1 သို့ဖြစ်ရင် ယုဒလူလို့ဟ လူမျိုးခြားလို့ထက် ပိုပင်း ကောင်းမြတ်သလော၊ အဲဟာမဟုတ်ရင် အရေဖျားလှီးခြင်းဟို ခံခြင်းနှိုက် တန်ဖိုးဆိသလော။
ရှမာရိအမျိုးဖြစ်လဲ့ နင်လို့ဟ မိမိလို့တကယ်မသိလဲ့ ဘုရားဟို ဝတ်ပြုကိုးကွယ်ကြအယ်၊ အဲလိုလဲ ငါလို့ဟတော့ ငါလို့သိလဲ့ ဘုရားဟို ဝတ်ပြုကိုးကွယ်ကြအယ်၊ ပစာကို့ ကယ်တင်ခြင်းဟ ယုဒအမျိုးသားဆေမှ တဆင့် သက်ရောက်လာသောကျောန့် ဖြစ်အယ်။
အဖက်ဖက်နှိုက် အကျိုးများစွာ ဆိအယ်။ ပထမအနေနဲ့ သူလို့နှိုက် ဘုရားသခင်ရဲ့ နှုတ်ကပတ် တရားတော်များဟို ယုံကြည်အပ်နှံထားအယ်။
ငါလို့မူကား ယုဒလူဟ လူမျိုးခြားလို့ထက် သာလွန်ကောင်းမွန်လဲ့ အခြေအနေတွင် ဆိကြသလော။ လုံးလုံး ဟုတ်ဝူး ယုဒလူ ဖြစ်စေ၊ လူမျိုးခြား ဖြစ်စေ၊ လူအပေါင်းလို့ဟ အပစ်တရားအောက်နှိုက် ဆိကျောန်းဟို အထက်ဟ ငါပြခဲ့ပီ။
ငါဟ ဧဖက်မြို့တွင် “သားရဲ တိရစ္ဆာန်လို့” နဲ့ တိုက်ခိုက်ခဲ့သော် လူအနေဖြင့် ငါ့အဖို့ ပစာ အကျိုးမဆိမှာလုန်း။ သေလွန်သောသူလို့ ဆှင်ပြန်ထမြောက်ခြင်း မဆိရင် “နက်ဖြန်သေကြမယ် ဖြစ်ယွေ့ ငါလို့ဟ စားလျက် သောက်လျက် နေကြကုန်အံ့” ဟု ဆိုလဲ့အတိုင်း ပြုကြစို့။
ထူးခြားသော သွန်သင်ချက် အမျိုးမျိုးနောက်ဟို လိုက်ပါ မသွားကြနဲ့။ အကျောန်းမှာ စားစရာအားဖြင့် မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နေလုံးဟို တည်မြဲစေခြင်းဟ ကောင်းမြတ်အယ်။ စားစရာအားဖြင့် အသက်ဆှင် ဆှောက်လှမ်းသောသူလို့ဟ အကျိုးဟို မရဆိကြပေ။