12 ပညတ်တရား မဆိဘဲ အပစ်လုပ်ကြသောသူ စသူမဆို ပညတ်တရား မပါဘဲ ပျက်စီးရကြမယ် ဖြစ်အယ်၊ ပညတ်တရားဆိလဲ့ ယုဒအမျိုးနှိုက် အပစ်ကျူးလွန်လဲ့အခါ သူလို့ဟ ပညတ်တရားရဲ့ စီရင်ခြင်းဟို ခံရလိမ့်မယ်။
ငါအမန်အကန် နင်လို့အားပြောတာဟ တရားဆုံးဖြတ်ရာနေ့နှိုက် နင်လို့ထက် တုရုမြို့နဲ့ ဇိဒုန်မြို့ဟို ဘုရားသခင်ဟ ကရုဏာပိုပင်းပြမယ်။
အဲလိုလဲ နင်လို့အား ငါ ပြောတာဟ တရားစီရင်ရာနေ့နှိုက် သောဒုံမြို့ထက်ပိုယွေ့ နင်ဟ အပစ်ဒဏ်ခံရလိမ့်မယ်” ဟု မိန့်အယ်။
ယေရှုဟ “မင်းကြီးအား ဘုရားသခင် အခွင့်နဲ့သာ ဟေလို့သော အခွင့်အာဏာဟို ရဆိခြင်း ဖြစ်အယ်။ အဲကျောန့် ငါ့ဟို မင်းကြီးရဲ့ လက်သို့အပ်နှံသောသူဟ ပိုယွေ့ အပစ်ကြီးအယ်” ဟု ဖြေလေအယ်။
ဘုရားသခင်ဟ မိမိရဲ့ အစီစဉ်နဲ့အညီ ယေရှုဟို နင်လို့ လက်ဟို ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပင်း၊ နင်လို့ဟ အပစ်လုပ်သူလို့ လက်ဖြင့် အေးအဆှင်ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်ခဲ့ကြအယ်။
အေးလို့သော အကျင့်ဆိသူလို့ဟ သေပစ် ခံထိုက်တာဟို ဘုရားသခင် စီရင်ကျောန်းဟို သူလို့ သိလျက်ပင် မိမိတတ်တိုင်း ဟေအမှုများဟို ဆက်လက်ယွေ့ ကျင့်ယုံမကဘဲ၊ အေးလို့ ပြုကြသူများဟိုလည်း အားပေးအားမြောက် လုပ်ကြအယ်။
အကျောန်းမှာ ပညတ်တရားဟ ဘုရားသခင်ဟို အူထော့စေပေမဲ့ ပညတ်တရား မဆိရင် ပညတ်တရားဟို ချိုးဖောက်ခြင်းလည်း မဆိနိန်။
ဇာတိအားဖြင့် ပညတ်တရားဟ အားနည်းသောကျောန့် မတတ်နိန်သောအမှုဟို ဘုရားသခင်ဟ ဆောင်ရွက်ပေးအယ်။ ကိုယ်တော်ဟ အပစ်တရားဟို ဇာတိသဘောတွင် အပစ်ဒဏ်စီရင်နိန်ရန် မိမိရဲ့ သားတော်အား လောကဟို စေလွှတ်ခြင်းအားဖြင့် အပစ်တရားဟို ဖယ်ဆှားရန် ငါလို့ရဲ့ အပစ်ဆိသော ဇာတိသဘောလိုမျိုး သဘောသဘာဝနဲ့လာအယ်။
အဲတိုင်းတိုင်း တပါးအမျိုးသားလို့ဆေ အမှုတော်ဆောင်စဉ် သူလို့ဟို ကယ်တင်နိန်ရန် ပညတ်တရားဟို မကျင့်သုံးဘဲ တပါးအမျိုးသားလို နေထိန်အယ်။ ဟေသို့ဆိုရာ ငါဟ ဘုရားသခင်ရဲ့ ပညတ်တော်ဟို မလိုက်နာဟု မဆိုလို။ အမန်အားဖြင့် ငါဟ ခရစ်တော်ရဲ့ ပညတ်တရားဟို လိုက်နာကျင့်သုံးသောသူ ဖြစ်အယ်။
ပညတ်တရားဟို နာခံခြင်းအပေါ် မှီခိုသောသူများဟ ကျိန်ခြင်းအောက်တွင် နေထိန်ကြအယ်။ အကျောန်းမှာ ကျမ်းစာပြောတာဟ “ပညတ်တရားကျမ်းနှိုက် ရေးထားသမျှသောအရာလို့ဟို အမြဲမနာခံသောသူဟ ဘုရားသခင်ရဲ့ ကျိန်ခြင်းအောက်နှိုက် ဆိအယ်။”
အဲလိုလဲ ကမ္ဘာတခုလုံးဟ အပစ်တရားရဲ့ လက်အောက်တွင် ဆိနေတာဟု ကျမ်းစာဟ ပြောအယ်။ အေးလိုမို့ ယေရှု ခရစ်တော်ဟို ယုံကြည်ခြင်းအပေါ် အခြေခံယွေ့ ကတိပြုထားလဲ့ ဆုကျေးဇူးဟို ယုံကြည်သော သူလို့အား ပေးအယ်။
ပစာကို့ ပညတ်တရား အလုံးစုံဟို စောင့်ထိန်းသော်လည်း တပါးဟို မားရင် ပညတ်တရား အလုံးစုံဟို ကျူးလွန်ရာ ရောက်အယ်။