3 အကျောန်းမှာ ခရစ်တော်ဟ မိမိနှစ်သက်လဲ့အတိုင်း မပြုခဲ့ပေ။ အဲအစား ကျမ်းစာလာလဲ့အတိုင်း “ကိုယ်တော်ဟို ကဲ့ရဲ့သော သူလို့ရဲ့ စကားဟ ငါ့အပေါ်ဟို ရောက်အယ်” ဟု ဖြစ်အယ်။
တဘဲ့ဟ သူလို့ရဲ့ ဆရာလိုမျိုးလည်းကောင်း၊ ကျွန်ဟ သူလို့ရဲ့ သခင်လိုမျိုးလည်းကောင်း ဖြစ်ရင် လုံလောက်အယ်။ အိုင်ထောင်ဦးစီးဟို ဗေလဇေဗုလဟု ခေါ်ကြရင် သူရဲ့ နေအိုင်သူအိုင်သားများဟို စလောက် ပိုယွေ့ ခေါ်ကြလိမ့်မလဲ။
အေးနောက် ဆေ့ဟို ကတစ်လေးကြွယွေ့ မြေပေါ်တွင် ပျပ်ဝပ်ပင်းရင် “အို ငါ့ရဲ့အဖ၊ ဖြစ်နိန်ပါဟ ဟေဝေဒနာမုတ်ဟို ငါ့ဆေမှ လွဲဖယ်ပေးပါ။ အဲလိုလဲ ငါရဲ့ အလိုအတိုင်း မဟုတ်ပါ၊ ကိုယ်တော်ရဲ့ အလိုတော်အတိုင်းသာ ဖြစ်စေပါ” ဟု ဆုတောင်းအယ်။
အေးနောက် ကိုယ်တော်ဟ ဒုတိယအကြိမ် ကြွသွားပြန်ယွေ့ “ငါရဲ့အဖ၊ ဟေဝေဒနာမုတ်ဟို ငါမသောက်ဘဲ လွဲသွားရန် မဖြစ်ပါဟ ကိုယ်တော်ရဲ့ အလိုတော်အတိုင်း ဖြစ်စေပါ” ဟု ဆုတောင်းအယ်။
ကိုယ်တော်နဲ့အတူ လက်ဝါးကပ်တိုင်တွင် အသတ်ခံရသူ ထားမြများကပင်လျှင် အေးနည်းတူ ကိုယ်တော်ဟို ကဲ့ရဲ့ပစ်တင်ကြအယ်။
ငါဟ ခမည်းတော်ရဲ့ ပညတ်လို့ဟို စောင့်ထိန်းယွေ့ ခမည်းတော်ရဲ့ မေတ္တာနှိုက် တည်နေသလိုမျိုး၊ နင်လို့ဟ ငါ့ပညတ်လို့ဟို စောင့်ထိန်းရင် ငါ့မေတ္တာနှိုက် တည်နေကြလိမ့်မယ်။
ငါဟ အခြားစသူမျှ မပြုဖူးသောအမှုဟို သူလို့ဆေ့မှာ မပြုခဲ့ရင် သူလို့နှိုက် အပစ်မဆိ၊ အခုမှာ သူလို့ဟ အေးအမှုများဟို မျော်ရကြပင်း ငါနဲ့ ငါ့ခမည်းတော်ဟို မုန်းကြအယ်။
ယေရှုဟ “ငါ့ဟို စေလွှတ်သော သူရဲ့အလိုတော်ဟို ဆောင်ရွက်ယွေ့ သူရဲ့ အမှုဟို ပီးမြောက်စေခြင်းဟ ငါရဲ့ အစားအစာ ဖြစ်အယ်။
“ငါဟ မိမိအလိုအလျောက် စလိုအရာဟိုမှ မပြုနိန်၊ ငါဟ ကြားရလဲ့အတိုင်းသာ တရားစီရင်ယွေ့ ကိုယ့်အလိုမဟုတ်ဘဲ ငါ့ဟို စေလွှတ်သောသူရဲ့ အလိုတော်ဟို လိုက်နာသောကျောန့် ငါရဲ့ စီရင် ဆုံးဖြတ်ချက်ဟ မန်ကန်အယ်။
ပစာကို့ ငါဟ ငါ့အလိုတော်အတိုင်း ခေါန်းခင်ဘုံမှ ဆင်းသက်လာတာ မဟုတ်ဘဲ ငါ့ဟို စေလွှတ်သောသူရဲ့ အလိုတော်အတိုင်း ဆောင်ရွက်ရန် လာတာဖြစ်အယ်။
ငါ့ဟို စေလွှတ်သောသူဟ ငါနဲ့အတူ ဆိအယ်၊ ငါဟ အေးအဆှင်နှစ်သက်သော အမှုအရာလို့ဟို အမြဲလုပ်နေသောကျောန့် သူဟ ငါ့ဟို တယောက်တည်း ပစ်မထားဘူး” ဟု မိန့်အယ်။
အကျောန်းမှာ နင်လို့ဟ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်ဟို သိကြအယ်၊ ကိုယ်တော်ဟ ကြွယ်ဝသော်လည်း သူရဲ့ ဆင်းရဲခြင်းအားဖြင့် နင်လို့ ကြွယ်ဝကြမဲ့အကျောန်း နင်လို့အတွက် ဆင်းရဲခြင်းဟို ခံလေအယ်။
ခရစ်တော် ယေရှုနှိုက်ဆိသော စိတ်သဘောမျိုးဟို နင်လို့နှိုက်လည်း ဆိစေကြလော့။
မိမိကိုယ်ဟို နှိမ့်ချလျက် လက်ဝါးကပ်တိုင်တွင် အသေခံလဲ့တိုင်အောန် နာခံခြင်း လမ်းစဉ်ဟို လိုက်ဆှောက်ခဲ့အယ်။