၁ ပေတရု 1:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား2 ခမည်းတော်ဘုရားသခင်သည် မိမိ၏ အကြံအစည်တော်အတိုင်း ယေသျှုခရစ်တော်ကို နာခံရန်နှင့် ကိုယ်တော်၏ အသွီးတော်အားဖြင့် စင်ကြယ်ကြစီရန်လည်းကောင်း၊ မိမိ၏ဝိညာဉ်တော်အားဖြင့် သန့်ယှင်းသောလူစု ဖြစ်စီခြင်းငှာ လည်းကောင်း သင်ရို့ကို ရွီးချယ်တော်မူ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို သင်ရို့သည် ကြွယ်ဝစွာ ခံစားရပါစီသောဝ်။ Faic an caibideil |
တခြားလူမျိုးတိအတွက် ယေသျှုခရစ်တော်၏အမှုတော်ဆောင် တစ်ယောက်ဖြစ်စီခြင်းငှာ ငါ့အား ဘုရားသခင်ပီးထားသော ဆုကျေးဇူးကြောင့် ဖြစ်၏။ တခြားလူမျိုးတိသည် သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် သန့်ယှင်းစင်ကြယ်လျက် ဘုရားသခင် လက်ခံတော်မူသော ပူဇော်သကာ ဖြစ်လာစီခြင်းငှာ ဘုရားသခင်သည် မိမိ၏သတင်းကောင်းကို ဟောပြောရန် ယဇ်ပုရောဟိတ်တာဝန်ကို ငါ့အား ပီးအပ်တော်မူ၏။
အယင်က သင်ရို့တွင် အချို့သောသူရို့သည် ထိုကဲ့သို့ ဆိုးယုတ်သောသူတိဖြစ်ခကြ၏။ သို့သော် ယခုတွင် သင်ရို့သည် အပြစ်မှ ဆီးကြောသန့်စင်ခြင်းကို ခံကြရသောသူများဖြစ်ပြီး၊ ဘုရားသခင်အား ဆက်ကပ်သောသူများ ဖြစ်ကြ၏။ အသျှင်ယေသျှုခရစ်တော်၏ နာမအားဖြင့် လည်းကောင်း၊ ငါရို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် လည်းကောင်း သင်ရို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသို့ ရောက်ကြယာ။
ယေသျှုခရစ်၏ တမန်တော်တစ်ယောက် ဖြစ်သည့်အပြင် ဘုရားသခင်၏ အစီခံတစ်ယောက်ဖြစ်သော ငါ ပေါလုထံမှ စာရီးလိုက်ပါ၏။ ဘုရားသခင် ရွီးချယ်ထားသော သူရို့၏ယုံကြည်ခြင်းကို ပြုစုခြင်းငှာ လည်းကောင်း၊ ဘုရားဝတ်၌ မွိ့ပျော်ခြင်းကို ဖြစ်စီတတ်သော သမ္မာတရားကို သိစီခြင်းငှာ လည်းကောင်း ဘုရားသခင်သည် ငါ့အား ရွီးချယ်၍ စီရွှတ်လိုက်ခြင်းဖြစ်၏။
သင်ရို့မူကား ရွီးကောက်ခံရသောအမျိုး၊ တော်ဝင် ယဇ်ပုရောဟိတ်အမျိုး၊ သန့်ယှင်းသော လူမျိုး၊ ဘုရားသခင် ပိုင်တော်မူသော လူမျိုးတော် ဖြစ်ကြ၏။ ထိုသို့ ရွီးကောက်ခြင်း ခံရသည်မှာ ဘုရားသခင် ပြုတော်မူသော အံ့ဩဖွယ် အမှုအရာများကို ကြေညာနိုင်စီခြင်းငှာ၊ ဘုရားသခင်သည် သင်ရို့အား မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းထဲသို့ ခေါ်ယူတော်မူခြင်းဖြစ်၏။