Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ရောမ 3:21 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

21 အဲလိုလဲ အခုအခါနှိုက် ပညတ်တရားနဲ့ ပရောဖက်များ သက်သေခံသော ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းဟ ပညတ်တရား မပါဘဲ ထင်ဆှားလေပီ။

Faic an caibideil Dèan lethbhreac




ရောမ 3:21
37 Iomraidhean Croise  

အဲပင်းရင် ကိုယ်တော်ဟ သူလို့အား “နင်လို့နဲ့တူတူ ဆိနေစဉ် နင်လို့အား ငါပြောခဲ့သော စကားများမှာ မောရှေရဲ့ ပညတ်ကျမ်း၊ ပရောဖက် ကျမ်းများနဲ့ ဆာလံကျမ်းတွင် ငါရဲ့ အကျောန်းနဲ့ ပတ်သက်ယွေ့ ရေးထားသမျှလို့ဟ ပြေ့စုံခြင်းသို့ ရောက်ရမယ် ဖြစ်အယ်” ဟု ပြောလေအယ်။


ဖိလိပ္ပုဟ နာသနေလဟို တွေ့သဖြင့် “မောရှေရဲ့ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းများတွင်လည်း ရေးသားဖော်ပြထားသူဟို ငါလို့ တွေ့ပီ။ အေးသူဟ ယောသပ်ရဲ့ သား၊ နာဇရက်မြို့မှ ယေရှု ဖြစ်အယ်” ဟု ဆိုအယ်။


အဲအဆှင်နဲ့ ပတ်သက်ယွေ့ ပရောဖက်အားလုံးလို့ဟလည်း ကိုယ်တော်ဟို ယုံကြည်သောသူတိုင်း ကိုယ်တော်ရဲ့ နာမတော်အားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ကျေးဇူးဟို ခံစားရအယ်ဟု သက်သေခံကြအယ်” ဟူယွေ့ မြွက်ဆိုလေအယ်။


မဟုတ်ဝူး၊ ငါလို့ဟလည်း အေးသူလို့နည်းတူ ယုံကြည်သဖြင့် သခင် ယေရှုရဲ့ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းဟို ခံရကြအယ်” ဟု ပြောဆိုအယ်။


အဲလိုလဲ ငါဟ ဘုရားသခင်ရဲ့ ကူညီမစခြင်းဟို ခံစားရယွေ့ ခုနေ့တိုင်အောန် ရပ်လျက် လူကြီး လူငယ်လို့အား သက်သေခံနေအယ်။ အေးလို့ သက်သေခံရာနှိုက် နောင်တွင် ဖြစ်ပျက်မယ်ဟု မောရှေနဲ့ ပရောဖက်လို့ ဟောပြောခဲ့လဲ့အရာများမှတပါး အခြားစလိုအရာဟိုမှ မပြောဆိုခဲ့ပါ။


အေးနောက် သူလို့ဟ ပေါလုနဲ့ ရက်ချိန်းပင်းမှ ရမ်းဆာ့သောသူလို့နဲ့တကွ သူတည်းခိုလဲ့နေရာဟို ရောက်လာကြအယ်။ ပေါလုဟ မနက်မှ ညနေခင်းတိုင်အောန် ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ဆှင်းပြပင်း၊ မောရှေရဲ့ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းများမှ ကိုးကားပင်း ယေရှုအကျောန်းဟို သူလို့အား ပြောပြယွေ့ စည်းရုံးလေအယ်။


အကျောန်းမှာ “ဖြောင့်မတ်သောသူဟ ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်လိမ့်မယ်” ဟု ကျမ်းစာနှိုက်ရေးထားလဲ့အတိုင်း ယုံကြည်ခြင်းအပေါ် အခြေခံလျက် ယုံကြည်ခြင်းသို့ ပို့ဆောင်လဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းတရားဟ ဟေသတင်းကောင်းတရားနှိုက် ထင်ဆှားလျက်ဆိအယ်။


မခင်အခါတည်းဟ ဘုရားသခင်ဟ သူရဲ့ ပရောဖက်များအားဖြင့် အေးသတင်းကောင်းဟို ကတိထားခဲ့ကျောန်း သန့်ဆှင်းသော ကျမ်းစာနှိုက် ရေးသားခဲ့ကျောန်း ဖော်ပြအယ်။


အခု စလိုပဲဖြစ်ဖြစ် ပရောဖက်များ ရေးသားသောအရာအားဖြင့် လူမျိုးအားလုံးလို့ဟ ဘုရားသခင်ဟို ယုံကြည်ကာ ကိုယ်တော်ရဲ့ စကားဟို နားထောင်လာကြစေရန် ထာဝရ အသက်ဆှင်လဲ့ ဘုရားရဲ့ အမိန့်အရ အေးအမန်တရားဟ သိသာထင်ဆှားလာလေပီ။


အကျောန်းမှာ လူဟ ယုံကြည်ခြင်းအားဖြင့်သာလျှင် ဘုရားသခင်ဟ ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ပင်း ပညတ်တရားဟို ကျင့်ခြင်းအားဖြင့် မရဆိနိန်ကျောန်း ငါလို့ အခုသိကြပီ ဖြစ်အယ်။


အေးအပြင် လူတဦးရဲ့ မနာခံခြင်းကျောန့် လူအားလုံးဟ အပစ်သားများ ဖြစ်လာသလိုမျိုး၊ လူတဦးရဲ့ နာခံမှုကျောန့် အေးသူအပေါင်းလို့ဟ ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခြင်းခံရကြအယ်။


အဲလို့မို့ အပစ်တရားဟ သေခြင်းအားဖြင့် အစိုးရလဲ့အတိုင်း၊ ကျေးဇူးတော်ဟလည်း ဖြောင့်မတ်ခြင်းအားဖြင့် အစိုးရယွေ့ ငါလို့ သခင် ယေရှု ခရစ်အားဖြင့် ထာဝရအသက်ဟို ရဆိစေရန် ဖြစ်အယ်။


အေးကျောန့် စလို ဟောရမလဲ၊ ဖြောင့်မတ်ခြင်းဟို မီအောန်မလိုက်သော လူမျိုးခြားလို့ဟ ဖြောင့်မတ်ခြင်းဟို မီကြအယ်၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဟို ရဆိအယ်။


ဘုရားသခင်ဟ နင်လို့အား ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်စေအယ်၊ ခရစ်တော်အား ငါလို့ရဲ့ ဉာဏ်ပညာ ဖြစ်စေအယ်။ ကိုယ်တော်အားဖြင့် ဘုရားသခင်ဟ ငါလို့ဟို ဖြောင့်မတ်စေယွေ့ ငါလို့ဟ ဘုရားသခင်ရဲ့ လူစုတော်ဖြစ်လျက် ရွေးနုတ်ခြင်းဟို ရဆိကြအယ်။


အပစ်စီရင်ခြင်းဆိုင်ရာ တရားဟ ဘုန်းအသရေနဲ့ ပြေ့စုံရင် ဖြောင့်မတ်ခြင်းဆိုင်ရာ အလုပ်ဟ စလောက် သာယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံလိမ့်မလုန်း။


ဘုရားသခင်ဟ အပစ်နဲ့ ကင်းစင်သောသူဟို ငါလို့အတွက်ကျောန့် အပစ်ဆိသောသူ ဖြစ်စေအယ်၊ ဟေဟာဟ ငါလို့သည် အဲသူအားဖြင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း ဖြစ်လာမဲ့အကျောန်း ဖြစ်အယ်။


ဘုရားသခင်ဟ လူမျိုးခြားများဟို ယုံကြည်ခြင်းအားဖြင့် မိမိကိုယ်ဟို မန်ကန်စေမယ်ဟု သမ္မာကျမ်းစာဟ ကြိုတင်သိမြင်ပင်း အာဗြဟံအား “နင်လို့အားဖြင့် ဘုရားသခင်ဟ လူအားလုံးလို့ဟို ကောင်းချီးပေးလိမ့်မယ်” ဟု သတင်းကောင်းဟို ကြေညာခဲ့အယ်။


အကျောန်းမှာ ငါလို့ဟ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဟို ရဆိမယ်ဟု မျော်လင့်ခြင်းဟို ဝိညာဉ်တော်နှိုက် အမှီပြုယွေ့ စောင့်မျော်နေကြအယ်။


ဟေအရာဟ ငါသည် ပညတ်တရားဟို စောင့်ထိန်းခြင်းအားဖြင့် ဖြောင့်မတ်ခြင်း မရဆိနိန်ပေ။ အခု ငါဟ ခရစ်တော်ဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဟို ငါရအယ်၊ ယုံကြည်ခြင်း အပေါ်နှိုက် အခြေခံသော ဘုရားသခင်ဆေမှ လာသော ဖြောင့်မတ်ခြင်း ဖြစ်အယ်။


ဟေကယ်တင်ခြင်းနဲ့ ပတ်သက်ယွေ့ ပရောဖက်များဟ ဂရုတစိုက် ဆှာဖွေစုံစမ်းမှုများ ပြုလုပ်ခဲ့ကြပင်း သူလို့ဟ ဘုရားသခင်ပေးမဲ့ ဟေလက်ဆောင်အကျောန်း ပရောဖက်ပြုကြအယ်။


ယေရှု ခရစ်တော်ရဲ့ အစေခံနဲ့ တမန်တော်ဖြစ်သော ငါ ရှိမုန် ပေတရုဟ — ငါလို့ ဘုရားသခင်နဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ရဲ့ ဖြောင့်မတ်ခြင်းအားဖြင့် ငါလို့နည်းတူ အဖိုးတန်လဲ့ ယုံကြည်ခြင်းဟို ခံယူရဆိသော သူလို့ဆေဟို စာရေးလိုက်အယ်။


Lean sinn:

Sanasan


Sanasan