10 သူလို့ဟ ကျေ့ယွေ့ မမျော်နိန်စေရန် မျက်စေ့ ကွယ်ပါစေ၊ သူလို့ကျောဟလည်း အမြဲကုန်းပါစေ” ဟု မြွတ်ဆိုအယ်။
သူလို့ဟ ဘုရားသခင်ဟို သိကြသော်လည်း ကိုယ်တော်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းသင့်လဲ့အတိုင်း မချီးမွမ်းကြ၊ ကျေးဇူးတင်သင့်လဲ့ အတိုင်း မတင်ကြပေ။ အဲအစား အကျိုးမဲ့သော အရာများဟိုသာ တွေးတောဆင်ခြင်လျက် နေကြပင်း သူလို့ရဲ့ စိတ်နေလုံး မိုက်မဲခြင်းဟလည်း မိုက်ယွေ့ နေအယ်။
ကျမ်းစာနှိုက် ပြောတာဟ “ဘုရားသခင်သည် ခုနေ့တိုင်အောန် သူလို့အား ထိုင်းမှိုင်းသော စိတ်နေလုံးဟို လည်းကောင်း၊ မမျော်နိန်လဲ့ မျက်စေ့ဟို လည်းကောင်း၊ မကြားနိန်လဲ့ နားဟို လည်းကောင်း ပေးအယ်။”
အေးသူလို့ဟ မိမိလို့ စိတ်နေလုံး မာကျောမှုနဲ့ သူလို့အထဲနှိုက်ဆိလဲ့ မသိနားမလည်မှုလို့ကျောန့် အသိဉာဏ် မိုက်ဖုံးယွေ့ ဘုရားသခင်ရဲ့ အသက်နဲ့ ကင်းကွာလျက် ဆိကြအယ်။
အေးသူလို့ဟ ခန်းခြောက်သော စမ်းယေတွင်းများ၊ မုန်တိုင်းနဲ့ လွင့်ပါသွားလဲ့ မိုးချေးသားများ ဖြစ်ကြအယ်။ သူလို့အတွက် မှောင်မည်းသော မိုက်ဟို ထိန်းသိမ်းထားလျက် ဆိအယ်။
အကျောန်းမှာ ဘုရားသခင်ဟ အပစ်လုပ်လဲ့ ခေါန်းခင်တမန်များဟို မညှာတာဘဲ ငရဲထဲဟို ပစ်ချယွေ့ မိုက်ခြင်းရဲ့ သံကြိုးဖြင့် တုတ်ချေကာ တရားစီရင်ခြင်း နေ့အထိ ထိန်းသိမ်းထားအယ်။
မိမိလို့ အဆှက်ဟို အမြှုပ်လိုမျိုး ပေါ်စေလဲ့ ပြင်းထန်သော ပင်လယ်လှိုင်းတံပိုးများ၊ ဝေ့နေသော ကြယ်များ ဖြစ်ကြအယ်။ သူလို့အတွက် အမှောင်မိုက်ဆုံး မိုက်ဟို ထာဝရ ထိန်းသိမ်းထားလျက် ဆိအယ်။
အေးအပြင် မိမိလို့ရဲ့ မူလအခွင့်အာဏာဟို မထိန်းသိမ်းဘဲ မိမိလို့နေရာ အရပ်ဟို စွန့်ခွာသွားကြလဲ့ ခေါန်းခင်တမန်များအား တရားစီရင်ရာ နေ့ကြီးအတွက် ထာဝရ တုတ်ချေခြင်းအားဖြင့် မိုက်ခြင်းအောက်နှိုက် ထိန်းသိမ်းထားအယ်။