14 ဘုရားသခင်ရဲ့ ဝိညာဉ်တော် ဆုံးမပဲ့ပြင်သော သူလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။
ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ အဲသူလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များဟု အခေါ်ခံရကြလိမ့်မယ်။
အဲလိုလဲ ကိုယ်တော်ဟို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ရဲ့ နာမဟို ယုံကြည်သောသူလို့အား ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်ခွင့်ဟို ပေးအယ်။
ဟေလောကဟ ဘုရားသခင် သားလို့ရဲ့ ပေါ်ထွန်းခြင်းအရာဟို ရမ်းဆာ့ တောင့်တ မျော်လင့်လျက်နေအယ်။
ဇာတိပကိအတိုင်း အသက်ဆှင်သော သူလို့ဟ ဇာတိပကတိ ဆန္ဒဆိတာဟို သူလို့စိတ်ထဲတွင် ထားကြအယ်။ အဲလိုလဲ ဝိညာဉ်ပကတိ ဆိသော သူလို့ဟတော့၊ ဝိညာဉ်ပကတိနဲ့ ဆိုင်သောအရာလို့ဟို စွဲလမ်းသော စိတ်သဘော ဆိကြအယ်။
အဲလိုလဲ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အထဲနှိုက် ကျိန်းဝပ်ရင် နင်လို့ဟ ဇာတိပကတိဘက်နှိုက် အသက်မဆှင်။ အဲအစား ဝိညာဉ်တော်ရဲ့ လှုံ့ဆော်လဲ့အတိုင်း ပြုမူကျင့်ကြံကြအယ်။ ခရစ်တော်ရဲ့ ဝိညာဉ်တော်ဟို မရသောသူဟ ကိုယ်တော်နဲ့ မဆိုင်။
ပင်းတော့ ‘နင်လို့ဟာ ငါရဲ့ လူ မဟုတ်’ ဟု အပြောခံရသော အဲနေရာနှိုက် အသက်ဆှင်သော ဘုရားသခင်ရဲ့ သား ဟု ခေါ်ဝေါ်ခြင်းဟို ခံရလိမ့်မယ်” ဟု မိန့်အယ်။
တနည်းပြောရရင် ဘုရားသခင်ရဲ့ လူပဲ့သငယ်တွေဟာ ဇာတိသွေးသားဆိုင်ရာအရ ဆင်းသက်လာတဲ့ လူပဲ့တွေ မဟုတ်ဘဲ အာဗြဟံရဲ့ သားစဉ်မြေးဆက်တွေလို့ မှတ်ယူခံရတဲ့ ကတိတော်နဲ့ဆိုင်လဲ့ လူပဲ့တွေဟု ခေါ်နိန်ပေအယ်။
ငါဟ နင်လို့ရဲ့အဖ ဖြစ်လိမ့်မယ်၊ နင်လို့ဟလည်း ငါရဲ့ လူပဲ့သငယ်များ ဖြစ်ကြလိမ့်မယ်ဟု အနန္တတန်ခိုးနဲ့ ပြေ့စုံသော ဘုရားသခင် မိန့်လေအယ်။”
နင်လို့အားလုံးဟ ယုံကြည်ခြင်းအားဖြင့် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဆိသော ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။
ပညတ်တရားအောက်နှိုက် ဆိသောသူများဟို ရွေးနှုတ်ရန် ဖြစ်အယ်။ အေးလိုမို့ ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်လာရအယ်။
နင်လို့ဟ သူရဲ့ လူပဲ့သူငယ်များ ဖြစ်ကျောန်း ပြသရန် ဘုရားသခင်ဟ “အဗ္ဗ၊ ငါ့ အဖ” ဟု ကြွေးကြော်သော သားတော်ရဲ့ ဝိညာဉ်တော်ဟို ငါလို့ရဲ့ စိတ်နလုံးထဲဟို စေလွတ်ခဲ့အယ်။
ငါ အေးအရာဟို စလိုပြောလဲဆိုရင် ဝိညာဉ်တော်ဟ နင့်ရဲ့အသက်တာဟို ညွှန်ကြားပါစေ၊ အားပင်း နင်ဟ လူ့သဘောသဘာဝရဲ့ အလိုဆန္ဒများကို ဖြည့်ဆည်းပေးမယ် မဟုတ်ပေ။
ဝိညာဉ်တော်ဟ နင့်ဟို ပို့ဆောင်ရင် နင်ဟ ပညတ်တရားရဲ့အောက်နှိုက် ဆိကြအယ် မဟုတ်။
ဘုရားသခင်ဟ ယေရှု ခရစ်အားဖြင့် ငါလို့ဟို သူရဲ့ လူပဲ့သငယ်များ ဖြစ်စေရန် ဆုံးဖြတ်ထားပင်း၊ အေးစာဟ သူရဲ့အလိုတော်နဲ့ ရည်ရွယ်ချက် ဖြစ်အယ်။
အကျောန်းမှာ အလင်းရဲ့ အသီးအပွင့်ဟ ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာတရားလို့ ဖြစ်အယ်။
ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များဟု ခေါ်ခြင်းခံရကြသော အခွင့်ဟို ရကြသဖြင့် ငါလို့အား ခမည်းတော်ဟ စလောက်ချစ်တာဟို ဆင်ခြင်ကြလော့။ ငါလို့ဟ အမန်ပင် ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ ဟေအကျောန်းကျောန့် ဟေလောကသားလို့ဟ ငါလို့ဟို မသိ၊ သူလို့ဟ ခမည်းတော်ဟိုလည်း မသိ။
ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ထိန်းသောသူဟ ဘုရားသခင်နှိုက် တည်ယွေ့ ဘုရားသခင်ဟလည်း အဲသူနှိုက် တည်အယ်။ ဘုရားသခင်ဟ ငါလို့နှိုက် တည်ကျောန်းဟို ငါလို့အား ပေးသော ဝိညာဉ်တော်အားဖြင့် ငါလို့ သိကြအယ်။
အောန်မြင်သောသူဟ ဟေအရာလို့ဟို အမွေဆက်ခံရလိမ့်မယ်။ ငါဟ သူရဲ့ ဘုရားသခင် ဖြစ်မယ်၊ သူဟလည်း ငါရဲ့ လူပဲ့သငယ် ဖြစ်လိမ့်မယ်။