4 အကျောန်းမှာ ကျမ်းစာနှိုက် ရေးသားခဲ့လဲ့ အရာအားလုံးဟာ ငါလို့ဟို သင်ပေးဖို့ ရေးထားတာပါ၊ အေးကျောန့် ကျမ်းစာနှိုက်ပါသော သည်းခံခြင်းနဲ့ ခွန်အားပေးခြင်းအားဖြင့် ငါလို့ မျော်လင့်ချက် ဆိရန် ဖြစ်အယ်။
မျော်လင့်ချက်နဲ့ ဝမ်းမြောက်ကြလော့၊ ဆင်းရဲဒုက္ခဟို သည်းခံကြလော့၊ ဆုတောင်းခြင်းနှိုက် သစ္စာဆိကြလော့။
အဲသူလို့နှိုက် ဟေသို့ ဖြစ်ပျက်ရခြင်းမှာ အခြားသူလို့ ပုံဥပမာ ရဆိစေရန် ဖြစ်အယ်။ ငါလို့ဟ ကပ်ကမ္ဘာကုန်ဆုံးရန် နီးချိန်နှိုက် အသက်ဆှင်ရကြသူများ ဖြစ်သောကျောန့် ငါလို့အား သတိပေးလဲ့ အနေဖြင့် ကျမ်းစာတွင် ရေးသားထားခြင်း ဖြစ်အယ်။
အကျောန်းမှာ ငါလို့ရဲ့ ဘုရားသခင်နဲ့ ခမည်းတော်ဆေ့နှိုက် နင်လို့ရဲ့ ယုံကြည်ခြင်းဟို လက်တွေ့ကျင့်သုံးပုံ၊ နင်လို့ရဲ့ ချစ်ခြင်းမေတ္တာဟ နင်လို့အား စလိုမျိုး ကြိုးစားလုပ်ဆောင်စေခဲ့ပုံနဲ့ ငါလို့ သခင်ယေရှုခရစ်အပေါ် နင်လို့ရဲ့ မျှော်လင့်ချက် ခိုင်မာပုံလို့ဟို ငါလို့ အောက်မေ့သတိရလော့။
အေးကျောန့် လုပ်ဆောင်ချက်အတွက် စိတ်ဟို ပြင်ဆင်ထားကြလော့။ နိုးနိုးကြားကြားဆိယွေ့ ယေရှု ခရစ်တော် ပေါ်ထွန်းလာသောအခါ နင်လို့အား ပေးမဲ့ ကောင်းချီးအပေါ် မျှော်လင့်ချက် အပြေ့ထားကြလော့။