Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ရောမ 3:20 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

20 အကျောန်းမှာ ပညတ်တရားရဲ့ အကျင့်အားဖြင့် ဘုရားသခင်ရဲ့ ဆေ့တော်နှိုက် စသူမှ ဖြောင့်မတ်ရာဟို မရောက်နိန်။ ပညတ်တရားရဲ့ ဆောင်ရွက်ချက်မှာ ငါလို့ဟ အပစ်ဆိကျောန်းဟို သိစေချင်အယ်။

Faic an caibideil Dèan lethbhreac




ရောမ 3:20
24 Iomraidhean Croise  

သူ့အားဖြင့် ယုံကြည်သူအပေါင်းလို့ဟ အပစ်တရားမှ လွှတ်ယွေ့၊ မောရှေရဲ့ ပညတ်တရားအားဖြင့် ဖြောင့်မတ်တာဟု အသိအမှတ်ပြုခြင်း မခံရနိန်။


အကျောန်းမှာ ပညတ်တရားဟို ကြားနာသောသူလို့ဟ ဘုရားသခင် ဆေ့တော်နှိုက် ဖြောင့်မတ်ကြတာ မဟုတ်၊ ပညတ်တရားဟို လိုက်နာသော သူလို့သာလျှင် ဖြောင့်မတ်တာဟု အသိအမှတ်ပြုခြင်းဟို ခံရကြအယ်။


အကျောန်းမှာ လူဟ ယုံကြည်ခြင်းအားဖြင့်သာလျှင် ဘုရားသခင်ဟ ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ပင်း ပညတ်တရားဟို ကျင့်ခြင်းအားဖြင့် မရဆိနိန်ကျောန်း ငါလို့ အခုသိကြပီ ဖြစ်အယ်။


ဘုရားသခင်ဟ အာဗြဟံနဲ့ သူရဲ့ အမျိုးနွယ်လို့အား လောကဟို ပိုင်စေမယ်လို့ ကတိထားသောအခါ၊ အာဗြဟံဟ ပညတ်တရားဟို နာခံသောကျောန့် မဟုတ်ဘဲ၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ဟ ဖြောင့်မတ်သောသူအဖြစ် လက်ခံသောကျောန့် ဖြစ်အယ်။


အကျောန်းမှာ ပညတ်တရားဟ ဘုရားသခင်ဟို အူထော့စေပေမဲ့ ပညတ်တရား မဆိရင် ပညတ်တရားဟို ချိုးဖောက်ခြင်းလည်း မဆိနိန်။


ပညတ်တရား မပေးခင်ကတည်းဟ ဟေလောကနှိုက် အပစ်ဆိပေမဲ့ ပညတ်တရားမဆိရင် အပစ်ဟို အပစ်ဟု မှတ်ထားခြင်း မဆိ။


ပညတ်တရားဟ ကျူးလွန်သော အပစ်ဟို များပြားစေရန် ဝင်ရောက်ခဲ့အယ်။ အဲလိုလဲ အပစ်များလာလဲ့ နေရာနှိုက် ကျေးဇူးတော်ဟ ပိုပင်း ပြေ့စုံကြွယ်ဝလေအယ်။


အပစ်တရားဟ အေးအခွင့်အရေးဟို ရဆိခဲ့ပင်း ငါ့ဟို လိမ်စားယွေ့ ပညတ်တော်အားဖြင့် ငါ့ဟို သတ်လေအယ်။


ပစာကျောန့်လဲ။ အကျောန်းမှာ သူလို့ဟ ယုံကြည်ခြင်းအားဖြင့် မဟုတ်ဘဲ အကျင့်အားဖြင့် လိုက်လျောက်သောကျောန့် ဖြစ်အယ်။ သူလို့ဟ “ထိမိယွေ့ လဲစရာကျောက်” ဟို ထိမိယွေ့ လဲကျအယ်။


သေမင်းရဲ့ အဆိပ်ဆူးဟ အပစ် ဖြစ်ယွေ့ အပစ်ရဲ့ တန်ခိုးဟ ပညတ်တရား ဖြစ်အယ်။


အကျောန်းမှာ လူဟ ပညတ်တရားနဲ့ဆိုင်သော အကျင့်အားဖြင့် မဟုတ်ဘဲ ယေရှု ခရစ်တော်ဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်တာဟု အသိအမှတ်ပြုခံရကျောန်း ငါလို့ သိကြအယ်။ ငါလို့ဟ ပညတ်တရားနဲ့ဆိုင်သော အကျင့်အားဖြင့် မဟုတ်ဘဲ ခရစ်တော်ဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်တာဟု အသိအမှတ်ပြုခြင်း ခံရရန် ခရစ်တော် ယေရှုဟို ယုံကြည်ကြအယ်။ အကျောန်းမှာ ပညတ်တရားနဲ့ဆိုင်သော အကျင့်အားဖြင့် စသူမှ ဖြောင့်မတ်တာဟု အသိအမှတ်ပြုခြင်း ခံရမယ် မဟုတ်။


အေးလိုမို့ ငါဟ ဘုရားသခင်နှိုက် အသက်ဆှင်ရန် အလို့ငှာ ပညတ်တရားအားဖြင့် အသေသတ်ခြင်းဟို ခံရပါအယ်။ ငါဟ ခရစ်တော်နဲ့အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းဟို ခံရပီ။


ပညတ်တရားကို နာခံခြင်းအားဖြင့် ဘုရားသခင်နဲ့ မန်ကန်သဖြင့် ကျင့်ကြံအားထုတ်သော သူလို့ဟ ခရစ်တော်နဲ့ ကင်းကွာကြပီ။ နင်ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော် အောက်နှိုက် မဆိ။


မောရှေရဲ့ ပညတ်တရားဟ ပစာအရာဟိုမျှ ပြေ့စုံအောန် မပြုနိန်။ အခုအခါနှိုက် ငါလို့ဟ အဲပညတ်တရားထက် ပိုမိုကောင်းမြတ်လဲ့ မျော်လင့်ချက်ဟို ရဆိကြပီဖြစ်ရာ အဲမျော်လင့်ချက်အားဖြင့် ဘုရားသခင်ဆေဟို ချဉ်းကပ်ကြအယ်။


Lean sinn:

Sanasan


Sanasan