21 ဣသရေလလူမျိုးဟို ရည်မှတ်ယွေ့ “ငါ့ဟို ဆန့်ကျင် ပုန်ကန်ယွေ့ နားမထောင်သော လူမျိုးအား တနေ့လုံး ငါ့လက်ကမ်းလျက် နေအယ်” ဟု ဟောအယ်။
နာမတော်ဟို အမှီပြုယွေ့ နောင်တရခြင်းတရားနဲ့ အပစ်ဖြေလွှတ်ခြင်း တရားဟို ယေရုရှလင်မြို့မှ အစပြုယွေ့ လူမျိုးအပေါင်းလို့ဟို ဟောပြောရမယ်။
သူလို့ဟ ကယ်တင်ခြင်းသို့ ရောက်စေမဲ့ တပါးအမျိုးသားလို့အား ဟောပြောခြင်းမှ ငါလို့အား တားဆီးရန်ပင် ကြိုးစားခဲ့ကြအယ်။ ဟေနည်းဖြင့် သူလို့ဟ အမြဲကျူးလွန်ခဲ့သော အပစ်များဟို ထပ်ထပ်ပင်း လုပ်ကြအယ်။ နောက်ဆုံးနှိုက် သူလို့အပေါ်ဟို ဘုရားသခင်ရဲ့ အမျက်တော်ဟ အကုန်အစင် သက်ရောက်လေပီ။
အခြားကျမ်းစာနှိုက် “အေးကျောက်ဟ လူလို့အား ခိုက်မိစေယွေ့ ပြိုလဲစေသောကျောက် ဖြစ်အယ်” ဟု ပြောအယ်။ သူလို့ဟ နှုတ်ကပတ်တော်ဟို မယုံကြည်သောကျောန့် ခလုတ်တိုက်ကြအယ်။ ဟေဟာဟ အေးသူလို့အတွက် ဘုရားသခင်ရဲ့ အလိုတော် ဖြစ်အယ်။