10 အေးအရာဟ ပစာအချိန်မှာ ဖြစ်မလုန်း။ အာဗြံဟံဟ အရေဖျားလှီးခြင်းဟို ခံပင်းမှလော အဲဟာမဟုတ်ရင် မခံခင်လော။ ခံပင်းမှ မဟုတ်၊ မခံခင်ကတည်းက ဖြစ်အယ်။
အေးလို့ဖြင့် အာဗြဟံဟ အရေးဖျားမလှီးမီ ယုံကြည်ခြင်းအားဖြင့် ရဆိသော ဖြောင့်မတ်ခြင်းရဲ့ တံဆိပ်အဖြစ် အရေဖျားလှီးခြင်းရဲ့ အမှတ်လက္ခဏာဟို ခံယူအယ်။ ဟေစာဟ အာဗြဟံအား အရေဖျားမလှီးဘဲ ယုံကြည်သောသူအပေါင်းလို့ရဲ့ အဖဖြစ်စေရန်နဲ့ အေးသူလို့ဟလည်း ဖြောင့်မတ်ခြင်းဟို ရဆိကြစေရန်အတွက် ဖြစ်အယ်။
ဒါဝိဒ် ပြောခဲ့သော အေးမင်္ဂလာဟ အရေဖျားလှီးခြင်း ခံသူလို့သာ ပိုင်ဆိုင်သလော၊ မဟုတ်ပါ အရေဖျားလှီးခြင်းဟို မခံသော သူလို့ဟလည်း ပိုင်ဆိုင်ရအယ်။ အကျောန်းမှာ ငါလို့ ဖော်ပြခဲ့သော ကျမ်းစာအရ “အာဗြဟံဟ ဘုရားဟို ယုံကြည်သောကျောန့် ဘုရားသခင်ဟ သူဟို ဖြောင့်မတ်သောသူလိုမျိုး လက်ခံအယ်။”
အကျောန်းမှာ ငါလို့ဟ ယေရှု ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်သောအခါ အရေဖျားလှီးခြင်းဖြစ်စေ အရေဖျားမလှီးခြင်းဟ ခြားနားမှု မဆိပေ၊ ချစ်ခြင်းမေတ္တာအားဖြင့် လုပ်ဆောင်နိန်သော ယုံကြည်ခြင်းဟ အရေးကြီးအယ်။
အရေဖျားလှီးခြင်းခံရတာ ဖြစ်စေ၊ မခံရတာ ဖြစ်စေ၊ လုံးဝ အရေးမကြီးပါ၊ အသစ်ဖန်ဆင်းခံရခြင်းသာ အရေးကြီးအယ်။