9 အေးကျောန်းကျောန့် ခရစ်တော်ဟ သေသောသူလို့နဲ့ ဆှင်သောသူလို့ရဲ့ အဆှင်ဖြစ်လိုသောငှာ အသေခံယွေ့ အသက်ပြန်ဆှင်အယ်။
ယေရှုဟ သူလို့ အနီးဟို ကြွလာလျက် “ခေါန်းခင်ဘုံနဲ့ မြေကြီးပေါ် ဆိသမျှသောတန်ခိုး အာဏာလို့ဟို ငါဆေ ပေးအပ်ထားလေပီ။
ခရစ်တော်ဟ ဘုန်းအသရေဟို မခံယူခင် ဟေလို့ ဒုက္ခဝေဒနာများဟို ခံစားရန် လိုအပ်အယ် ဟုတ်ဝူးလော” ဟု ပြောလေအယ်။
နင်လို့အား ငါ အမန် ဆိုအယ်၊ ဂျုံစေ့ဟ မြေသို့ကျယွေ့ မပျက်ရင် တစေ့တည်း နေအယ်၊ ပျက်ယွေ့ သွားရင် ရမ်းဆာ့သော အသီးဟို သီးတတ်အယ်။
ဘုရားသခင်ဟ လူအပေါင်းလို့ရဲ့ အဆှင် သခင်ဖြစ်သော ယေရှု ခရစ်တော်အားဖြင့် ငြိမ်သက်ခြင်းနဲ့ဆိုင်သော သတင်းကောင်းဟို ဟောပြောယွေ့ ဣသရေလအမျိုးသားလို့ဆေ ပေးပို့သော နှုတ်ကပတ်တရားတော်ဟို နင်လို့ သိကြအယ်။
ကိုယ်တော်ဟ လူလို့အား သတင်းကောင်းဟို ဟောပြောရန်နဲ့ ကိုယ်တော်ဟ အသက်ဆှင်နေသူနဲ့ သေလွန်သူများဟို တရားစီရင်သော သခင်အဖြစ် ဘုရားသခင် ခန့်ထားကျောန်း ဟောပြော သက်သေခံရန် ငါလို့အား ပညတ်ပေးခဲ့အယ်။
နင်လို့ဟ “ယေရှုဟ သခင် ဖြစ်အယ်” ဆိုတာဟို နင့်ရဲ့ စလောင်ဖြင့် ဝန်ခံယွေ့၊ ဘုရားသခင်ဟ အေးသူဟို သေခြင်းမှ ထမြောက်စေပီဟု စိတ်နေလုံးထဲနှိုက် ယုံကြည်ရင်၊ နင်လို့ဟ ကယ်တင်ခြင်းဟို ရောက်လိမ့်မယ်။
တယောက်သောသူဟ လူအပေါင်းလို့အတွက် အသေခံသဖြင့် လူအပေါင်းလို့ဟ အဲသူနဲ့အတူ အသေခံကြကျောန်းဟို ငါလို့ အခုသိကြပီ ဖြစ်ယွေ့ ငါလို့ဟို ခရစ်တော်ရဲ့ မေတ္တာဟ လွှမ်းမိုးလျက် ဆိအယ်။
ယေရှုအသေခံပင်း တဖန် ပြန်ထမြောက်ကျောန်းဟို ငါလို့ ယုံကြည်ကြပင်းသောကျောန့် ဘုရားသခင်ဟ ကိုယ်တော်ဟို ယုံကြည်ပင်း သေဆုံးသွားတဲ့ သူတွေဟို ယေရှုနဲ့အတူ ပြန်ယွေ့ ထမြောက်စေလိမ့်မယ်လို့ ငါလို့ ယုံကြည်အယ်။
ငါလို့ နိုးနေတာ ဖြစ်စေ၊ အိပ်မွေနေတာ ဖြစ်စေ ကိုယ်တော်နဲ့အတူ အသက်ဆှင်မဲ့အကျောန်း ကိုယ်တော်ဟ ငါလို့အတွက် အသေခံအယ်။
ငါဟ ဘုရားသခင်ရဲ့ ဆေ့နှိုက် လည်းကောင်း၊ အသက်ဆှင်သောသူလို့နဲ့ သေသောသူလို့ဟို စီရင်မဲ့ ခရစ်တော် ယေရှုရဲ့ ဆေ့နှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ ပေါ်ထွန်းခြင်းနဲ့ ကိုယ်တော်ရဲ့ နိုင်ငံတော်ဟို အကျောန်းပြုယွေ့ နင့်အား အလေးအနက် တိုက်တွန်းတာဟ
ငါလို့ရဲ့ ယုံကြည်ခြင်းဟို အစပြုဖြစ်တည်စေယွေ့ စုံလင်စေလဲ့သူဖြစ်သော ယေရှုဟို မျက်မှောက်ပြုကြကုန်စို့၊ ကိုယ်တော်ဟ မိမိဆေ့နှိုက် ပြင်ဆင်ထားသော ဝမ်းမြောက်ခြင်းကျောန့် ဆှက်ဖွယ်အရာများဟိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်နှိုက် ခံပင်းရင် ဘုရားသခင်ရဲ့ ပလ္လင်တော် လက်ယာဘက်နှိုက် ထိန်နေအယ်။
ကိုယ်တော်အား သေသောသူလို့ထဲမှ ထမြောက်စေယွေ့ ဘုန်းအသရေပေးသော ဘုရားသခင်ဟို ကိုယ်တော်အားဖြင့် နင်လို့ ယုံကြည်ကြအယ်။ အေးလိုမို့ နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်းလို့ဟ ဘုရားသခင်ထဲနှိုက် တည်ဆိကြအယ်။
အဲလိုလဲ အသက်ဆှင်သောသူနဲ့ သေသောသူလို့ကို တရားစီရင်ရန် အသင့်ဆိသော ဘုရားသခင်အား သူလို့တတ်တိုင်း ဖြေဆှင်းချက်ပေးရမယ်။
အသက်ဆှင်သောသူလည်း ဖြစ်အယ်။ ငါဟ ဦးရင် သေတာ ဖြစ်ယွေ့ ကမ္ဘာအဆက်ဆက် အသက်နဲ့ ပြေ့စုံအယ်။ သေခြင်းနဲ့ မရဏာနိုင်ငံဟိုလည်း ငါ အစိုးရအယ်။
“စမုရနမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “ဦးရင်ဆုံးနဲ့ နောက်ဆုံးဖြစ်သောသူ၊ သေခဲ့သော်လည်း ပြန်ယွေ့ အသက်ဆှင်သောသူဟ ဟေလို မိန့်အယ်။