14 ငါလို့ရဲ့ လူများဟလည်း အသီးမသီးသောသူ မဖြစ်မဲ့အကျောန်း အရေးတကြီး လိုအပ်သော အရာများအတွက် ကောင်းသောအမှုလို့ဟို ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမယ်။
လမ်းတွင် သင်္ဘောသဖန်းပင် တပင်ဟို မျော်သဖြင့် အေးအပင်ဆိရာဟို သွားပေမဲ့ အပင်ပေါ်တွင် အရွက်များမှ လွဲယွေ့ စလိုအရာဟိုမျှ မတွေ့။ အဲလိုမို့ ကိုယ်တော်ဟ အေးအပင်အား “နင်ဟ နောင်ပစာအခါနှိုက် အသီးမသီးစေနဲ” ဟု မိန့်အယ်။ သင်္ဘောသဖန်းပင်ဟလည်း ခုတုံးပင် နွမ်းခြောက်သွားလေအယ်။
အသီးကောင်းဟို မသီးလဲ့ အပင်ဆိသမျှဟို ခုတ်လှဲယွေ့ မီးထဲဟို လောချတတ်ကြအယ်။
နင်လို့ဟ ငါ့ဟို ရွေးကောက်ကြတာ မဟုတ်၊ ငါဟ နင်လို့ဟို ရွေးကောက်သဖြင့် နင်လို့ဟ သွားယွေ့ တည်ကြည်သောအသီးဟို သီးနိန်မယ်အကျောန်းနဲ့ ငါ့နာမဟို အမှီပြုယွေ့ ခမည်းတော်မှာ တောင်းသမျှလို့ဟို ရမယ်အကျောန်း နင်လို့ဟို ငါ ခန့်ထားအယ်။
နင်လို့ဟ ရမ်းဆာ့သော အသီးသီးခြင်းအားဖြင့် ငါ့ခမည်းတော်ရဲ့ ဘုန်းဟို ထင်ဆှားစေကြအယ်၊ အဲတိုင်းတိုင်းဖြင့် နင်လို့ဟ ငါရဲ့ တဘဲ့များ ဖြစ်လာကြအယ်။
အလုပ်ချင်း တူနေသောကျောန့် သူလို့နဲ့ အတူနေပင်း အလုပ်အတူတူ လုပ်ကြအယ်။ ပစာကို့ သူလို့ဟ ယာယီတဲဟို ချုပ်သောသူ ဖြစ်အယ်။
အေးလို့ ကြိုးစား လုပ်ဆောင်ယွေ့ အားနည်းသော သူလို့ဟို ကူညီမစသင့်ကျောန်းနဲ့ ‘ပေးကမ်းခြင်းဟ ရယူခြင်းထက် သာယွေ့ မင်္ဂလာဆိအယ်’ ဟု သခင် ယေရှုတတ်တိုင်း မိန့်လဲ့စကားဟို သတိရသင့်ကျောန်း အရာရာနှိုက် နင်လို့အား ငါ ပြသအယ်” ဟု ဆိုအယ်။
သန့်ဆှင်းသူလို့ဟ ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့၊ ဧည့်သည်လို့အား ဧည့်ဝတ်ပြုခြင်းဟို လက်တွေ့ ပြုကြလော့။
ငါ အဲဒီတာဝန်ပီးတဲ့အခါ သူလို့အတွက် ရဆိထားလဲ့ ငွေအားလုံးဟို အပ်ပေးပင်းမှ စပိန်ပြေဟို ငါ သွားမယ်၊ လမ်းကြုံ ကြိုက်ယွေ့ နင်လို့ဆေဟို ဝင်ရောက်လည်ပတ်မယ်။
ခိုးဖူးသူတိုင်း ခိုးယူခြင်း မပြုတော့ဘဲ လိုအပ်နေသူများအား မျှဝေနိန်စေရန်အတွက် မိမိလက်ဖြင့် ကောင်းသော အရာများကို လုပ်ဆောင်စေ။
ယေရှု ခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်း အသီးအပွင့်နဲ့ ပြေ့စုံယွေ့ ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ဆှားခြင်းနဲ့ ဂုဏ်တော်ချီးမွန်းခြင်း အဖြစ်သို့ ရောက်မဲ့အကျောန်း ငါ ဆုတောင်းအယ်။
သက်သာလောနိတ်မြို့နှိုက် ဆိစဉ်ခါဟ ငါလိုသော အကူညီဟို နင်လို့ဟ တကြိမ်မက နေကြိမ်တိုင်အောန် ပေးပို့ခဲ့ကြအယ်။
ဟေသို့ဆိုသော် ငါဟ အလှူဟို ခံယူလိုယွေ့ မဟုတ်၊ နင်လို့ရဲ့ ငွေစာရင်းတွင် အမြတ်တိုးလာစေရန် ငါ အလိုဆိအယ်။
အဲမှသာ အစဉ်အမြဲ သခင်ဘုရား နှစ်သက်စေရန် လည်းကောင်း၊ ကိုယ်တော်ရဲ့ ဘုန်းအသရေ ထွန်းတောက်စေရန် လည်းကောင်း နင်လို့ ပြုမူ ကျင့်ကြံနိန်ကြလိမ့်မယ်။ ဟေသို့ အသက်ဆှင်ခြင်းအားဖြင့် ကောင်းမြတ်လဲ့ အကျင့်အမျိုးမျိုးဟူသော အသီးအပွင့်များဟို ဖြစ်ထွန်းကြလိမ့်မယ်။ ဘုရားသခင်ဟိုလည်း တိုးယွေ့ သိကျွမ်းကြလိမ့်မယ်။
ငါ့ညီအကိုလို့၊ ငါလို့ အလုပ်တွေ ပင်ပန်းခဲ့တာကို နင်သေချာမှတ်မိကြအယ်၊ ငါလို့ဟ နင်လို့အား ဘုရားသခင်ဆေမှ ဧဝံဂေလိတရားကို ဟောပြောလဲ့အတိုင်း ငါလို့ဟ နင်လို့နှိုက် အနှောက်အယှက်မဖြစ်စေရန် နေ့ရောညပါ လုပ်ဆောင်ခဲ့ကြအယ်။
ငါလို့ဟ အခကြေးငွေမပေးဘဲ စသူရဲ့ အစာဟိုမှ အလကား မစားပါ။ ဆန့်ကျင်ဘက်အားဖြင့်၊ ငါလို့ဟ နင်လို့တွင် စသူ့ကိုမျှ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် နေ့ညမပြတ် ပင်ပန်းကြီးစွာ အားထုတ်ခဲ့ကြအယ်။
အပစ်တင်စရာမဆိသော မန်ကန်ပြေ့စုံလဲ့စကားဟို ပြောဆိုလော့။ အေးလို့ပြုရင် ဆန့်ကျင်ဘက်ပြုသောသူဟ ငါလို့နဲ့ ပတ်သက်ယွေ့ မကောင်းသော အရာတစုံတခုဟိုမှ မပြောဆိုနိန်ဘဲ အဆှက်ရလိမ့်မယ်။
ဟေစကားဟ သစ္စာစကားဖြစ်အယ်။ ဘုရားသခင်ဟို ယုံကြည်သောသူလို့ဟ ကောင်းသောအမှုလို့ဟို ပါဝင်လုပ်ဆောင်ရန် အမြဲ ဂရုစိုက်ကြမဲ့အကျောန်း ငါဟ နင့်ဟို ဟေအရာများအတွက် အခိုင်အမာရပ်တည်စေလိုအယ်။ ဟေအရာများဟ ကောင်းမြတ်ယွေ့ လူလို့အတွက် အကျိုးဆိအယ်။
အကျောန်းမှာ ဟေပါရမီများဟ နင်လို့နှိုက် ဆိယွေ့ တိုးပွားနေတာဆိုရင် နင်လို့ဟ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို သိခြင်းအရာနှိုက် အကျိုး မဆိသောသူ၊ အသီးအသီးသောသူ ဖြစ်ကြလိမ့်မယ် မဟုတ်။