Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ရောမ 8:3 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

3 ဇာတိအားဖြင့် ပညတ်တရားဟ အားနည်းသောကျောန့် မတတ်နိန်သောအမှုဟို ဘုရားသခင်ဟ ဆောင်ရွက်ပေးအယ်။ ကိုယ်တော်ဟ အပစ်တရားဟို ဇာတိသဘောတွင် အပစ်ဒဏ်စီရင်နိန်ရန် မိမိရဲ့ သားတော်အား လောကဟို စေလွှတ်ခြင်းအားဖြင့် အပစ်တရားဟို ဖယ်ဆှားရန် ငါလို့ရဲ့ အပစ်ဆိသော ဇာတိသဘောလိုမျိုး သဘောသဘာဝနဲ့လာအယ်။

Faic an caibideil Dèan lethbhreac




ရောမ 8:3
28 Iomraidhean Croise  

သူလို့ဟ ကိုယ်တော်နဲ့အတူ ထားပြနေယောက်ဟို ညာဖက်တွင် တယောက် ဘယ်ဖက်တွင် တယောက် လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ကြအယ်။


နှုတ်ကပတ်တော်ဟ လူသားအဖြစ် ခံယူယွေ့ ကျေးဇူးတော်နဲ့ သမ္မာတရားဟို ပြေ့စုံလျက် ငါလို့ထဲတွင် ကျိန်းဝပ်အယ်။ ငါလို့ဟ ကိုယ်တော်ရဲ့ ဘုန်းအသရေဟို မျော်ကြရအယ်၊ အဲဘုန်းအသရေဟ ခမည်းတော်ရဲ့ တပါးတည်းသော သားတော်အဖြစ် ခံယူရဆိလဲ့ ဘုန်းအသရေ ဖြစ်အယ်။


အေးကျောန့် သူလို့ဟ မျက်စေ့ကန်းဖူးသောသူဟို ဒုတိယအကြိမ် ခေါ်ပင်း “ကတိပေးထားလဲ့အတိုင်း ဘုရားသခင်ဆေ့နှိုက် အမန်တရားဟို ပြောမန့်၊ နင့်ဟို ကျန်းမာစေသောသူဟ အပစ်သားဖြစ်ကျောန်းဟို ငါလို့ သိအယ်” ဟု ဆိုကြအယ်။


သူ့အားဖြင့် ယုံကြည်သူအပေါင်းလို့ဟ အပစ်တရားမှ လွှတ်ယွေ့၊ မောရှေရဲ့ ပညတ်တရားအားဖြင့် ဖြောင့်မတ်တာဟု အသိအမှတ်ပြုခြင်း မခံရနိန်။


အကျောန်းမှာ ပညတ်တရားရဲ့ အကျင့်အားဖြင့် ဘုရားသခင်ရဲ့ ဆေ့တော်နှိုက် စသူမှ ဖြောင့်မတ်ရာဟို မရောက်နိန်။ ပညတ်တရားရဲ့ ဆောင်ရွက်ချက်မှာ ငါလို့ဟ အပစ်ဆိကျောန်းဟို သိစေချင်အယ်။


ငါလို့ ဇာတိဟောင်းဟို ခရစ်တော်နဲ့အတူ လက်ဝါးကပ်တိုင်တွင် အသေခံပီဟု ငါလို့ သိကြအယ်၊ အေးလို့ လုပ်စေရခြင်းမှာ အပစ်တရားရဲ့ စွမ်းအားဟို ဖျက်ဆီးခြင်းအားဖြင့် ငါလို့ဟ အပစ်ရဲ့ ကျွန်ဖဝါ့မှ လွတ်မြောက်ကြစေရန်ပင် ဖြစ်ကျောန်း ငါလို့ သိကြအယ်။


ငါ့အသက်ဆှင်လဲ့ အထဲမှာ ကောင်းသောအရာ မဆိကျောန်းဟို ငါ သိအယ်၊ အေးအရာဟ ငါရဲ့ လူ့သဘောသဘာဝ ဖြစ်အယ်။ အကျောန်းမှာ ကောင်းသော အကျင့်ဟို ငါကျင့်ချင်သောအခါ ငါ အဲဒါဟို လုပ်လို့ မရဘူး။


မိမိရဲ့ သားတော်ရင်းဟို မနှမြောဘဲ ငါလို့ ဆိသမျှအဖို့ စွန့်သောသူဟ၊ ငါလို့အတွက် သားတော်ဟို ပူဇော်သောသူဟ အရာခပ်သိမ်းဟို ငါလို့အား အလကားကား မပေးဘဲ နေမလော။


အကျောန်းမှာ သွေးသားဇာတိအားဖြင့် ငါရဲ့ အမျိုးသားခြင်းများ ဖြစ်ကြသော ငါ့ညီအကိုလို့အတွက် ငါတတ်တိုင်း ခရစ်တော်နဲ့ကွဲကွာလျက် ကျိန်ခြင်းဟိုပင် ခံလိုသော ဆန္ဒဆိအယ်။


ဘုရားသခင်ဟ အပစ်နဲ့ ကင်းစင်သောသူဟို ငါလို့အတွက်ကျောန့် အပစ်ဆိသောသူ ဖြစ်စေအယ်၊ ဟေဟာဟ ငါလို့သည် အဲသူအားဖြင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း ဖြစ်လာမဲ့အကျောန်း ဖြစ်အယ်။


အဲလိုလဲ ငါလို့အတွက် ကျိန်ခြင်းခံရခြင်းအားဖြင့် ခရစ်တော်ဟ ငါလို့ဟို ပညတ်တရားရဲ့ ကျိန်ခြင်းမှ ရွေးနှုတ်အယ်။ အကျောန်းမှာ ကျမ်းစာပြောတာဟ “သစ်တိုင်ပေါ်မှာ ဆွဲခြင်းခံရသူတိုင်း ဘုရားသခင်ရဲ့ ကျိန်ခြင်းဟို ခံရအယ်။”


ပညတ်တရားဟ ဘုရားသခင်ရဲ့ ကတိတော်များနဲ့ ဆန့်ကျင်တာဟို ဆိုလိုသလော။ စလိုမှ ဟုတ်ဝူး။ အကျောန်းမှာ လူသားလို့ဟ အသက်ဟို ဆောင်ကြဉ်းနိန်သော ပညတ်တရားဟို ခံယူကြရင်၊ အေးနောက် လူတိုင်းဟ ဘုရားသခင်ဟို နာခံခြင်းဖြင့် မန်ကန်စွာ ရပ်တည်နိန်မယ် ဖြစ်အယ်။


ဟေသို့ပြုမဲ့အစား မိမိအလိုအလျောက် ဘုန်းအသရေဆိသမျှဟို စွန့်ယွေ့ အစေခံရဲ့ သဏ္ဌာန်ဟို ခံယူအယ်။ ကိုယ်တော်ဟ လူ့အသွင်ဟို ယူဆောင်ယွေ့ လူကဲ့သို့သောအဖြစ်ဟို ခံယူအယ်။


အားပေမဲ့ ခရစ်တော်ဟ တခုတည်းသောယဇ်ဟို အပစ်များအတွက် ထာဝစဉ် ပူဇော်ပင်းရင် အဲအချိန်မှစယွေ့ ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ထိန်လျက်


အကျောန်းမှာ ကိုယ်တော်ဟ တခါတည်းသော ပူဇော်သကာအားဖြင့် သန့်ဆှင်းစေခြင်း ခံရသောသူလို့အား ထာဝစဉ် စုံလင်စေအယ်။


အဲလူပဲ့သူငယ်လို့ဟ အသွေးအသား ဆိကြတာ ဖြစ်ယွေ့ ကိုယ်တော်ဟလည်း သူလို့တိုင်းတိုင်း အဲအသွေးအသားဟို မျှဝေခံယူအယ်၊ ဟေဟာဟ အသေခံခြင်းအားဖြင့် သေခြင်းရဲ့ တန်ခိုးဟို ပိုင်သောသူဖြစ်လဲ့ မာရ်နတ်ဟို ဖျက်စီးလျက်


အဲကျောန့် ကိုယ်တော်ဟ လူလို့ရဲ့ အပစ်များအတွက် အသနားခံခြင်းအမှုဟို ပြုရန် ဘုရားသခင်ဆေ့နှိုက် သနားကြင်နာတတ်လဲ့ သစ္စာဆိသော ယဇ်ပုရောဟိတ်မင်းဖြစ်မဲ့ အကျောန်းအရာရာနှိုက် ညီအကို မောင်နှမများနဲ့ တူရအယ်။


အကျောန်းမှာ ငါလို့ရဲ့ ယဇ်ပုရောဟိတ်မင်းဟ ငါလို့ရဲ့ အားနည်းချက်များအတွက် မကြင်နာနိန်သူ မဟုတ်။ ငါလို့တိုင်းတိုင်း စုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးဟို ခံခဲ့ရသူ ဖြစ်အယ်၊ အားပေမဲ့ အပစ်နဲ့ ကင်းလွတ်အယ်။


ငါလို့ဟ အပစ်အရာနှိုက် သေဆုံးယွေ့ ဖြောင့်မတ်ခြင်းအရာနှိုက် အသက်ဆှင်မဲ့အကျောန်း ကိုယ်တော်ဟ လက်ဝါးကပ်တိုင်ပေါ်တွင် ငါလို့ အပစ်များဟို မိမိရဲ့ ကိုယ်ခန္ဓာနှိုက် ကိုယ်တော်တိုင် ယူဆောင်အယ်။ နင်လို့ဟ ကိုယ်တော်ရဲ့ ဒဏ်ချက်တော်အားဖြင့် အနာရောဂါ ပျောက်ကင်းခြင်း အခွင့်ဟို ရဆိကြအယ်။


Lean sinn:

Sanasan


Sanasan