21 အဆိုးအားဖြင့် အရှုံးမခံနဲ့၊ ကောင်းလဲ့အရာအားဖြင့် အဆိုးဟို အနိန်ယူလော့။
အေးအစား “နင်လို့ရဲ့ ရန်သူဟ ဆာရင် သူ့ဟို ကျွေးလော့၊ သူဟ ယေငတ်ရင် သူ့ဟို သောက်စရာ တခုခုပေးလော့။ အေးလို့ ပြုလုပ်ရင် နင်ဟ သူ့အား အဆှက်ရစေလိမ့်မယ်” ဟု ပြောအယ်။
အစိုးရမင်းလို့ရဲ့ အမိန့်အာဏာဟို လူတိုင်း လိုက်နာကြရမယ်၊ ဘုရားသခင်ရဲ့ အခွင့်မဆိရင် မင်းအာဏာလည်း မတည်ဆိနိန်။ အမိန့်အာဏာ ဆိသမျှဟ ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့သာလျှင် တည်ဆိအယ်။
နင်လို့ဟ ကောင်းချီးမင်္ဂလာဟို အမွေဆက်ခံရမဲ့အကျောန်း ခေါ်ယူခြင်းဟို ခံရတာ ဖြစ်ယွေ့ အဆိုးဟို အဆိုးဖြင့် လည်းကောင်း၊ ကဲ့ရဲ့ပစ်တင်ခြင်းဟို ကဲ့ရဲ့ပစ်တင်ခြင်းဖြင့် လည်းကောင်း မတုန့်ပြန်ဘဲ ကောင်းချီးဟိုသာ ပေးကြလော့။