13 လူမျိုးခြားဖြစ်သော နင်လို့အား အခု ငါပြောအယ်၊ ငါဟ လူမျိုးခြားလို့နဲ့ဆိုင်သော တမန်တော်ဖြစ်တာနဲ့အညီ ငါ့ရဲ့ သာသနာအလုပ်အတွက် ဝါကြွားမယ်။
အဲသူလို့ဟ သခင်ဘုရားရဲ့ အမှုတော်ဟို ဆောင်ရွက်ယွေ့ အစာဆှောင်လျက် နေကြစဉ် သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူလို့အား “ရှောလုနဲ့ ဗာနဗလို့ဟို သူလို့အတွက် သတ်မှတ်ထားသော အမှုတော်ဆောင်ရန် ငါ့အတွက် သီးသန့် ရွေးချယ်ကြလော့” ဟု မိန့်အယ်။
အဆှင်ဟ ‘သွားလော့၊ ရပ်ဝေးဆိ လူမျိုးခြားလို့ဆေ နင့်ဟို ငါ စေလွှတ်လိမ့်မယ်’ ဟု ငါ့ဟို ပြောခဲ့အယ်။”
အဲလိုလဲ သခင်ဘုရားဟ အာနနိအား “သွားလော့၊ ဟေလူဟ လူမျိုးခြားများ၊ ဘုရင်များနဲ့ ဣသရေလအမျိုးသားလို့အား ငါရဲ့ နာမဟို ကြေညာရန် ငါ ရွေးချယ်ထားသော တန်ဆာပလာ ဖြစ်အယ်။
မိမိရဲ့ သားတော်အကျောန်းဟို လူမျိုးခြားလို့တွင် ဟောပြောစေရန်အတွက် အေးသားတော်ဟို ငါ့အား ဖော်ပြရန် အလိုဆိသောအခါ ငါဟ အသွေးအသားနဲ့ တိုင်ပင်ခြင်းဟို မပြု။
သွားသင့်အယ်လို့ ဘုရားသခင်ဟ ဖော်ပြသောကျောန့် ငါသွားခဲ့အယ်။ ခေါင်းဆောင်များနဲ့ သီးသန့်တွေ့ဆုံမှုတွင် တပါးအမျိုးသားလို့အား ငါဟောပြောသော ဧဝံဂေလိတရား စကားဟို ဆှင်းပြခဲ့အယ်။ အတိတ် အဲဟာမဟုတ်ရင် ပစ္စုပ္ပန်မှာ ငါအလုပ်ဟ အလကားကား ဖြစ်စေချင်ဝူး။
ငါဟ ဘုရားသခင်ရဲ့ လူအားလုံးလို့တွင် အငယ်ဆုံးထက်ငယ်ပေမဲ့လည်း ဘုရားသခင်ဟ ငါ့အား ခရစ်တော်ရဲ့ တွေးဆယွေ့ မရနိန်သော စည်းစိမ်များအကျောန်း သတင်းကောင်းကို လူမျိုးခြားများဆေ ပေးဆောင်ရန် ဟေအခွင့်ထူးကို ငါ့အား ပေးပင်း
အဲအကျောန်းကျောန့် ကိုယ်တော်ဟ ငါ့အား တမန်တော်အဖြစ် လည်းကောင်း၊ လူမျိုးခြားလို့ရဲ့ ဆရာအဖြစ် လည်းကောင်း၊ ယုံကြည်ခြင်း တရားနဲ့ သမ္မာတရားဟို ဟောပြောသွန်သင်ရန် ခန့်ထားအယ်။ ငါဟ ဝါပြောတာ မဟုတ်၊ မန်သောစကားဟို ပြောနေခြင်း ဖြစ်အယ်။