11 ကျမ်းစာပြောတာဟ “ကိုယ်တော်ဟို ယုံကြည်လဲ့သူ စသူမဆို စိတ်ပျက်ရလိမ့်မယ် မဟုတ်” ဟု ဆိုအယ်။
အကျောန်းမှာ ငါလို့ စိတ်နေလုံးနဲ့ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဟို ရအယ်။ စလောင်ဖြင့် ဝန်ခံယွေ့ ကယ်တင်ခြင်း ခံရအယ်။
ရေးသားချက်အရ၊ “ကျေ့လော့၊ လူလို့ တိုက်မိယွေ့ လဲစရာကျောက်ဟို ဇိအုန်တောင်ပေါ်မှာ ငါ ချထားမယ်။ အေးကျောက်ဟို လူလို့ တိုက်မိယွေ့ လဲကျလိမ့်မယ်၊ အဲလိုလဲ အေးကျောက်ဟို ယုံကြည်သောသူဟ ဖယ်ခါမှ ဆှက်ကြောက်ရလိမ့်မယ် မဟုတ်” ဟု ဖော်ပြပါဆိအယ်။
အကျောန်းမှာ ကျမ်းစာနှိုက် “ကျေ့လော့၊ ရွေးကောက်ထားလဲ့ အဖိုးတန်သော ထောင့်ချုပ်ကျောက်ဟို ဇိအုန်တောင်ပေါ်နှိုက် ငါ ချထားအယ်။ အေးကျောက်ဟို ကိုးစားလဲ့သူဟ ပစာအခါမှ အဆှက်ရလိမ့်မယ် မဟုတ်” ဟု ပြောထားအယ်။