13 သန့်ဆှင်းသူလို့ဟ ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့၊ ဧည့်သည်လို့အား ဧည့်ဝတ်ပြုခြင်းဟို လက်တွေ့ ပြုကြလော့။
အကျောန်းမှာ နင်လို့ဟ ငါမွတ်စဉ်အခါ ငါ့ဟို စားစရာပေးကြအယ်၊ ငါယေငတ်သောအခါ ငါ့ဟို သောက်စရာ ပေးကြအယ်။ ငါဟ ဧည့်သည်ဖြစ်သောအခါ နင်လို့ဟ ငါ့ဟို ကြိုဆိုလက်ခံကြအယ်။
သူဟ ကြောက်လျက် ခေါန်းခင်တမန်ဟို စိုက်ကျေ့ပင်း “ဆရာ၊ ပစာအကျောန်း ဆိသလော” ဟု မေးဆှောက်အယ်။ ခေါန်းခင်တမန်ဟလည်း “နင် ဆုတောင်းခြင်းနဲ့ ရက်ရောမှုဟို ဘုရားသခင် နှစ်သက်သဖြင့် နင့်အား သိမှတ်လေပီ။
တမန်တော်လို့ရဲ့ ခြေရင်းတွင် ထားကြသဖြင့် တဦးချင်းစီနှိုက် လိုအပ်မှုဆိလဲ့အတိုင်း အသီးသီးလို့အား ဝေငှပေးကမ်းကြအယ်။
ခွန်အားပေးသောသူဖြစ်ရင် အေးခွန်အားပေးခြင်း အမှုဟို ပေးလော့၊ ပေးကမ်းသူဖြစ်ရင် ရက်ရောစွာ ပေးကမ်းလော့၊ ယိုးသောသူဖြစ်ရင် လုံ့လဝီရိယနဲ့ လုပ်ဆောင်လော့၊ ကရုဏာဟို ပြခြင်းဟို ပြုလုပ်သောသူဖြစ်ရင် ရက်ရောစွာနဲ့ လုပ်လော့။
ညီအကို မောင်နှမလို့၊ သတေဖန်နဲ့ အိုင်သူအိုင်သားများဟ အခါယပြေမှ အဦးဆုံးသော ခရစ်ယာန်များ ဖြစ်ယွေ့ ဘုရားသခင်ရဲ့ လူလို့အား ကူညီမစရန် မိမိလို့ကိုယ်ကို ဆက်ကပ်ထားသူများ ဖြစ်ကျောန်း နင်လို့ သိကြအယ်။
ယုဒပြေဆိ ဘုရားသခင်ရဲ့ လူလို့ဆေ ပေးပို့သော ကူညီထောက်ပံ့နဲ့ ပတ်သက်ယွေ့ နင်လို့အား ငါရေးသားရန် အမန်တကယ် မလိုအပ်ပါ။
နင်လို့ဟ ဟေလုပ်ကျွေးခြင်းအားဖြင့် ဘုရားသခင်ရဲ့ လူလို့အား ချို့တဲ့နေစဉ် ကူညီထောက်ပံ့တာ သာမက၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းသံဟိုလည်း တခဲနက် ထွက်ပေါ်လာစေအယ်။
အေးလိုမို့ ငါလို့အခွင့်ရသလိုမျိုး၊ အားပင်း အထူးသဖြင့် ယုံကြည်ခြင်းနှိုက် ငါလို့ရဲ့ မိသားစုနဲ့ သက်ဆိုင်သူများနဲ့ လူတိုင်းဟို ကောင်းသောအမှုပြုသင့်တယ်။
အသင်းတော်ဟို ခေါင်းဆောင်သောသူဟ အပစ်တင်စရာ မဆိသောသူ ဖြစ်ရမယ်၊ အဲသူနှိုက် ပေါင်အိုမတယောက်သာ ဆိရမယ်၊ သူဟ သမ္မာသတ္တိဆိသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ ပြုမူသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမယ်၊
အဲ့အပြင် ကောင်းသောအကျင့်ဟို ကျင့်ယွေ့ အသရေဆိသူ ဖြစ်ရမယ်၊ မိမိရဲ့ လူပဲ့သူငယ်များဟို ကောင်းစွာ ပြုစုစောင့်ဆှောက်သူ၊ ဧည့်ဝတ်ကျေပွန်သူ၊ သန့်ဆှင်းသူလို့အား ကူညီသူ၊ ဒုက္ခရောက်သောသူလို့အား ကူညီမစသူ၊ ကောင်းသောအမှုဆိသမျှလို့ဟို ကြိုးစားလုပ်ဆောင်ခဲ့သူ ဖြစ်ရမယ်။
ဧည့်ဝတ်ကျေပွန်သောသူ၊ ကောင်းသောအရာဟို နှစ်သက်သောသူ၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိန်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ဆှင်းသောသူနဲ့ စည်းကမ်းဆိသောသူ ဖြစ်ရမယ်။
ငါလို့ရဲ့ လူများဟလည်း အသီးမသီးသောသူ မဖြစ်မဲ့အကျောန်း အရေးတကြီး လိုအပ်သော အရာများအတွက် ကောင်းသောအမှုလို့ဟို ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမယ်။
ငါ့ညီ၊ သန့်ဆှင်းသူလို့ရဲ့ စိတ်နေလုံးဟ နင့်အားဖြင့် ငြိမ်သက်ချမ်းသာမှုဟို ခံစားရပီဖြစ်ယွေ့ နင့်ရဲ့ ချစ်ခြင်းမေတ္တာကျောန့် ကြီးသော ဝမ်းမြောက်ခြင်းနဲ့ တိုက်တွန်းအားပေးခြင်းလို့ဟို ငါခံစားရအယ်။
ကောင်းသောအမှုဟို ပြုခြင်းနဲ့ ဝေမျှခြင်းလို့ဟိုလည်း မမေ့လျော့ကြနဲ့၊ အကျောန်းမှာ အဲလိုယဇ်မျိုးဟို ဘုရားသခင် နှစ်သက်အယ်။
ဧည့်သည်ဝတ်ဟို ပြုရန် မမေ့ကြနဲ့။ အဲလို ဧည့်ဝတ်ဟို ပြုသောသူအချို့လို့ဟ ခေါန်းခင်တမန်လို့ဟို အမှတ်မထင် ဧည့်ခံခဲ့ကြအယ်။
အကျောန်းမှာ ဘုရားသခင်ဟ နင်လို့ရဲ့ လုပ်ဆောင်မှုဟို လည်းကောင်း၊ သန့်ဆှင်းသူလို့ဟို မခင်ဟ နင်လို့ လုပ်ကျွေးပြုစုသလို အခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်ရဲ့ နာမတော်ဟို ထောက်ယွေ့ နင်လို့ပြသော ချစ်ခြင်းမေတ္တာလို့ဟို လည်းကောင်း၊ မေ့လျော့လဲ့တိုင်အောန် တရားမျှတမှု ကင်းမဲ့တာ မဟုတ်။
ညည်းညူခြင်း မဆိဘဲ အချင်းချင်း ဧည့်ဝတ်ကျေပွန်ကြလော့။
တစုံတဦးဟ လောကီစည်းစိမ် ဆိလျက်နဲ့ မိမိညီအကို မောင်နှမ ဆင်းရဲချို့တဲ့နေတာဟို မျော်ယွေ့ မိမိရဲ့ သနားခြင်း ကရုဏာစိတ်ဟို ချုပ်တည်းထားရင် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက် စလိုတည်မလုန်း။
ချစ်လှစွာသော ငါ့မိတ်ဆွေ၊ နင်ဟ ညီအကိုများအပေါ် အထူးသဖြင့် သူစိမ်းဧည့်သည်များအပေါ် လုပ်သမျှသောဝတ်ဟို သစ္စာဆိစွာ လုပ်တတ်အယ်။