသောမေထုန်ပြုသောသူနှင့် အိမ်ထောင်ရေးဖောက်ပြန်သော သူရို့ကို ဘုရားသခင် စီရင်တော်မူလိမ့်မည်။


ခမည်းတော်ဘုရားသခင်သည် မိမိ၏ အကြံအစည်တော်အတိုင်း ယေသျှုခရစ်တော်ကို နာခံရန်နှင့် ကိုယ်တော်၏ အသွီးတော်အားဖြင့် စင်ကြယ်ကြစီရန်လည်းကောင်း၊ မိမိ၏ဝိညာဉ်တော်အားဖြင့် သန့်ယှင်းသောလူစု ဖြစ်စီခြင်းငှာ လည်းကောင်း သင်ရို့ကို ရွီးချယ်တော်မူ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို သင်ရို့သည် ကြွယ်ဝစွာ ခံစားရပါစီသောဝ်။


သို့ဖြစ်၍ ဤလောကတွင် သင်ရို့ အသက်ရှင်ရန် ကျန်နိန်သိမ့်သော အချိန်ကာလ၌ လူ့စိတ်အလိုသို့ မလိုက်ဘဲ ဘုရားသခင်၏ အလိုတော်ကို လိုက်၍ အသက်ရှင်နိုင်ရန် ဖြစ်သည်။


လောကနှင့်တကွ လူတိ တပ်မက်သောအရာများသည် ကွယ်ပျောက်လားတတ်၏။ သို့သော်လည်း ဘုရားသခင်၏ အလိုတော်နှင့်အညီ ဆောင်ရွက်သောသူမူကား ကာလအစဉ် တည်လိမ့်မည်။


သို့ရာတွင် ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဖွယ်ကောင်းသောသူ၊ လူ့အသက်ကို သတ်သောသူ၊ အကျင့်ပျက်သောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူရို့နှင့် လိမ်လည်ပြောဆိုသော သူရို့သည် ကန့်နှင့်ရောသော မီးအိုင်ထဲ၌ ကျရကြလိမ့်မည်။ ဤကား ဒုတိယသီဆုံးခြင်း ဖြစ်သတည်း” ဟု မိန့်တော်မူ၏။


သို့ရာတွင် ခွီးတိ၊ ပြုစားတတ်သော သူတိ၊ ကာမဂုဏ်လိုက်စားသော သူတိ၊ လူ့အသက်ကို သတ်သောသူတိ၊ ရုပ်တုကိုးကွယ်သော သူတိနှင့် လိမ်လည်ပြောဆို၍ ကျင့်ကြံသော သူရို့သည် မြို့ပြင်တွင် နိန်ရကြလိမ့်မည်။


Lean sinn:

Sanasan


Sanasan