26 သူလို့ဟ အေးလို့ လုပ်ကြသောကျောန့် ဘုရားသခင်ဟ သူလို့ဟို ဆှက်ဖို့ကောင်းလဲ့ ကိလေသာ လက်ဟို အပ်လိုက်အယ်။ သူလို့ထဲမှ မိန်းမများပင် သဘာဝများဟို ဆန့်ကျင်ပင်း သဘာဝမဟုတ်လဲ့ အပြုမူများဘက်ဟို လိုက်ကြအယ်။
အေးကျောန့် ဘုရားသခင်ဟ သူလို့ရဲ့ စိတ်နေလုံး ဆန္ဒများဖြစ်လဲ့ စုတ်ပဲ့သောအရာများဟို ပြုလုပ်ရန် လူလို့အား ပေးခဲ့ပင်း သူလို့ဟ အချင်းချင်းအား ခန္ဓာကိုယ်ဟို ဆှက်စရာကောင်းလဲ့ အရာများဟို ပြုလုပ်ခဲ့အယ်။
အေးမှတပါး သူလို့ဟ ဘုရားသခင်ဟို မသိမှတ်လိုသောကျောန့် ဘုရားသခင်ဟ သူလို့ဟို ယုတ်ညံ့သော စိတ်ဆေဟို အပ်လိုက်သဖြင့် သူလို့ဟ မပြုအပ်သောအရာများဟို ပြုကြကုန်အယ်။
ဆိုးညစ်သောသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို အမွေမခံရတာဟို နင်လို့မသိကြသလော။ အလွဲမယူကြနဲ့၊ မတရားသောမေထုန်နှိုက် မှီဝဲသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သူ့မယားဟို ပစ်မားသောသူ၊ ယောက်ျားချင်း မေထုန်ဟို ပြုသောသူ၊
သူလို့ဟ ဆှက်ကြောက်စိတ် ကင်းမဲ့လျက် စုတ်ပဲ့သောအရာ အမျိုးမျိုးလို့ဟို ရမ်းဆာ့တပ်မက်သော စိတ်နဲ့ ပြုယွေ့ မိမိလို့တတ်တိုင်း ကာမဂုဏ် လိုက်စားခြင်း လက်ဟို အပ်လိုက်ကြအယ်။
သူလို့ နောက်ကွယ်မှာလုပ်ထားတဲ့ ကိစ္စတွေအကျောန်းကို ပြောရတာတောင် ဆှက်စရာ ကောင်းလွန်းအယ်။
ဘုရားသခင်ဟို မသိသော တပါးအမျိုးသားလို့ လိုမျိုး တပ်မက်သော စိတ်ဆန္ဒများရဲ့ အလိုဟို မလိုက်ကြနဲ့။
တရားနဲ့မညီမေထုန်ပြုသူများ၊ လိင်တူဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ ဝါသောသူများ၊ မမန်မကန် သက်သေထွက်ဆိုသောသူများနဲ့ မန်ကန်ပြေ့စုံသော ဩဝါဒဟို ဆန့်ကျင်လဲ့ အခြားအရာအားလုံးအတွက် ဆိကျောန်းဟို ငါလို့ သိကြအယ်၊
သူလို့ဟတော့ မိမိလို့ မသိသောအရာများဟို စော်ကားပြောဆိုကြလျက် ဆင်ခြင်ဉာဏ် မဆိသော တိရစ္ဆာန်များလိုမျိုး ပင်ကိုယ်သဘာဝအရ သိထားလဲ့အရာများနှိုက်ပင် ပျက်စီးခြင်းဟို ရောက်တတ်ကြအယ်။
အေးလိုမျိုး သောဒုံမြို့၊ ဂေါမောရမြို့ရဲ့ ပတ်ဝန်းကျင်မြို့များဟလည်း အေးသူလို့နည်းတူ မတရားသော မေထုန်ပြုခြင်းနှိုက် ကျင်လည်ယွေ့ သဘာဝနဲ့ ဆန့်ကျင်သော သွေးသားတက်မက်ခြင်း အလိုဟိုလိုက်ကြသဖြင့် ထာဝရမီးနဲ့ဆိုင်သော အပစ်ဒဏ်ဟို ခံရလျက် သင်ခန်းစာယူစရာ ဖြစ်လာကြအယ်။