Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ရောမ 8:2 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

2 ပစာကို့ ခရစ်တော် ယေရှုအားဖြင့် အသက်ဆှင်ခြင်းသို့ ရောက်သော ဝိညာဉ်တော်ရဲ့ ပညတ်တရားဟ သေခြင်းနဲ့ အပစ်တရားလက်မှ ငါ့ဟို လွတ်မြောက်စေသောကျောန့် ဖြစ်အယ်။

Faic an caibideil Dèan lethbhreac




ရောမ 8:2
29 Iomraidhean Croise  

ယေရှုဟ “ဘုရားသခင် ပေးလဲ့ ဆုကျေးဇူးနဲ့ နင့်အား သောက်ဖို့ ယေတောင်းနေသူဟ စသူဖြစ်တာဟို နင်သိရင် အေးသူဆေမှ အသက်ယေဟို တောင်းလိမ့်မယ်၊ အေးသူဟလည်း နင့်အား အေးယေဟို ပေးလိမ့်မယ်” ဟု မိန့်လေအယ်။


အဲလိုလဲ ငါပေးလဲ့ ယေဟို သောက်သူဟ နောက်တဖန် ဖယ်တော့မှ ယေငတ်ခြင်းနဲ့ ကင်းလွတ်လိမ့်မယ်။ အမန်တကယ် ငါပေးလဲ့ ယေဟ အဲသူလို့နှိုက် ထာဝရ အသက်ဆှင်ခြင်းအလိုငှာ ထွက်သောစမ်းယေ ဖြစ်လိမ့်မယ်” ဟု မိန့်လေအယ်။


ဘုရားသခင်ရဲ့ ဝိညာဉ်တော်သာ အသက်ဟို ဆှင်စေနိန်အယ်၊ လူလို့ရဲ့ တန်ခိုးဟ စလိုမျှ မတတ်နိန်။ နင်လို့အား ငါပြောသောစကားဟ အသက်ဆှင်စေလဲ့ ဝိညာဉ်တော်နဲ့ ဆိုင်အယ်။


နင်လို့ဟ သမ္မာတရားဟိုလည်း သိသောကျောန့် အေးသမ္မာတရားဟ နင်လို့အား လွတ်မြောက်စေလိမ့်မယ်” ဟု မိန့်အယ်။


အဲလိုမို့ နင်လို့အား သားတော်ဟ လွတ်မြောက်စေရင် နင်လို့ဟ အမန်တကယ် လွတ်မြောက်ကြလိမ့်မယ်။


ခရစ်တော် ယေရှုရဲ့ အစေဟို ခံရာတွင် ငါ့ရဲ့ လုပ်ဖော်ဆောင်ဖက်များဖြစ်သော ပြစ်ကိလနဲ့ အာကုလလို့အား ငါရဲ့ နှုတ်ဆက်စကား ပေးပို့လိုက်ပါအယ်။


သို့ဖြစ်ရင် ငါလို့ဟ ဝါကြွားနိန်စရာအကျောန်း ပစာနားမှာ ဆိမလုန်း၊ အေးအကျောန်းပြချက်ဟ ဘာလဲ။ ပညတ်တရားဟို ငါလို့ ကျင့်သုံးခြင်း အားဖြင့်လော။ မဟုတ်ပါ။ ငါလို့ ယုံကြည်လဲ့အတွက်ကျောန့် ဖြစ်အယ်။


အဲလို့မို့ အပစ်တရားဟ သေခြင်းအားဖြင့် အစိုးရလဲ့အတိုင်း၊ ကျေးဇူးတော်ဟလည်း ဖြောင့်မတ်ခြင်းအားဖြင့် အစိုးရယွေ့ ငါလို့ သခင် ယေရှု ခရစ်အားဖြင့် ထာဝရအသက်ဟို ရဆိစေရန် ဖြစ်အယ်။


အပစ်တရားဟ နင်လို့ရဲ့ သခင် မဖြစ်စေနဲ့၊ နင်လို့ဟ ပညတ်တရား လက်အောက်နှိုက် ဆိတာမဟုတ်၊ ဘုရားသခင်ရဲ့ ကျေးဇူးတော် အောက်နှိုက် ဆိကြသောကျောန့် ဖြစ်အယ်။


နင်လို့ဟ အပစ်တရားမှ လွတ်မြောက်ကြပင်း၊ ဖြောင့်မတ်ခြင်းရဲ့ ကျွန် ဖြစ်လာအယ်။


အဲလိုလဲ အခုမှာ နင်ဟ အပစ်တရားမှ လွတ်မြောက်ပင်းရင် ဘုရားသခင်ရဲ့ ကျွန်များ ဖြစ်လာကြပီ။ နင်လို့ရဆိလဲ့ ကိုယ်တော်အတွက် မိမိကိုယ်ကို အကြွင်းမဲ့ ဆက်ကပ်ခြင်း ဖြစ်အယ်၊ အဲရဲ့ ရလဒ်ဟ ထာဝရအသက် ဖြစ်အယ်။


အေးကျောန့် ပညတ်တရားဟာ အလုပ်ဖြစ်နေပီ ဆိုတာဟို ငါ တွေ့ဆိခဲ့အယ်၊ ငါကောင်းသောအမှုဟို ပြုလိုသောအခါ၊ မကောင်းသောအကျင့်ဟို ငါ ကျင့်ချင်သောစိတ် ဆိအယ်။


အဲလိုလဲ ငါ့ရဲ့ ခန္ဓာကိုယ် အထဲမှာဆိလဲ့ အခြား ပညတ်တရား အလုပ်တခုဟို ငါ မျော်ရအယ်၊ ငါ့ရဲ့ စိတ်ထဲမှ လက်ခံလဲ့ ပညတ်နဲ့ ဆန့်ကျင်သော ပညတ် ဖြစ်အယ်။ ၎င်းဟ ငါ့ရဲ့ ခန္ဓာကိုယ်နှိုက် အလုပ်လုပ်နေလဲ့ အပစ်တရားရဲ့ ပညတ်တရားဟို အကျဉ်းကျစေအယ်။


အေးနည်းတူ ငါ့ညီအကိုလို့၊ နင်လို့ဟလည်း ခရစ်တော်ရဲ့ ကိုယ်ခန္ဓာအားဖြင့် ပညတ်တရားအရာနှိုက် သေဆုံးခဲ့ကြပီ၊ အေးစာဟ နင်လို့ဟ အခြားသူတည်းဟူသော သေသောသူလို့ထဲမှ ထမြောက်သောအဆှင်နဲ့ သက်ဆိုင်သောသူများ ဖြစ်လာကြပင်း ဘုရားသခင်အတွက် အသီးများ ဖြစ်ထွန်းစေရန် ဖြစ်အယ်။


အေးကျောန့် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်သူလို့ဟ အပစ်စီရင်ခြင်းနဲ့ အခု လွတ်ကြအယ်။


ကျမ်းစာလာတာဟ “ပထမ လူအာဒံဟ အသက်ဆှင်သောသူ ဖြစ်လာအယ်” ဟု ဖော်ပြအယ်။ နောက်ဆုံးဖြစ်သော အာဒံဟလည်း အသက်ဟို ရဆိစေသော ဝိညာဉ် ဖြစ်အယ်။


အကျောန်းမှာ “သခင်ဘုရား” ဟု ဆိုရာတွင် ဝိညာဉ်တော်ဟို ဆိုလိုအယ်၊ သခင်ဘုရားရဲ့ ဝိညာဉ်တော်ဆိရာ အရပ်နှိုက် လွတ်လပ်မှု ဆိအယ်။


ဘုရားသခင်ဟ ပဋိညာဉ်သစ်ရဲ့ အမှုတော်ဆောင်များအဖြစ် ငါလို့အား အရည်ချင်း ပြေ့မီစေခြင်းငှာ ပေးအယ်၊ အဲပဋိညာဉ်သစ်ဟ ကျမ်းဟောင်းတရားနဲ့ မဆိုင် ဝိညာဉ်တော်နဲ့သာ ဆိုင်အယ်။ ကျမ်းဟောင်းတရားဟ အသက်ဟို သေစေတတ်အယ်၊ အားပေမဲ့ ဝိညာဉ်တော်ဟ အသက်ဆှင် စေတတ်အယ်။


အေးလိုမို့ ငါဟ ဘုရားသခင်နှိုက် အသက်ဆှင်ရန် အလို့ငှာ ပညတ်တရားအားဖြင့် အသေသတ်ခြင်းဟို ခံရပါအယ်။ ငါဟ ခရစ်တော်နဲ့အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းဟို ခံရပီ။


လွတ်လပ်မှု ရဆိစေရန် ခရစ်တော်ဟ ငါလို့ဟို လွတ်မြောက်စေအယ်။ အေးနောက် လွတ်လပ်သော သူလို့လိုမျိုး ရပ်တည်ပင်း နင်တတ်တိုင်း နောက်တခါ ကျွန်ခံရာ ထမ်းပိုးဟို ထမ်းယွေ့ တုတ်ချေခြင်းဟို မခံကြနဲ့။


ဝန်ထုပ်ဝန်ပိုးကို အချင်းချင်း ကူညီထမ်းကြလော့ အားပင်း အေးနည်းအားဖြင့် နင်ဟ ခရစ်တော်ရဲ့ ပညတ်တရားဟို နာခံလိမ့်မယ်။


အားပေမဲ့ လူလို့အား အပစ်အနှောင်အဖွဲ့မှ လွတ်မြောက်စေသော စုံလင်လဲ့တရားဟို သေချာစွာ လေ့လာကျေ့ရှုသောသူဟ တရားနာရုံသာ နာယွေ့ မေ့လျော့သောသူ မဟုတ်ဘဲ ဆက်လက် အာရုံပြုကာ လက်တွေ့ကျင့်သုံးသောသူဖြစ်သဖြင့် စလိုအမှုမျိုးဟို ပြုတာမဆို ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာဟို ခံစားရလိမ့်မယ်။


အဲပင်းရင် သုံးရက်ခွဲကြာသောအခါ ဘုရားသခင်ဆေမှ အသက်ဝိညာဉ်ဟ အဲသူလို့အထဲဟို ဝင်သဖြင့် သူလို့ဟ ထယွေ့ မတ်တတ်ရပ်ကြအယ်။ အဲသူလို့ဟို မျော်သောသူလို့ဟ ရမ်းဆာ့ ကြောက်ရွံ့ကြအယ်။


အဲပင်းရင် ခေါန်းခင်တမန်ဟ ကျောက်သလင်းလို ကြည်လင်တောက်ပသော အသက်ယေစီးရာ မြစ်ဟို ငါ့အား ပြလေအယ်။ အဲမြစ်ဟ ဘုရားသခင်နဲ့ သိုးသငယ်ရဲ့ ပလ္လင်တော်မှ ထွက်ယွေ့


Lean sinn:

Sanasan


Sanasan