15 အကျောန်းမှာ ပညတ်တရားဟ ဘုရားသခင်ဟို အူထော့စေပေမဲ့ ပညတ်တရား မဆိရင် ပညတ်တရားဟို ချိုးဖောက်ခြင်းလည်း မဆိနိန်။
ငါဟ လာယွေ့ အေးသူလို့အား မဟောပြောရင် သူလို့နှိုက် အပစ်မဆိ၊ အဲလိုလဲ အခုမှာ မိမိလို့အပစ်အတွက် ဆင်ခြေပေးလို့ မရနိန်ဝူး။
သားတော်ဟို ယုံကြည်သူဟ ထာဝရ အသက်ဟို ရအယ်၊ သားတော်ရဲ့ စကားဟို မနာခံသောသူဟတော့ အသက်ဟို မရဘဲ ဘုရားသခင်ရဲ့ အမျက်တော်ဟ သူ့အပေါ်နှိုက် တည်လိမ့်မယ်။
အကျောန်းမှာ “ဖြောင့်မတ်သောသူဟ ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်လိမ့်မယ်” ဟု ကျမ်းစာနှိုက်ရေးထားလဲ့အတိုင်း ယုံကြည်ခြင်းအပေါ် အခြေခံလျက် ယုံကြည်ခြင်းသို့ ပို့ဆောင်လဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းတရားဟ ဟေသတင်းကောင်းတရားနှိုက် ထင်ဆှားလျက်ဆိအယ်။
ပညတ်တရား မပေးခင်ကတည်းဟ ဟေလောကနှိုက် အပစ်ဆိပေမဲ့ ပညတ်တရားမဆိရင် အပစ်ဟို အပစ်ဟု မှတ်ထားခြင်း မဆိ။
သေမင်းရဲ့ အဆိပ်ဆူးဟ အပစ် ဖြစ်ယွေ့ အပစ်ရဲ့ တန်ခိုးဟ ပညတ်တရား ဖြစ်အယ်။
ပညတ်တရားဟို နာခံခြင်းအပေါ် မှီခိုသောသူများဟ ကျိန်ခြင်းအောက်တွင် နေထိန်ကြအယ်။ အကျောန်းမှာ ကျမ်းစာပြောတာဟ “ပညတ်တရားကျမ်းနှိုက် ရေးထားသမျှသောအရာလို့ဟို အမြဲမနာခံသောသူဟ ဘုရားသခင်ရဲ့ ကျိန်ခြင်းအောက်နှိုက် ဆိအယ်။”
အေးလို့ဆိုရင် ပညတ်တရားရဲ့ ရည်ရွယ်ချက်ဟ စလိုလုန်း။ အမားအယွင်းများကျောန်း ပြသရန်အတွက် ထည့်သွင်းထားပင်း ကတိပေးခဲ့သော အာဗြံဟံရဲ့ အမျိုးအနွယ် ပေါ်ထွန်းလာချိန်အထိ တည်တံ့ရန် ရည်ရွှယ်ခဲ့အယ်။ ပညတ်တရားဟို ခေါန်းခင်တမန်များဟ ပေးအပ်ခဲ့ပင်း လူတဦးဟ အချင်းချင်း ကြားဝင်စေ့စပ် ပေးအယ်။
အကျိုးမဲ့သော စကားဖြင့် နင်လို့ကို စသူမျှ မလှည့်စားစေနဲ့။ ဟေအရာများကျောန့် ဘုရားသခင်ရဲ့ အူထော့တာဟ မနာခံသောသူလို့အပေါ်ဟို ရောက်လိမ့်မယ်။
အဲအမှုများကျောန့် ဘုရားသခင်ရဲ့ အမျက်တော်ဟ နာခံမှု မဆိသော သူလို့အပေါ်သို့ သက်ရောက်လာလိမ့်မယ်။
အပစ်ဟို ပြုနေသောသူတိုင်းဟ ပညတ်တော်ဟို ချိုးဖောက်သောအမှုဟိုလည်း ပြုအယ်၊ ပစာကို့ အပစ်ဟ ပညတ်တော်ဟို ချိုးဖောက်ခြင်း ဖြစ်အယ်။
လူမျိုးတကာလို့ဟို နှိမ်နှင်းရန် ထက်သော သန်လျက်ဟ သူရဲ့ စလောင်တွင်းမှ ထွက်နေအယ်။ သူဟ သူလို့ဟို သံလှံတံဖြင့် အုပ်စိုးလိမ့်မယ်။ သူဟ အနန္တတန်ခိုးနဲ့ ပြေ့စုံသော ဘုရားသခင်ရဲ့ အမျက်တော်ဆိုင်ရာ ပြင်းစွာသော ဒေါသစပျစ်ယေရဲ့ စပျစ်သီးနယ်ရာကျင်းဟို နင်းနယ်လိမ့်မယ်။