1 အဲပင်းရင် ငါလို့ စလိုပြောရမလုန်း။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ပိုပင်း တိုးပွားစေဖို့ အပစ်တရားထဲမှာ ဆက်ပင်း အသက်ဆှင်နေသင့်သလော။
အဲဟာမဟုတ်ရင် သူရဲ့ ကြီးမားလဲ့ ကြင်နာမှု၊ စိတ်ဆှည်ခြင်းနဲ့ သည်းခံစိတ် ဆိခြင်းလို့ဟို မထီမဲ့မြင်ပြုသလော။ ဘုရားသခင်ဟ နင့်ဟို နောင်တရဖို့ရန် လမ်းပြပို့ဆောင်လျက် ဆိသောကျောန့် ကိုယ်တော်ဟ ကြင်နာကျောန်းဟို နင် အမန်သိအယ်။
အဲယုံကြည်ခြင်းအားဖြင့် ငါလို့ဟ ပညတ်တရားဟို ပယ်ဖျက်တာဟို ဆိုလိုသလော။ လုံးလုံး ဟုတ်ဝူး။ ပညတ်တရားဟို အတည်ပြုခြင်းသာ ဖြစ်အယ်။
အေးလို့ဖြစ်ရင် စလိုလဲ၊ ငါလို့ဟ ပညတ်တရား အောက်နှိုက်မဆိတော့ဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတရား အောက်နှိုက်ဆိကြသဖြင့် အပစ်ကျူးလွန်ရမယ်လော၊ အေးလို့မလုပ်ရ။
ငါ့မိတ်ဆွေလို့၊ နင်လို့အတွက်ဟတော့ လွတ်လပ်မှုအတွက် ခေါ်ခြင်းခံရကြအယ်။ အဲလိုလဲ အေးလွတ်လပ်မှုဟာ နင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဆန္ဒတွေကို ချုပ်ကိုင်ထားဖို့ အကျောန်းပြချက်တခု ဖြစ်လာအောန် မလုပ်ပါနဲ့။ အေးအစား ချစ်ခြင်းမေတ္တာအားဖြင့် အချင်းချင်း အစေခံစေ။
လွတ်လပ်သောသူများအဖြစ် အသက်ဆှင်ကြလော့။ အဲလိုလဲ အေးလွတ်လပ်ခြင်းဟို မကောင်းမှုလုပ်ရန် ဆင်ခြေဆင်လက်အဖြစ် အသုံးမပြုဘဲ ဘုရားသခင်ရဲ့ အစေအပါးအဖြစ် အသုံးပြုကြလော့။
အကျောန်းမှာ ငါလို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ကာမဂုဏ်လိုက်စားခြင်း အဖြစ်သို့ ပြောင်းလဲစေယွေ့ တပါးတည်းသော အဆှင်ဖြစ်သော ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို ငြင်းပယ်ကြလဲ့ ဘုရားမသိသောသူ အချို့လို့ဟ တိတ်တခိုး ဝင်ရောက်လာကြအယ်။ သူလို့ဟ ဟေပစ်ဒဏ်စီရင်ခြင်းဟို ခံရမယ်ဟု ဆေ့မခင်ကပင် ရေးထားလေပီ။