15 ငါ့ပစာလုပ်လဲဆိုတာဟို ငါ့တတ်တိုင်း နားမလည်၊ အကျောန်းမှာ ငါဟ ကျင့်ချင်သော အကျင့်ဟို မကျင့်ဘဲ ငါမုန်းလဲ့အရာဟိုသာ လုပ်သောကျောန့် ဖြစ်အယ်။
နင်လို့ရဲ့ ဖိုးဖေးများ ကျူးလွန်ခဲ့လဲ့ အမှုများတွင် နင်လို့ဟ သက်သေဖြစ်ကြအယ်။ ဖိုးဖေးများဟ ပရောဖက်များဟို သတ်ယွေ့ နင်လို့ဟ လုတ်တိုင်းများဟို ဆောက်ပေးနေကြအယ်။
အခုမှစယွေ့ နင်လို့အား အစေခံ ဟူယွေ့ ငါခေါ်တော့မှာမဟုတ်၊ ပစာကို့ အစေခံဟ သခင်ပြုသောအမှုဟို မသိဝူး။ ခမည်းတော်ဆေမှ ငါကြားသမျှသောအရာလို့ဟို နင်လို့အား ငါပြောပင်းဖြစ်သောကျောန့် နင်လို့ဟို မိတ်ဆွေဟူယွေ့ ငါ ခေါ်အယ်။
ချစ်ခြင်းမေတ္တာဟို ဟန်ဆောင်မှုနဲ့ ကင်းစေလော့၊ မကောင်းမှုဟို မုန်းပင်း ကောင်းသောအရာဟို အမြဲစွဲကိုင်ကြလော့။
အေးကျောန့် ဟေအရာများနဲ့ ပတ်သက်ယွေ့ နင်ဟ စလို ယုံကြည်ချက်ဟို မဆို နင်နဲ့ ဘုရားသခင် ကြားတွင် ထားပါ။ မိမိမန်တာဟု ယုံကြည်လဲ့အတိုင်း တရားစစ်ဆေးခြင်း မခံသောသူဟ မင်္ဂလာဆိအယ်။
ငါဟ မိမိမလုပ်ချင်သော အရာများဟို လုပ်ကတည်းဟ အဲပညတ်တရားဟ မန်တယ်လို့ ငါသဘောတူတယ် ဆိုတာဟို ပြသအယ်။
အကျောန်းမှာ ငါလို့ရဲ့ လူ့သဘောသဘာဝဟ ဝိညာဉ်တော် အလိုဆိသောအရာနဲ့ ဆန့်ကျင်ဘက် ဖြစ်ပင်း ဝိညာဉ်တော် အလိုဆိသောအရာဟ ငါလို့ရဲ့ လူ့သဘောသဘာဝဆန္ဒနဲ့ ဆန့်ကျင်ဘက် ဖြစ်အယ်။ အေးနေခုဟ ရန်သူတွေ ဖြစ်ပင်း ဆိုလိုတာဟ နင်လုပ်ချင်တာကို လုပ်လို့ရဝူး။
အားပေမဲ့ ဘုရားသခင် ချထားလဲ့ အုတ်မြစ်ဟ ခိုင်ခံ့လျက်ဆိပင်း အဲအုတ်မြစ်ပေါ်တွင် “ထာဝရဘုရားဟ မိမိရဲ့ လူစုတော်အား သိအယ်” ဟူယွေ့ လည်းကောင်း၊ “သခင်ဘုရားရဲ့ နာမဟို ခံရသူအပေါင်းလို့ဟ မကောင်းသောအမှုဟို ဆှောင်ကြဉ်ရကြမယ်” ဟူယွေ့ လည်းကောင်း တံဆိပ်ခတ်နှိပ်ထားအယ်။
ကိုယ်တော်ဟ ဖြောင့်မတ်ခြင်းဟို နှစ်သက်ယွေ့ တရားမဲ့ခြင်းဟို မုန်းပါအယ်။ အဲကျောန့် ကိုယ်တော်ရဲ့ ဘုရားတည်းဟူသော ဘုရားသခင်ဟ ကိုယ်တော်အား ရွေးချယ်ယွေ့ ကိုယ်တော်ရဲ့ အပေါင်းအဖော်လို့ထက် ပိုမိုချီးမြှောက်ကာ ဝမ်းမြောက်ခြင်း ဆီနဲ့ ဘိသိက် ပေးအယ်” ဟု မိန့်အယ်။
ငါလို့ဆိသမျှဟ ရမ်းဆာ့ မားယွင်း တတ်ကြအယ်။ စသူမဆို စကားပြောခြင်းအရာနှိုက် မားယွင်းခြင်း မဆိရင် အဲသူဟ မိမိကိုယ်ခန္ဓာ တခုလုံးဟိုလည်း ချုပ်တည်းနိန်လဲ့ စုံလင်သောသူ ဖြစ်အယ်။
အချို့သောသူလို့ဟို မီးထဲမှ ဆွဲထုတ် ကယ်တင်ကြလော့။ အချို့လို့ဟို သူလို့ရဲ့ သွေးသားဇာတိဖြင့် ညစ်ညူးစွန်းထင်းနေသော အင်္ကျီကိုပင် ရွံမုန်းလျက် ကြောက်ရွံ့သော စိတ်နဲ့တကွ သူလို့ဟို ကရုဏာထားကြလော့။