Biblia Todo Logo
Bìoball air-loidhne

- Sanasan -




တိတု 1:3 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

3 အချိန်တန်သောအခါ ဟောပြောခြင်း အမှုအားဖြင့် မိမိရဲ့ နှုတ်ကပတ်တရားဟို ထင်ဆှားစေယွေ့ ငါလို့ ကယ်တင်ဆှင် ဘုရားသခင်ရဲ့ အမိန့်အတိုင်း အေးအမှုဟို ငါ့အား ယုံကြည်အပ်နှံအယ်။

Faic an caibideil Dèan lethbhreac




တိတု 1:3
39 Iomraidhean Croise  

“အချိန်ကျလာပီ။ ဘုရားသခင်ရဲ့ နိုင်ငံတော် တည်လုနီးပီမို့၊ နောင်တရယွေ့ သတင်းကောင်းဟို ယုံကြည်ကြလော့” ဟု ဟောလေအယ်။


အဲလိုလဲ အဆုံးချိန်မရောက်ခင်၊ သတင်းကောင်းဟို လူမျိုးအပေါင်းလို့အား ဟောပြောရကြမယ်။


ကိုယ်တော်ဟ “ကမ္ဘာတဝှမ်းလုံးသို့ သွားယွေ့ လူသတ္တဝါအပေါင်းလို့အား ဧဝံဂေလိတရားဟို ဟောကြလော့။


ငါ့ဟို ကယ်တင်သောအဆှင် ဘုရားသခင်ဟို အမှီပြုယွေ့ ငါ့စိတ်ဝိညာဉ်ဟ ရွှင်လန်းပါအယ်။


ဘုရားသခင်ဟ လူအပေါင်းလို့ရဲ့ အဆှင် သခင်ဖြစ်သော ယေရှု ခရစ်တော်အားဖြင့် ငြိမ်သက်ခြင်းနဲ့ဆိုင်သော သတင်းကောင်းဟို ဟောပြောယွေ့ ဣသရေလအမျိုးသားလို့ဆေ ပေးပို့သော နှုတ်ကပတ်တရားတော်ဟို နင်လို့ သိကြအယ်။


ကိုယ်တော်ဟ လူတဦးတည်းမှ လူမျိုးအားလုံးဟို ဖန်ဆင်းယွေ့ ကမ္ဘာမြေပြင်အနှံ့တွင် နေထိန်စေကာ အချိန်ကာလများနဲ့ သူလို့နေထိန်ရာ နယ်နိမိတ်များဟို ကြိုတင်ချမတ် ပေးအယ်။


နိမိတ်လက္ခဏာနဲ့ အံ့ဩဖွယ်အရာ တန်ခိုးတော်အားဖြင့် လည်းကောင်း၊ ဘုရားသခင်ရဲ့ ဝိညာဉ်တော် တန်ခိုးတော်အားဖြင့် လည်းကောင်း ပြုသောအမှုအရာလို့ကျောန့် မဟုတ်ရင် ငါဟ စလို အရာဟိုမျှ ရဲဝံ့စွာ ပြောမှာ ဟုတ်ဝူး။ အေးလိုမို့ ငါဟ ယေရုရှလင်မြို့မှ ဣလုရိပြေအထိ ရောက်ဆိလဲ့ အရပ်ရပ်နှိုက် ခရစ်တော်ရဲ့ သတင်းကောင်းဟို အကုန်အစင် ကြေညာခဲ့ပီ။


ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြပါစို့။ အဲသူဟ ယေရှု ခရစ်တော်ရဲ့ အကျောန်း ငါဝေငှလဲ့ သတင်းကောင်းအရသော် လည်းကောင်း၊ ဆေ့ကာလ အဆက်ဆက်နှိုက် အောင်းနေခဲ့သော အမန်တရားပေါ်လွင် ထင်ဆှားချက်အရ သော်လည်းကောင်း၊ နင်လို့ဟို ယုံကြည်ခြင်းနှိုက် ခိုင်မြဲစေနိန်သူ ဖြစ်အယ်။


အခု စလိုပဲဖြစ်ဖြစ် ပရောဖက်များ ရေးသားသောအရာအားဖြင့် လူမျိုးအားလုံးလို့ဟ ဘုရားသခင်ဟို ယုံကြည်ကာ ကိုယ်တော်ရဲ့ စကားဟို နားထောင်လာကြစေရန် ထာဝရ အသက်ဆှင်လဲ့ ဘုရားရဲ့ အမိန့်အရ အေးအမန်တရားဟ သိသာထင်ဆှားလာလေပီ။


ငါလို့ဟ မျော်လင့်ချက်မဲ့ဆိစဉ်တွင် ခရစ်တော်ဟ အချိန်တန်တာနဲ့ ဘုရားတရားမဲ့သော သူလို့အတွက်ကျောန့် အသေခံအယ်။


အဲကျောန့် ငါရဲ့ အလုပ်ဟို ငါရဲ့ ဆန္ဒအလျောက် ရွေးချယ်ဆောင်ရွက်ရင် အခကြေးငွေဟို ငံ့နိန်ပေအယ်။ အားပေမဲ့ ဟေအလုပ်ဟို ဘုရားသခင်ဟ ငါ့အား ပေးအပ်ထားသဖြင့် ငါဟ တာဝန်ကျေစွာ လုပ်ဆောင်ဖို့ လိုအယ်။


အဲလိုလဲ နောက်ဆုံး မန်ကန်လဲ့အချိန် ရောက်လာသောအခါ၊ ဘုရားသခင်ဟ သူ့သားတော်ဟို စေလွှတ်ခဲ့အယ်။ သူဟ လူသားအမေ့တယောက်မှ မွေးဖွားလာပင်း ယုဒလူလို့ရဲ့ ပညတ်တရားအောက်နှိုက် နေထိန်ခဲ့ကာ


အချိန်တန်သောအခါ ဘုရားသခင် ပီးမြောက်စေမဲ့ ဟေအစီအစဉ်ဟ ခေါန်းခင်နဲ့ မြေကြီးပေါ်ဆိ ဖန်ဆင်းထားသော အရာအားလုံးကို ခရစ်တော်အောက်နှိုက် ပေါင်းစည်းရန် ဖြစ်အယ်။


ကိုယ်တော်ဟ ကြွလာယွေ့ အဝေးနှိုက် ဆိသော နင်လို့ဟို လည်းကောင်း၊ အနီးနှိုက် ဆိသော သူလို့ဟို လည်းကောင်း သင့်မြတ် ငြိမ်းချမ်းခြင်းနဲ့ဆိုင်သော ကောင်းမြတ်သော သတင်းဟို ဟောပြောအယ်။


ငါဟ ခရစ်တော်ရဲ့ အစေခံဖြစ်လဲ့ အတွက်ကျောန့် ငါဟ တုတ်ချေခံနေရကျောန်းဟို နန်းတော်အစောင့်တပ် တတပ်လုံးနဲ့ အခြားသောသူ အားလုံးလို့ သိဆိကြအယ်။


အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။


နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်အကျောန်းဟို အမန်သိမျော် ခံစားရတာနဲ့မျှ သတင်းကောင်းဟ နင်လို့ဆေဟို ပျံ့နှံ့ယွေ့ လာအယ်။ အဲတိုင်းတိုင်း သတင်းကောင်းဟ ကမ္ဘာတဝန်းလုံးသို့ ပျံ့နှံ့ယွေ့ ကောင်းချီးမင်္ဂလာများ ခံစားလျက် ဆိအယ်။


အဲအစား ငါလို့ဟ ဘုရားသခင် အလိုတော်အတိုင်း အမြဲပြောနေသောကျောန့် ဧဝံဂေလိတရားဟို အပ်နှင်းထိုက်အယ်ဟု ငါလို့အား စီရင်ပီ။ ငါလို့ဟ လူလို့ဟို နှစ်သက်စေရန် မကြိုးစားဘဲ၊ ငါလို့ရဲ့ စိတ်ဆန္ဒဟို စမ်းသပ်သော ဘုရားသခင် နှစ်သက်စေရန်သာ ဖြစ်အယ်။


ငါလို့ရဲ့ ကယ်တင်ဆှင် ဘုရားသခင်နဲ့ ငါလို့ရဲ့ မျော်လင့်ရာဖြစ်သော ခရစ်တော် ယေရှုရဲ့ အမိန့်အတိုင်း ခရစ်တော် ယေရှုရဲ့ တမန်တော်ဖြစ်သော ငါပေါလုဟ —


ဟေဟာဟ မင်္ဂလာဆိသော ဘုရားသခင်ရဲ့ ဘုန်းအသရေနဲ့ ပြေ့စုံလဲ့ ကောင်းမြတ်လဲ့သတင်းနဲ့ ကိုက်ညီအယ်၊ အဲကောင်းမြတ်သော သတင်းကောင်းဟို ငါ့အား ပေးအပ်ထားပီ။


အဲလိုပြုခြင်းဟ ကောင်းမြတ်ယွေ့ ငါလို့ရဲ့ ကယ်တင်ဆှင် ဘုရားသခင်ဆေ့နှိုက် နှစ်သက်လက်ခံဖွယ် ဖြစ်အယ်။


အဲကျောန့် ငါလို့ဟ အဲအကျိုးအတွက် ရုန်းကန်ယွေ့ ကြိုးစားကြအယ်၊ ပစာကို့ လူအပေါင်းလို့ရဲ့ ကယ်တင်ဆှင်၊ အထူးသဖြင့် ယုံကြည်သူလို့ရဲ့ ကယ်တင်ဆှင်ဖြစ်သော အသက်ဆှင်လဲ့ ဘုရားသခင်ဟို ငါလို့ မျော်လင့် အားထားကြသောကျောန့် ဖြစ်အယ်။


အားပေမဲ့ သခင်ဘုရားဟ ငါနဲ့အတူ ဆိယွေ့ ငါ့ဟို ခွန်အားနဲ့ ပြေ့စုံစေသဖြင့် ငါဟ လူမျိုးခြားလို့အား နှုတ်ကပတ်တော်ဟို အကုန်အစင် ဟောပြောနိန်အယ်၊ ဟေလိုဖြင့် ငါဟ သေခြင်းမှ ကင်းလွတ်ခွင့်ဟိုလည်း ရဆိအယ်။


ခိုးယူခြင်းဟို မလုပ်ကြရန် သွန်သင်ရမယ်။ အဲအစား သူလို့ဟို အမြဲကောင်းမွန်စွာ သစ္စာစောင့်နေကျောန်းဟို ပြသရန် တိုက်တွန်းနှိုးဆော်လော့။ အေးလို့လုပ်ရင် သူလို့ဟ အရာရာနှိုက် ငါလို့ကယ်တင်ဆှင် ဘုရားသခင်ရဲ့ သွန်သင်ချက်ဟို တင့်တယ်စေကြလိမ့်မယ်။


ကြီးမြတ်လဲ့ ဘုရားသခင်ဖြစ်သော ငါလို့ရဲ့ ကယ်တင်ဆှင် ယေရှုခရစ်တော်ရဲ့ ဘုန်းတော်ပေါ်ထွန်းခြင်းတည်းဟူသော မင်္ဂလာဆိသော မျှော်လင့်ခြင်းဟို စောင့်မျှော်ရန်လည်းကောင်း သွန်သင်လျက်ဆိအယ်။


အဲအခါ မိုးချေးသားပေါ်တွင် ထိန်နေသောသူဟ မိမိရဲ့ တန်းစဉ်အား မြေကြီးပေါ်ဟို ဝှေ့ယမ်းလိုက်ရာ မြေကြီးဟ ရိတ်သိမ်းခြင်းဟို ခံရလေအယ်။


Lean sinn:

Sanasan


Sanasan