12 အဲလိုမို့ အပစ်တရားဟ လူတယောက်အားဖြင့် ဟေလောကဟို ဝင်ယွေ့ သူ့အပစ်ကျောန့် သေခြင်းတရား ပေါ်ပေါက်လာရအယ်။ ရလဒ်အနေဖြင့် လူတိုင်း အပစ်ဆိသောကျောန့် သေခြင်းဟ လူသားအားလုံး အပေါ်နှိုက် သက်ရောက်ခဲ့အယ်။
လူတိုင်းဟ အပစ်ပြုကြပင်း ဘုရားသခင်ရဲ့ ကယ်တင်ခြင်း မျက်မှောက်တော်နဲ့ ဝေးကွာအယ်။
အေးကျောန့် လူတယောက်ဟ အပစ်လုပ်သောကျောန့် လူအားလုံး အပစ်စီရင်ခြင်း ခံရကြလဲ့နည်းတူ တယောက်သောသူရဲ့ ဖြောင့်မတ်ခြင်းအားဖြင့် လူအားလုံးလို့ဟ ပစ်ဒဏ်စီရင်ခြင်းမှ လွတ်မြောက်ယွေ့ အသက်ဆှင်ရအယ်။
အေးအပြင် လူတဦးရဲ့ မနာခံခြင်းကျောန့် လူအားလုံးဟ အပစ်သားများ ဖြစ်လာသလိုမျိုး၊ လူတဦးရဲ့ နာခံမှုကျောန့် အေးသူအပေါင်းလို့ဟ ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခြင်းခံရကြအယ်။
အဲလို့မို့ အပစ်တရားဟ သေခြင်းအားဖြင့် အစိုးရလဲ့အတိုင်း၊ ကျေးဇူးတော်ဟလည်း ဖြောင့်မတ်ခြင်းအားဖြင့် အစိုးရယွေ့ ငါလို့ သခင် ယေရှု ခရစ်အားဖြင့် ထာဝရအသက်ဟို ရဆိစေရန် ဖြစ်အယ်။
နင်အခု ဆှက်ကြောက်နေလဲ့ အရာများမှ အေးအချိန်တွင် နင် ပစာ အကျိုးကျေးဇူးဟို ရခဲ့သလဲ။ အေးအရာများရဲ့ ရလဒ်ဟ သေခြင်း ဖြစ်အယ်။
အကျောန်းမှာ အပစ်တရားရဲ့ အခဟ သေခြင်းဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ အလကားကား လက်ဆောင်ဟ ငါလို့ အဆှင် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဖြစ်ခြင်းအားဖြင့် ရဆိလဲ့ ထာဝရ အသက် ဖြစ်အယ်။
သေမင်းရဲ့ အဆိပ်ဆူးဟ အပစ် ဖြစ်ယွေ့ အပစ်ရဲ့ တန်ခိုးဟ ပညတ်တရား ဖြစ်အယ်။
တကယ်တော့ ငါလို့အားလုံးဟာ သူလို့လိုပဲ ငါလို့ရဲ့ ဇာတိဆန္ဒတွေအရ ငါလို့ရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ဆန္ဒ ကိုက်ညီတဲ့ ဘာမဆို ပြုမှုနေအယ်။ ငါလို့ရဲ့ ပကတိအခြေအနေတွင် အခြားသူများလိုမျိုးပင် ငါလို့ဟ ဘုရားသခင်ရဲ့ အူထော့ခြင်းဟို ခံထိုက်သောသူများ ဖြစ်ကြအယ်။
အဲအခါ တပ်မက်ခြင်းဟ သန္ဓေတည်ယွေ့ အပစ်ဟို ဖွားမျော်ပင်း အပစ်ဟ ကြီးထွားလာသောအခါ သေခြင်းဟို ဖွားမျော်အယ်။
ငါလို့ဆိသမျှဟ ရမ်းဆာ့ မားယွင်း တတ်ကြအယ်။ စသူမဆို စကားပြောခြင်းအရာနှိုက် မားယွင်းခြင်း မဆိရင် အဲသူဟ မိမိကိုယ်ခန္ဓာ တခုလုံးဟိုလည်း ချုပ်တည်းနိန်လဲ့ စုံလင်သောသူ ဖြစ်အယ်။