6 အေးအကျောန်းကျောန့် နင်လို့ဟ အခွန်ဟို ပေးရအယ်၊ အစိုးရမင်းဟ သူလို့ရဲ့ အမှုဟို အချိန်ပြေ့ ထမ်းဆောင်သောအခါနှိုက် ဘုရားသခင်ရဲ့ အမှုတော်ဟို ထမ်းဆောင်ကြသောကျောန့် ဖြစ်အယ်။
အဲပင်းရင် သူလို့ဟ “ဟေသူဟ ပြေသူလို့အား လမ်းလွဲစေရန် ဧကရာဇ်မင်းအား အခွန်တော် မပေးဆက်နဲ့ဟု ပြောဆိုပင်း ကိုယ့်တတ်တိုင်းကိုယ် မေဆှိယ တည်းဟူသော ဘုရင်တပါး ဖြစ်ကျောန်း သူလို့အား ပြောဆိုတာဟို ငါလို့ တွေ့ဆိရပါအယ်” ဟု ကိုယ်တော်ဟို စတင် စွပ်စွဲကြအယ်။
ခွန်အားပေးသောသူဖြစ်ရင် အေးခွန်အားပေးခြင်း အမှုဟို ပေးလော့၊ ပေးကမ်းသူဖြစ်ရင် ရက်ရောစွာ ပေးကမ်းလော့၊ ယိုးသောသူဖြစ်ရင် လုံ့လဝီရိယနဲ့ လုပ်ဆောင်လော့၊ ကရုဏာဟို ပြခြင်းဟို ပြုလုပ်သောသူဖြစ်ရင် ရက်ရောစွာနဲ့ လုပ်လော့။
အကျောန်းမှာ အာဏာဆိသူ အပစ်ပေးမှာဟို ကြောက်သောကျောန့် သာမက မိမိအသိစိတ်အတွက်ကျောန့်လည်း အာဏာဟို နာခံရမယ်။
အဲလိုမို့ လူအသီးသီးလို့အား ပေးသင့်တာဟို ပေးဆောင်ကြလော့။ နင့်မှာ ပေးစရာအကြွေးများ ပေးကြလော့၊ အခွန်ခံထိုက်သောသူဟို အခွန် ပေးကြလော့၊ ကြောက်ထိုက်သောသူဟို ကြောက်ကြလော့၊ ရိုသေထိုက်သောသူဟို ရိုသေကြလော့။