18 အခု လက်ဆိကာလနှိုက် ငါလို့ခံရကြလဲ့ ဆင်းရဲဒုက္ခဟို ငါလို့အား ပေါ်လွင်ထင်ဆှားမဲ့ ဘုန်းအသရေနဲ့ နှိုင်းယှဉ်ယွေ့ မရဟု ငါထင်အယ်။
အဲလိုလဲ ဘုရားသခင်ရဲ့ကျေးဇူးတော်အကျောန်း သတင်းကောင်းဟို သက်သေခံစေယွေ့၊ သခင် ယေရှုဟ ငါ့ဟို ပေးအပ်ထားသော အမှုတော်လုပ်ငန်း ပီးမြောက်စေနိန်ရန်အတွက်ဆိုရင် ငါဟ မိမိအသက်ဟိုပင် နှမြောခြင်း မဆိ။
ဟေလောကဟ ဘုရားသခင် သားလို့ရဲ့ ပေါ်ထွန်းခြင်းအရာဟို ရမ်းဆာ့ တောင့်တ မျော်လင့်လျက်နေအယ်။
နင်လို့ရဲ့ အသက် အစစ်မန်ဖြစ်သော ခရစ်တော် ထင်ဆှားသောအခါ နင်လို့ဟလည်း ကိုယ်တော်နဲ့အတူ ဘုန်းအသရေ ထင်ဆှားကြလိမ့်မယ်။
ငါလို့ ဟောပြောသော ဧဝံဂေလိတရားအားဖြင့် ဘုရားသခင်ဟ နင်လို့ဟို ခေါ်ယွေ့၊ ငါလို့ သခင် ယေရှု ခရစ်ရဲ့ ဘုန်းအသရေဟို နင်လို့ ရဆိစေရန်အတွက် ဖြစ်အယ်။
ကြီးမြတ်လဲ့ ဘုရားသခင်ဖြစ်သော ငါလို့ရဲ့ ကယ်တင်ဆှင် ယေရှုခရစ်တော်ရဲ့ ဘုန်းတော်ပေါ်ထွန်းခြင်းတည်းဟူသော မင်္ဂလာဆိသော မျှော်လင့်ခြင်းဟို စောင့်မျှော်ရန်လည်းကောင်း သွန်သင်လျက်ဆိအယ်။
မိန်းမလို့ဟ ယုံကြည်ခြင်းအားဖြင့် သေသောသူလို့ထဲမှ ဆှင်ပြန်ထမြောက်စေခြင်း ခံရလဲ့ မိမိလို့နဲ့ဆိုင်သော သူလို့ဟို ပြန်လည်ရဆိကြအယ်။ လူအချို့လို့ဟလည်း သာယွေ့ မြတ်သော ဆှင်ပြန်ထမြောက်ခြင်းဟို ရဆိရန် လွတ်မြောက်ခြင်းဟို မခံယူဘဲ ပြင်းထန်သော နှိပ်စက်ခြင်းဟို ခံယူကြအယ်။
အေးကျောန့် လုပ်ဆောင်ချက်အတွက် စိတ်ဟို ပြင်ဆင်ထားကြလော့။ နိုးနိုးကြားကြားဆိယွေ့ ယေရှု ခရစ်တော် ပေါ်ထွန်းလာသောအခါ နင်လို့အား ပေးမဲ့ ကောင်းချီးအပေါ် မျှော်လင့်ချက် အပြေ့ထားကြလော့။
ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခများနှိုက် ပါဝင်ရလဲ့အတွက် ဝမ်းမြောက်ကြလော့။ အေးဟာဟ ခရစ်တော်ရဲ့ ဘုန်းအသရေ ထင်ဆှားသော အချိန်နှိုက် နင်လို့ဟ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မယ်။
သို့ဖြစ်ယွေ့ အသင်းတော် အကြီးအကဲတဦးဖြစ်ပင်း ခရစ်တော်ရဲ့ ဒုက္ခဝေဒနာများဟို သက်သေခံသူနဲ့ ထင်ဆှားလာတော့မဲ့ ကိုယ်တော်ရဲ့ ဘုန်းအသရေတော်ဟို မျှဝေခံစားသူဖြစ်သော ငါဟ နင်လို့တွင် ဆိသော အသင်းတော် အကြီးအကဲများဟို တိုက်တွန်းနှိုးဆော်အယ်။
ချစ်ရသောသူလို့၊ အခု ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ အားပေမဲ့ နောင်ကာလတွင် ငါလို့ စလိုဖြစ်ကြမယ်ဟို ထင်ဆှားစွာ မသိသေးသော်လည်း ကိုယ်တော်ပေါ်ထွန်းသောအခါ ကိုယ်တော်ဟို ပကတိအဖြစ်တော်အတိုင်း မျော်ရကြမယ် ဖြစ်ယွေ့ ငါလို့ဟ ကိုယ်တော်နဲ့ တူကြမယ်ဟို ငါလို့ သိကြအယ်။