1 ခရစ်တော်နှိုက် အမန်တရားဟို ငါ ပြောအယ်။ ငါ ဝါဝူး။ ငါတတ်တိုင်း သိသောစိတ်ဟ သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် အတည်ပြုအယ်။
ဟေအကျောန်းအရာနဲ့ ပတ်သက်ယွေ့ ငါ့အတွက် သက်သေခံပေးသူမှာ သားတော်ရဲ့ သတင်းကောင်းဟို ဟောပြောခြင်းနှိုက် စိတ်နေလုံး အကြွင်းမဲ့ အစေခံသော ဘုရားသခင်ဟ ငါ့ရဲ့ သက်သေ ဖြစ်အယ်။
သူလို့ရဲ့ အမူအကျင့်ဟ ပညတ်တရားဟို သူလို့ရဲ့ နေလုံးသားနှိုက် ရေးထားတယ်ဟို ပြအယ်။ သူလို့ရဲ့ အတွေးအမြင်များဟလည်း အေးအရာဟ မန်ကန်ကျောန်း ပြအယ်၊ သူလို့ရဲ့ အကြံအစည်များဟ တခါတရံ စွပ်စွဲလေ့ဆိပင်း တခါတလေ သူလို့ဟို ကာကွယ်ပေးသောကျောန့် ဖြစ်အယ်။
ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များဖြစ်ကြတာဟု ဝိညာဉ်တော်ဟ ငါလို့ရဲ့ ဝိညာဉ်နဲ့အတူ သက်သေခံအယ်။
ငါရဲ့ စိတ်နေလုံးထဲမှာ ကြီးမားလဲ့ ဝမ်းနည်းခြင်းနဲ့ အစဉ်မပြတ် ဆင်းရဲဒုက္ခခံရအယ်။
ငါလို့ ဩတ္တပ္ပစိတ်ဟ သက်သေခံယွေ့ ဂုဏ်ယူဝါကြွားစရာ တခုဟ ဟေလောကနှိုက် အသက်ဆှင်စဉ်၊ အထူးသဖြင့် နင်လို့နဲ့ ဆက်ဆံရာတွင် လူသားလို့ရဲ့ အသိဉာဏ်ဟို အမှီမပြုဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတော် တန်ခိုးဟို သာလျှင် အမှီပြုယွေ့ ငါလို့ဟ ဘုရားသခင် ပေးသနားသော ရိုးသားမှုနဲ့ ပွင့်လင်းစွာ ပြုမူကျင့်ကြံခြင်းပင် ဖြစ်အယ်။
ငါ့စိတ်နေလုံးဟို သိသော ဘုရားသခင်ဟို ငါရဲ့ သက်သေအဖြစ် ငါ ခေါ်ဆိုအယ်။ နင်လို့ဟို ညှာတာယွေ့သာ ကောရိန့်မြို့ဟို မသွားဖို့ ငါဆုံးဖြတ်ခဲ့အယ်။
ခရစ်တော်ရဲ့ သမ္မာတရားဟ ငါနှိုက် ဆိတာနဲ့အညီ ငါနှိုက်ဆိလဲ့ ဟေဝါကြွားခြင်းဟို အခါယပြေ တဆှောက်နှိုက် စသူမျှ ပိတ်ပင်ယွေ့ ရမယ်မဟုတ်။
ငါဟ ဝါမပြောကျောန်းဟို သခင် ယေရှုရဲ့ ခမည်းတော်ဖြစ်သော ထာဝရ မင်္ဂလာဆိလဲ့ ဘုရားသခင် သိအယ်။
ငါလို့ဟ နင်လို့ဆေ့နှိုက် မိမိလို့တတ်တိုင်း ကာကွယ်ပြောဆိုနေကြတာဟု တချိန်လုံး နင်လို့ ထင်မှတ်နေကြသလော။ ငါလို့ဟ ဘုရားသခင် ဆေ့နှိုက် ခရစ်တော်ဟို အမှီပြုယွေ့ ပြောဆိုနေကြအယ်၊ ချစ်သောသူလို့၊ အရာအားလုံးဟ နင်လို့ရဲ့ တည်ဆောက်စရာအတွက် ဖြစ်အယ်။
ငါရေးတာဟ အမန်ဖြစ်အယ်။ ငါမဝါဘူး ဆိုတာ ဘုရားသခင် သိအယ်၊
ငါဟ ခရစ်တော် ယေရှုရဲ့ မေတ္တာဖြင့် နင်လို့အားလုံးဟို စလောက် လွမ်းဆွတ်ကျောန်း ဘုရားသခင်ဟ ငါ့သက်သေ ဖြစ်အယ်။
မြှောက်ထိုးပင့်ခေါ်သော စကားဖြင့် ငါလို့ဟ နင်လို့ဆေဟို မလာကျောန်း ကောင်းစွာသိအယ်၊ ငါလို့ဟ လောဘကို ဖုံးကွယ်ရန် စကားလုံးများဟို မသုံးခဲ့ကျောန်း ဘုရားသခင်ဟ ငါလို့ရဲ့ သက်သေ ဖြစ်အယ်။
ဟေလို့ ပညတ်ရခြင်း ရည်ရွယ်ချက်မှာ စင်ကြယ်သော စိတ်နေလုံး၊ ကောင်းသော အသိစိတ်နဲ့ စစ်မန်သော ယုံကြည်ခြင်းလို့မှ ဖြစ်ပေါ်လာလဲ့ ချစ်ခြင်းမေတ္တာ ဖြစ်အယ်။
အဲအကျောန်းကျောန့် ကိုယ်တော်ဟ ငါ့အား တမန်တော်အဖြစ် လည်းကောင်း၊ လူမျိုးခြားလို့ရဲ့ ဆရာအဖြစ် လည်းကောင်း၊ ယုံကြည်ခြင်း တရားနဲ့ သမ္မာတရားဟို ဟောပြောသွန်သင်ရန် ခန့်ထားအယ်။ ငါဟ ဝါပြောတာ မဟုတ်၊ မန်သောစကားဟို ပြောနေခြင်း ဖြစ်အယ်။
နင်ဟ ဟေအရာလို့ဟို ခွဲခြားခြင်း မဆိဘဲ စောင့်ဆှောက်ယွေ့ စလိုအရာဟိုမျှ ဘက်လိုက်ခြင်း မဆိဘဲ ပြုမူရန် ဘုရားသခင်နဲ့ ခရစ်တော် ယေရှုမှစယွေ့ ရွေးချယ်ခံရသော ခေါန်းခင်တမန်လို့ဆေ့နှိုက် ငါအလေးအနက် တိုက်တွန်းအယ်။