ရောမ 15:16 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား16 လူမျိုးခြားများအတွက် ငါ့ဟို ခရစ်တော် ယေရှုရဲ့ အမှုတော်ဟို ထမ်းဆောင်သူ ဖြစ်စေအယ်။ ဘုရားသခင်ရဲ့ ကောင်းမြတ်သော သတင်းနဲ့ဆိုင်လဲ့ ယဇ်ပုရောဟိတ် အမှုဟို ဆောင်ရွက်စေပင်း အေးလူမျိုးခြားလို့ဟို သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် သန့်ဆှင်းစေခြင်း ခံရလဲ့ နှစ်သက်လက်ခံဖွယ် ပူဇော်သကာ ဖြစ်စေရန် ငါ့အား ဘုရားသခင် ပေးလဲ့ ကျေးဇူးတော်အားဖြင့် နင်လို့ဟို တဖန် သတိပေးရန် အချို့အပိုင်းနှိုက် ငါရဲဝံ့စွာ ရေးခဲ့အယ်။ Faic an caibideil |
နိမိတ်လက္ခဏာနဲ့ အံ့ဩဖွယ်အရာ တန်ခိုးတော်အားဖြင့် လည်းကောင်း၊ ဘုရားသခင်ရဲ့ ဝိညာဉ်တော် တန်ခိုးတော်အားဖြင့် လည်းကောင်း ပြုသောအမှုအရာလို့ကျောန့် မဟုတ်ရင် ငါဟ စလို အရာဟိုမျှ ရဲဝံ့စွာ ပြောမှာ ဟုတ်ဝူး။ အေးလိုမို့ ငါဟ ယေရုရှလင်မြို့မှ ဣလုရိပြေအထိ ရောက်ဆိလဲ့ အရပ်ရပ်နှိုက် ခရစ်တော်ရဲ့ သတင်းကောင်းဟို အကုန်အစင် ကြေညာခဲ့ပီ။
အေးအခါ သူလို့ပြုစုသောအရာလို့ဟ မိမိလို့အတွက် မဟုတ်ဘဲ နင်လို့အတွက် ဖြစ်ကျောန်း သူလို့အား ဖွင့်ပြအယ်။ အခု အေးအရာလို့ဟ ခေါန်းခင်ဘုံမှ စေလွှတ်ခြင်းခံရလဲ့ သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် ကောင်းမြတ်သော သတင်းဟို ဟောပြောသူများမှ တဆင့် နင့်လို့ဆေ ဖော်ပြခြင်း ခံရပီ။ ခေါန်းခင်တမန်လို့ပင် အေးအရာလို့ဟို ကျေ့ရှုရန် ရမ်းဆာ့ အလိုဆိကြအယ်။