9 ဟေအကျောန်းအရာနဲ့ ပတ်သက်ယွေ့ ငါ့အတွက် သက်သေခံပေးသူမှာ သားတော်ရဲ့ သတင်းကောင်းဟို ဟောပြောခြင်းနှိုက် စိတ်နေလုံး အကြွင်းမဲ့ အစေခံသော ဘုရားသခင်ဟ ငါ့ရဲ့ သက်သေ ဖြစ်အယ်။
ဟေအကျောန်းအရာဟ ဘုရားသခင်ရဲ့ သားတော် ယေရှု ခရစ်အကျောန်း သတင်းကောင်း ဖြစ်အယ်။
အဲပင်းရင် ယေရှုဟ တဘဲ့တော်လို့ဟို အားမလျော့ဘဲ အစဉ် ဆုတောင်းရမဲ့အကျောန်းဟို ပုံဥပမာအားဖြင့် ပြောအယ်။
အေးလိုမို့ ပေတရုဟ ထောင်ထဲမှာ ထိန်းသိမ်းထားခြင်း ခံရအယ်၊ အဲလိုလဲ အသင်းတော်ဝင် အပေါင်းလို့ဟ ပေတရုအတွက် စိတ်အားထက်သန်စွာ ဘုရားသခင်ဆေ ဆုတောင်းလျက် နေကြအယ်။
အေးအရာများ ဖြစ်ပျက်ပင်းနောက် မာကေဒေါနိပြေနဲ့ အခါယပြေမှတဆင့် ယေရုရှလင်မြို့ဟို သွားရန် ပေါလုဟ စိတ်ဆုံးဖြတ်အယ်။ သူဟ “အေးနေရာဟို ငါသွားပင်းနောက် ရောမမြို့ဟိုလည်း သွားရမယ်” ဟု ပြောအယ်။
အေးသူလို့ဟ လွဲမားတာဟု ယူဆလဲ့လမ်းစဉ်အရ ငါဟ ဖိုးဖေးများရဲ့ ဘုရားသခင်ဟို ကိုးကွယ်ကျောန်းဟို နင့်အား ငါ ဝန်ခံပါအယ်။ အဲလိုလဲ ငါဟ မောရှေရဲ့ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းများတွင် ရေးသားထားသမျှသော အရာလို့ဟို ယုံကြည်ပါအယ်။
အကျောန်းမှာ ငါ့ဟို ပိုင်သော ငါ ကိုးကွယ်သော ဘုရားသခင်ရဲ့ ခေါန်းခင်တမန်ဟ မနေ့ညမှာ ငါဆေဟို လာလျက်၊
နင်လို့ တဦးစီရဲ့ ဆိုးညစ်သောအမှုလို့ဟို စွန့်ပယ်ခြင်းအားဖြင့် ကောင်းချီးခံစားကြရစေရန် ဘုရားသခင်ဟ မိမိရဲ့ အစေခံဟို နင်လို့ဆေဟို ဦးစွာ စေလွှတ်အယ်” ဟု ပေတရုဟ ဟောပြောလေအယ်။
ခရစ်တော်နှိုက် အမန်တရားဟို ငါ ပြောအယ်။ ငါ ဝါဝူး။ ငါတတ်တိုင်း သိသောစိတ်ဟ သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် အတည်ပြုအယ်။
ငါ့စိတ်နေလုံးဟို သိသော ဘုရားသခင်ဟို ငါရဲ့ သက်သေအဖြစ် ငါ ခေါ်ဆိုအယ်။ နင်လို့ဟို ညှာတာယွေ့သာ ကောရိန့်မြို့ဟို မသွားဖို့ ငါဆုံးဖြတ်ခဲ့အယ်။
ငါဟ ဝါမပြောကျောန်းဟို သခင် ယေရှုရဲ့ ခမည်းတော်ဖြစ်သော ထာဝရ မင်္ဂလာဆိလဲ့ ဘုရားသခင် သိအယ်။
ငါရေးတာဟ အမန်ဖြစ်အယ်။ ငါမဝါဘူး ဆိုတာ ဘုရားသခင် သိအယ်၊
ဟေအရာအားလုံးကို ဆုတောင်းခြင်းဖြင့် ဘုရားရဲ့ အကူအညီဟို တောင်းကြလော့။ ဝိညာဉ်တော် လမ်းပြလဲ့အတိုင်း ဆုတောင်းကြလော့။ အေးအကျောန်းကျောန့် နိုးနိုးကြားကြားဆိလျက် အရှုံးမပေးပဲ ဘုရားသခင်ရဲ့ လူများအတွက် အမြဲ ဆုတောင်းကြလော့။
ငါဟ နင်လို့ဟို သတိရလဲ့အခါတိုင်း ငါရဲ့ ဘုရားသခင်ဟို ကျေးဇူးတင်လျက်၊
ငါဆုတောင်းလဲ့ခါတိုင်း နင်လို့အားလုံး အတွက် ဝမ်းမြောက်သော စိတ်နဲ့ အစဉ်အမြဲ ဆုတောင်းအယ်
တိမောသေနဲ့ ငါဟ သားအဖလို အတူတကွ သတင်းကောင်းအတွက် အစေဟို စလို ဆောင်ရွက်ခဲ့ကြကျောန်းဟို နင်လို့ သိကြအယ်။
ငါလို့ဟ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ဟို ကိုးကွယ်ယွေ့ ဇာတိပကတိနှိုက် ကိုးစားခြင်း မဆိဘဲ ယေရှု ခရစ်နှိုက်သာ ဝါကြွားဝမ်းမြောက်သောသူ ဖြစ်ယွေ့ မန်သော အရေဖျားလှီးခြင်းဟို ခံသောသူ ဖြစ်ကြအယ်။
ငါလို့ဟ နင်လို့အားလုံးအတွက် ဘုရားသခင်ဟို အမြဲကျေးဇူးတင်ပင်း ငါလို့ရဲ့ ဆုတောင်းချက်များတွင် နင့်အား အမြဲဖော်ပြနေပါအယ်။
ငါလို့ဟ ကိုယ်တော်အား ကိုယ်တိုင်ကိုယ်ကျ တွေ့ခွင့်ရပင်း နင်လို့ရဲ့ ယုံကြည်ခြင်းနှိုက် လိုအပ်သောအရာများဟို ဖြည့်ဆည်းပေးရန် ငါလို့ဟ နေ့ရောညပါ စိတ်နေလုံးအကြွင်းမဲ့ ဆုတောင်းကြအယ်။
အမြဲမပြတ် ဆုတောင်းကြလော့၊
အဲအကျောန်းကျောန့် ကိုယ်တော်ဟ ငါ့အား တမန်တော်အဖြစ် လည်းကောင်း၊ လူမျိုးခြားလို့ရဲ့ ဆရာအဖြစ် လည်းကောင်း၊ ယုံကြည်ခြင်း တရားနဲ့ သမ္မာတရားဟို ဟောပြောသွန်သင်ရန် ခန့်ထားအယ်။ ငါဟ ဝါပြောတာ မဟုတ်၊ မန်သောစကားဟို ပြောနေခြင်း ဖြစ်အယ်။
ငါဟ နေ့ညမပြတ် ဆုတောင်းရာတွင် နင့်အား အစဉ်ပင် အောက်မေ့သတိရလျက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းအယ်၊ ငါ့ရဲ့ ဘိုးဘေးများတိုင်းတိုင်း ကိုယ်တော်ရဲ့ အစေဟို စင်ကြယ်သော အသိစိတ်နဲ့ ဆောင်ရွက်သူ ဖြစ်အယ်။
ငါဟ ငါရဲ့ ဆုတောင်းချက်များထဲတွင် နင့်ဟိုအမြဲတမ်း သတိရလျက် ငါရဲ့ ဘုရားသခင်ဟို ကျေးဇူးတင်အယ်။