Biblia Todo Logo
Bìoball air-loidhne

- Sanasan -




တိတု 2:13 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

13 ကြီးမြတ်လဲ့ ဘုရားသခင်ဖြစ်သော ငါလို့ရဲ့ ကယ်တင်ဆှင် ယေရှုခရစ်တော်ရဲ့ ဘုန်းတော်ပေါ်ထွန်းခြင်းတည်းဟူသော မင်္ဂလာဆိသော မျှော်လင့်ခြင်းဟို စောင့်မျှော်ရန်လည်းကောင်း သွန်သင်လျက်ဆိအယ်။

Faic an caibideil Dèan lethbhreac




တိတု 2:13
42 Iomraidhean Croise  

အကျောန်းမှာ လူသားဟ မိမိအဖရဲ့ ဘုန်းအသရေဟို ဆောင်လျက် ခေါန်းခင်တမန်များနဲ့ အတူ ကြွလာလိမ့်မယ်။ အဲအခါ လူအပေါင်းလို့အား မိမိလို့ရဲ့ အကျင့်အလျောက် အကျိုးအပစ်ဟို ဆပ်ပေးလိမ့်မယ်။


“လူသားဟ ခေါန်းခင်တမန် အပေါင်းခြံရံလျက် ဘုရင်အဖြစ် ကြွလာသောအခါ ဘုန်းဆိသော ပလ္လင်ပေါ်နှိုက် ထိန်လိမ့်မယ်။


ယေရှုဟ “နင်ဟောသည် အတိုင်းမန်ပေမဲ့ နင်လို့အား ငါပြောတာဟ နောင်အခါတွင် လူသားဟ အနတ္တတန်ခိုးဆှင်ရဲ့ လက်ယာဘက်တွင် ထိန်လျက်နေတာဟိုလည်းကောင်း၊ ခေါန်းခင် မိုးချေးသားဟို စီးယွေ့ ကြွလာတာဟို လည်းကောင်း နင်လို့ မျော်ရကြမယ်” ဟု မိန့်အယ်။


ယေရှုဟ “မန်အယ်။ လူသားဟ အနန္တတန်ခိုးဆှင်ရဲ့ လက်ယာဘက်တွင် ထိန်နေပင်း မိုးချေးသားလို့နဲ့အတူ ကြွလာတာဟို နင်လို့အားလုံး မျော်ရကြလိမ့်မယ်” ဟု ပြောလေအယ်။


ဟေဘုရားတရားမဲ့နဲ့ ဆိုးသွမ်းသောနေ့နှိုက် နင်ဟ ငါနဲ့ ငါ့သွန်သင်ချက်ဟို ဆှက်ရင်၊ သန့်ဆှင်းသော ခေါန်းခင်တမန်လို့နဲ့အတူ ခမည်းတော်ဟ ဘုန်းတန်ခိုးနဲ့ ကြွလာသောအခါ လူသားဟ နင်လို့ဟို ဆှက်လိမ့်မယ်။”


သူလို့တတ်တိုင်းလည်း မျော်လင့်သလိုမျိုး ဖြောင့်မတ်သောသူများ ဖြစ်စေ၊ မဖြောင့်မတ်သောသူများ ဖြစ်စေ နောင်တွင် ဆှင်ပြန်ထမြောက်ကြလိမ့်မယ်လို့ ဘုရားသခင်ဟို အမှီပြုယွေ့ မျှော်လင့်နေအယ်။


နင်လို့ရဲ့ မျော်လင့်ခြင်းဟ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် ဆက်လက် အသက်ဆှင်နိန်ရန်အတွက် မျော်လင့်ခြင်းရဲ့ အရင်းအမြစ်ဖြစ်သော ဘုရားသခင်ဟ နင်လို့ရဲ့ ယုံကြည်ခြင်းအားဖြင့် နင်လို့အား ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းဟို ပေးသနားပါစေ။


အဲဒီ မျော်လင့်ချက်ဟ ငါလို့ဟို စိတ်ပျက်စေမှာ မဟုတ်၊ အကျောန်းမှာ ဘုရားသခင်ဟ ငါလို့အား ပေးသော သန့်ဆှင်းသော ဝိညာဉ်တော်ဟ ဘုရားသခင်ရဲ့ မေတ္တာတော်ဟို ငါလို့ စိတ်နေလုံးထဲဟို သွန်းလောင်းအယ်။


အခု လက်ဆိကာလနှိုက် ငါလို့ခံရကြလဲ့ ဆင်းရဲဒုက္ခဟို ငါလို့အား ပေါ်လွင်ထင်ဆှားမဲ့ ဘုန်းအသရေနဲ့ နှိုင်းယှဉ်ယွေ့ မရဟု ငါထင်အယ်။


ငါလို့ သခင် ယေရှု ခရစ်တော် ပေါ်ထွန်းလာမဲ့ အချိန်ဟို စောင့်မျှော်နေသလို နင်လို့ မခံရလဲ့ ကောင်းချီးမင်္ဂလာ တစုံတခုမျှ မဆိ။


ဟေလောကဟို အစိုးရသောဘုရားဟ အဲသူလို့ရဲ့ စိတ်ဟို မိုက်ဖြင့် ဖုံးအုပ်ထားသောကျောန့် သူလို့ဟ သတင်းကောင်းဟို မယုံကြည်ကြဝူး။ အဲဘုရားကျောန့် ခရစ်တော်ရဲ့ ဘုန်းအသရေတော်အကျောန်း သတင်းကောင်းမှ ထွက်လာသော အလင်း၊ ဘုရားသခင်နဲ့တူသော ပုံသဏ္ဌာန်တူသော အလင်းရောင်ဟို မမျော်ရအောန် သူလို့ဟို တားဆီးလေအယ်။


“မိုက်ထဲမှ အလင်း ပေါ်ထွန်းလိမ့်မယ်” ဟု မိန့်သော ဘုရားသခင်ဟ ခရစ်တော်ရဲ့ မျက်နှာနှိုက် ထွန်းလင်းလဲ့ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို သိသောအလင်းရောင်အား ငါလို့ရဲ့ စိတ်နေလုံးထဲနှိုက် ထွန်းလင်းစေအယ်။


အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။


ဘုရားသခင်ရဲ့ အကြံစည်မှာ လူမျိုးတကာလို့အတွက် ကြွယ်ဝယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံသော နက်နဲလဲ့အရာအကျောန်းဟို မိမိလူလို့အား သိစေရန် ဖြစ်အယ်။ ဟေနက်နဲသောအရာဟ ခရစ်တော်သည် နင်လို့အထဲနှိုက် ကျိန်းဝပ်ကျောန်း ဖြစ်အယ်၊ ဆိုလိုတာဟ နင်လို့သည် ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ဆိုင်လဲ့ မျော်လင့်သောအရာဟို ခံစားစေလိမ့်မယ်။


သမ္မာတရားဟူသော သတင်းကောင်းဟို နင်လို့ ပထမအကြိမ် ကြားရသောအခါ မျော်လင့်ရာအကျောန်းဟို နင်လို့ ကြားရကြအယ်။ အဲလိုမို့ နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာဟ ခေါန်းခင်ဘုံနှိုက် နင်လို့အဖို့ လုံခြုံစွာထားလဲ့ မျော်လင့်ရာအပေါ်မှာ မူတည်လျက်နေအယ်။


နင်လို့ရဲ့ အသက် အစစ်မန်ဖြစ်သော ခရစ်တော် ထင်ဆှားသောအခါ နင်လို့ဟလည်း ကိုယ်တော်နဲ့အတူ ဘုန်းအသရေ ထင်ဆှားကြလိမ့်မယ်။


ငါလို့ရဲ့ သခင် ယေရှု ခရစ်တော် တတ်တိုင်းနဲ့ ငါလို့ဟို ချစ်ယွေ့ ကျေးဇူးတော်အားဖြင့် ထာဝရ နှစ်သိမ့်ခြင်းနဲ့ ကောင်းမြတ်သော မျှော်လင့်ခြင်းလို့ဟို ပေးသော ငါလို့ အဖ ဘုရားသခင်ဟ၊


အဲပင်းရင် မတရားသောအရာဟ ပေါ်လာပေမဲ့ သခင် ယေရှု ခရစ် ကြွလာသောအခါ ကိုယ်တော်ဟ သူ့ဟို မိမိနှုတ်တော်မှ ထွက်သော လေအားဖြင့် ကွပ်မျက်ယွေ့ မိမိကြွလာခြင်းရဲ့ ရောင်ခြည်အားဖြင့် ပယ်ဖျက်လိမ့်မယ်။


ငါလို့ရဲ့ ကယ်တင်ဆှင် ဘုရားသခင်နဲ့ ငါလို့ရဲ့ မျော်လင့်ရာဖြစ်သော ခရစ်တော် ယေရှုရဲ့ အမိန့်အတိုင်း ခရစ်တော် ယေရှုရဲ့ တမန်တော်ဖြစ်သော ငါပေါလုဟ —


ငါရဲ့ ချစ်သော တိမောသေဆေဟို စာရေးလိုက်အယ်၊ နင်ဟ ခမည်းတော် ဘုရားသခင်နဲ့ ငါလို့ သခင် ခရစ်တော် ယေရှုဆေမှ ကျေးဇူးတော်၊ ကရုဏာတော်နဲ့ ငြိမ်သက်ခြင်းဟို ခံစားရစေမန့်။


ငါဟ ဘုရားသခင်ရဲ့ ဆေ့နှိုက် လည်းကောင်း၊ အသက်ဆှင်သောသူလို့နဲ့ သေသောသူလို့ဟို စီရင်မဲ့ ခရစ်တော် ယေရှုရဲ့ ဆေ့နှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ ပေါ်ထွန်းခြင်းနဲ့ ကိုယ်တော်ရဲ့ နိုင်ငံတော်ဟို အကျောန်းပြုယွေ့ နင့်အား အလေးအနက် တိုက်တွန်းတာဟ


အခုအခါတွင် ဖြောင့်မတ်ခြင်း သရဖူဟ ငါ့အတွက် အသင့်ဆိနေအယ်၊ အဲနေ့နှိုက် ဖြောင့်မတ်လဲ့ တရားစီရင်သူဖြစ်သော သခင်ဘုရားဟ အဲသရဖူဟို ငါ့အား ပေးလိမ့်မယ်၊ ငါ့ဟိုသာ မဟုတ်ဘဲ ကိုယ်တော်ရဲ့ ပေါ်ထွန်းခြင်းဟို လိုလားတောင့်တသူ အားလုံးလို့ဟိုလည်း ပေးလိမ့်မယ်။


ဝါခြင်းနဲ့ ကင်းစင်လဲ့ ဘုရားသခင်ဟ အေးထာဝရအသက် မျော်လင့်ခြင်းဟို ဆေ့ကာလများ မတိုင်ခင်ဟပင် ကတိပေးပင်း၊


ငါဟ တူညီသော ယုံကြည်ခြင်းအားဖြင့် စစ်မန်လဲ့ ငါ့အောင်နီငယ်ဖြစ်လဲ့ တိတုဆေဟို ဟေစာရေးလိုက်အယ်။ အဖဘုရားသခင်နဲ့ ငါလို့ရဲ့ ကယ်တင်ဆှင် ခရစ်တော် ယေရှုဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေသော။


အဲလိုလဲ ငါလို့ ကယ်တင်ဆှင် ဘုရားသခင်ရဲ့ ကျေးဇူးပြုခြင်းနဲ့ ချစ်ခင်ကြင်နာခြင်းလို့ ပေါ်ထွန်းသောအခါ၊


အေးတိုင်းတိုင်း ခရစ်တော်ဟလည်း လူအများရဲ့ အပစ်ဟို ဖြေလွှတ်ရန်အတွက် မိမိကိုယ်ဟို တကြိမ်တည်း ပူဇော်အယ်။ အပစ်ဟို ပယ်လောရန် မဟုတ်ဘဲ မိမိဟို စောင့်မျော်နေသူလို့အား ကယ်တင်ရန် ဒုတိယအကြိမ် ကြွလာလိမ့်မယ်။


ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ခမည်းတော် ဘုရားသခင်အား ကျေးဇူးတော် ချီးမွန်းကြပါစို့။ ကြီးမားသော ကရုဏာတော်ကျောန့် ယေရှု ခရစ်တော်ဟို သေခြင်းမှ ထမြောက်စေခြင်းဖြင့် ငါလို့အား ဖဝါ့အသစ်ဟို ပေးအယ်။ ၎င်းဟ ငါလို့အား အသက်ဆှင်သော မျှော်လင့်ချက်ဖြင့် ပြေ့စေပင်း၊


သူလို့ရဲ့ ရည်ရွယ်ချက်မှာ နင်လို့ရဲ့ယုံကြည်ခြင်း အစစ်အမန်ဖြစ်ကျောန်း သက်သေပြရန် ဖြစ်အယ်။ ဖျက်ဆီးတတ်သော ဆွေကိုပင် မီးဖြင့် စမ်းသပ်ခြင်း ခံရသော်လည်း ဆွေထက်သာယွေ့ အဖိုးတန်သော နင့်ရဲ့ ယုံကြည်ခြင်းကိုလည်း ခံနိန်ရည်ဆိစေရန် စမ်းသပ်ခြင်း ခံရမယ်။ အေးနောက် ယေရှု ခရစ်တော် ပေါ်ထွန်းလဲ့နေ့နှိုက် ချီးမွမ်းခြင်း ဘုန်းအသရေကို ခံရလိမ့်မယ်။


ယေရှု ခရစ်တော်ရဲ့ အစေခံနဲ့ တမန်တော်ဖြစ်သော ငါ ရှိမုန် ပေတရုဟ — ငါလို့ ဘုရားသခင်နဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ရဲ့ ဖြောင့်မတ်ခြင်းအားဖြင့် ငါလို့နည်းတူ အဖိုးတန်လဲ့ ယုံကြည်ခြင်းဟို ခံယူရဆိသော သူလို့ဆေဟို စာရေးလိုက်အယ်။


ငါလို့ သခင်ဘုရားနဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်နှိုက် လည်းကောင်း၊ ကိုယ်တော်ဟို သိသောဉာဏ်နှိုက် လည်းကောင်း ကြီးထွားကြလော့။ အခုမှစပင်း ထာဝရ နေ့ရက်ကာလတိုင်အောန် ကိုယ်တော်နှိုက် ဘုန်းအသရေ ဆိပါစေသော။ အာမင်။


ခမည်းတော်ဟ သားတော်အား လောကဟို ကယ်တင်ရန် စေလွှတ်ကျောန်းဟို ငါလို့ တွေ့မျော်ရယွေ့ သက်သေခံကြအယ်။


ဘုရားသခင်ရဲ့ မေတ္တာတော်နှိုက် မိမိကိုယ်ဟို စောင့်ထိန်းယွေ့ ထာဝရအသက်ဟို ပို့ဆောင်လျက် ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ကရုဏာတော်ဟို စောင့်မျှော်ကြလော့။


ကျေ့လော့။ ကိုယ်တော်ဟ မိုးချေးသားများဖြင့် ကြွလာအယ်။ အဲအခါ ကိုယ်တော်ဟို ထိုးဖောက်ခဲ့သူလို့မှ စယွေ့ လူအပေါင်းလို့ဟ မိမိလို့ မျက်စေ့ဖြင့် ကိုယ်တော်ဟို တွေ့မျော်ရကြလိမ့်မယ် ကမ္ဘာမြေကြီးပေါ်ဆိ လူမျိုးနွယ်စုအားလုံးဟ ကိုယ်တော်ကျောန့် ရင်ဘတ်စည်တီးလျက် မြည်တမ်းကြလိမ့်မယ်။ အာမင်။


Lean sinn:

Sanasan


Sanasan