1 ငါ့မိတ်ဆွေ၊ နင်ဟ တခြားသူများဟို တရားစီရင်သလော၊ နင်ဟ စသူဖြစ်နေပါစေ အပစ်စီရင်နိန်လဲ့ အခြေအနေမဆိ။ အကျောန်းမှာ သူတပါးဟို စီရင်ရာတွင် ကိုယ်အပစ်ဆိကျောန်းဟို စီရင်ဆုံးဖြတ်ရာရောက်အယ်။
ယေရှုဟ “အချင်းလူ၊ ဖယ်သူဟ ငါ့ဟို မန်ကန်တဲ့ တရားသူကြီးအဖြစ် လည်းကောင်း၊ နင်လို့ကြားမှာ ပစ္စည်းဥစ္စာများဟို ခွဲဝေပိုင်သောအခွင့်ဟို လည်းကောင်း၊ ငါ့အား အပ်ပေးလုန်း” ဟု သူ့အား ပြန်ပြောအယ်။
မင်းကြီးဟ ‘ဆိုးညစ်သော အစေခံ၊ နင်ပြောလဲ့အတိုင်း နင့်ဟို ငါစီရင်မယ်။ ငါဟ ခက်ထန်သူဖြစ်ယွေ့ မိမိမပိုင်လဲ့အရာဟို သိမ်းယူတတ်တာဟို လည်းကောင်း၊ မိမိမစိုက်ပျိုးသည့် အသီးအနှံဟို ရိတ်သိမ်းတတ်တာဟို လည်းကောင်း နင်သိတာမန်ရင်၊
“သူတပါးဟို တရား မစီရင်နဲ့၊ ဘုရားသခင်ဟ နင်လို့ဟို တရားစီရင် လိမ့်မယ် မဟုတ်၊ သူတပါးဟို အပစ်တင် မရှုတ်ချနဲ့၊ ဘုရားသခင်ဟ နင်လို့ဟို အပစ်တင် ရှုတ်ချတော်မမူ၊ သူတပါးဟို ခွင့်လွှတ်ကြလော့၊ ဘုရားသခင်ဟ နင်လို့ဟို ခွင့်လွှတ်လိမ့်မယ်။
အေးကျောန့် ဟေအရာများနဲ့ ပတ်သက်ယွေ့ နင်ဟ စလို ယုံကြည်ချက်ဟို မဆို နင်နဲ့ ဘုရားသခင် ကြားတွင် ထားပါ။ မိမိမန်တာဟု ယုံကြည်လဲ့အတိုင်း တရားစစ်ဆေးခြင်း မခံသောသူဟ မင်္ဂလာဆိအယ်။
အေးလို့ အကျင့်ဟို ကျင့်ကြသော သူလို့ဟို တရားစီရင်သောအခါ ဘုရားသခင်ဟ မန်ကန်ကျောန်းဟို ငါလို့သိအယ်။
အဲလိုလဲ မိတ်ဆွေ၊ သူတပါးဟို စစ်ကြောစီရင်လဲ့ အေးအရာများဟို တတ်တိုင်း ပြုလုပ်လဲ့သူ ဘုရားသခင်ရဲ့ တရားစီရင်ချက်မှ လွတ်နိန်မယ်လို့ နင်ထင်သလော။
ငါလို့မူကား ယုဒလူဟ လူမျိုးခြားလို့ထက် သာလွန်ကောင်းမွန်လဲ့ အခြေအနေတွင် ဆိကြသလော။ လုံးလုံး ဟုတ်ဝူး ယုဒလူ ဖြစ်စေ၊ လူမျိုးခြား ဖြစ်စေ၊ လူအပေါင်းလို့ဟ အပစ်တရားအောက်နှိုက် ဆိကျောန်းဟို အထက်ဟ ငါပြခဲ့ပီ။
အဲလိုလဲ အချင်းလူ၊ နင်ဟ စသူဖြစ်လို့ ဘုရားသခင်ဟို ပြန်ခံ ပြောဆိုနေလုန်း၊ “ပုံသွင်းခံရသောအရာဟ ပုံသွင်းပေးသော သူအား ‘ပစာကျောန့် ငါ့ဟို ဟေလို့ လုပ်ခဲ့လဲ’ ” ဟု ဆိုရမယ်လော။
အဲလိုမို့ သခင်ဘုရား ကြွလာမမူမီ စလိုအရာဟိုမျှ အချိန်မတန်ဘဲ မစီရင်ကြနဲ့။ အဲသခင်ဟ မိုက်ထဲနှိုက် အောန်းထားသောအရာလို့ဟို အလင်းဟို ယူဆောင်လာပင်း စိတ်နေလုံး အကြံစည်လို့ဟို ထင်ဆှားစေလိမ့်မယ်။ အဲအခါ လူအသီးသီးလို့ဟ ဘုရားသခင်ဆေမှ ချီးမွန်းခြင်းဟို ခံရကြလိမ့်မယ်။
အချင်းမိန်းမ၊ နင်ဟ မိမိဖိုးအိုဖြစ်သူဟို ကယ်တင်မယ် မကယ်တင်မယ်ဟို စလို သိနိန်မလုန်း။ အချင်းယောက်ျား၊ နင်ဟ ကိုယ့်ပေါင်အိုမဟို ကယ်တင်မယ် မကယ်တင်မယ်ဟို စလို သိနိန်မလုန်း။
အချင်း လူမိုက် အကျင့်ကင်းသော ယုံကြည်ခြင်းဟ အကျိုးမဆိကျောန်း နင် သိလိုသလော။
ညီအကို မောင်နှမလို့၊ အချင်းချင်း တယောက်ဟို တယောက် ကဲ့ရဲ့ခြင်းဟို မပြုကြနဲ့။ မိမိညီအကိုဟို ကဲ့ရဲ့ယွေ့ သူရဲ့ အပစ်ဆိတာဟု စီရင်သောသူဟ တရားဟို ကဲ့ရဲ့အယ်။ ပညတ်တရားနှိုက် အပစ်ဆိတာဟု စီရင်အယ်။ အဲလိုပြုရင် နင်ဟ ပညတ်တရားဟို ကျင့်သောသူ မဟုတ်၊ ပညတ်တရားဟို စစ်ကြောစီရင်သောသူ ဖြစ်အယ်။