12 အေးစာဟ နင်လို့နဲ့အတူဆိခါ နင်လို့နဲ့ ငါ နေဦးနေဖက်ရဲ့ ယုံကြည်ခြင်းအားဖြင့် ခွန်အားပေးမှုဟို အတူတကွ ခံစားနိန်ရန် ဖြစ်အယ်။
သူဟ ရောက်လာသောအခါ လူလို့အား ဘုရားသခင် စလို ကောင်းချီးပေးတာဟို မျော်သောအခါ ရွှင်လန်းဝမ်းသာသဖြင့် သခင်ဘုရားအား စိတ်နေလုံး အကြွင်းမဲ့ ယုံကြည်ကိုးစားယွေ့ သစ္စာစောင့်ကြရန် တိုက်တွန်းနှိုးဆော်လေအယ်။
အကျောန်းမှာ နင်လို့ ယုံကြည်ခြင်းနှိုက် ခိုင်မြဲမဲ့အကျောန်း နင်လို့အား ဝိညာဉ်ဆုကျေးဇူးဟို ဝေမျှလိုသဖြင့် ငါဟ နင်လို့ဟို ရမ်းဆာ့ တွေ့ချင်ပါအယ်။
ငါရဲ့ မိတ်ဆွေလို့ နင်လို့ဆေဟို အလည်လာဖို့ အကြိမ်များစွာ စီစဉ်ခဲ့သော်လည်း အခုတိုင်အောန် တားဆီးခြင်းခံရကျောန်းဟို နင်လို့သိဖို့ ငါ အလိုဆိအယ်။ အခြားတပါးသော တပါးအမျိုးသားလို့တွင် အောင်မြင်သလိုမျိုး နင်လို့တွင် ပြောင်းလဲခြင်းဟို ငါ အလိုဆိအယ်ဖြစ်ကျောန်း နင်လို့ဟ သတိရရမယ်။
ငါ အခု လာဖို့ မျော်လင့်အယ်။ ငါ စပိန်ဟို သွားလဲ့ လမ်းမှာ နင်လို့ဟို တွေ့ချင်အယ်၊ ငါ ခဏ နင်လို့ဆေဟို သွားရောက်လည်ပတ် ပျော်မွေ့ပင်းနောက် အေးအရပ်ဟို သွားရန် ငါ့အား ကူညီမစ စေလိုပါအယ်။
အေးလိုမို့ ဘုရားသခင် အလိုဆိရင် ငါဟ ဝမ်းမြောက်စွာ နင်လို့ဆေဟို လာယွေ့ နင်လို့နဲ့အတူ ပျော်ရွင်စွာ နားနေခွင့်ဟို ရဆိပါလိမ့်မယ်။
အဲကျောန့် ငါလို့ဟ နှစ်သိမ့်မှုဟို ခံစားရအယ်။ ငါလို့ ခံစားရသော နှစ်သိမ့်မှု သာမက၊ တိတုရဲ့ စိတ်နေလုံးဟ နင်လို့အားလုံးကျောန့် ပျော်ရွှင်မှုဟို ခံစားရတာ ဖြစ်ယွေ့ သူ့ရဲ့ ဝမ်းမြောက်ခြင်းကျောန့် ငါလို့ဟ ပိုယွေ့ ဝမ်းမြောက်ကြအယ်။
သခင်တပါးတည်း၊ ယုံကြည်ခြင်းတပါးတည်း၊ ဗတ္တိဇံတပါးတည်း၊
ငါဟ နင်ရဲ့ မျက်ရည်များဟို အောက်မေ့သဖြင့် ဝမ်းမြောက်ခြင်းနဲ့ ပြေ့ဝမဲ့အကျောန်း နင်နဲ့ တွေ့နိန်ရန် တောင့်တနေအယ်။
ငါဟ တူညီသော ယုံကြည်ခြင်းအားဖြင့် စစ်မန်လဲ့ ငါ့အောင်နီငယ်ဖြစ်လဲ့ တိတုဆေဟို ဟေစာရေးလိုက်အယ်။ အဖဘုရားသခင်နဲ့ ငါလို့ရဲ့ ကယ်တင်ဆှင် ခရစ်တော် ယေရှုဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေသော။
ယေရှု ခရစ်တော်ရဲ့ အစေခံနဲ့ တမန်တော်ဖြစ်သော ငါ ရှိမုန် ပေတရုဟ — ငါလို့ ဘုရားသခင်နဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ရဲ့ ဖြောင့်မတ်ခြင်းအားဖြင့် ငါလို့နည်းတူ အဖိုးတန်လဲ့ ယုံကြည်ခြင်းဟို ခံယူရဆိသော သူလို့ဆေဟို စာရေးလိုက်အယ်။
နင်ရဲ့ လူပဲ့သငယ်အချို့လို့ဟ ခမည်းတော် ဘုရားဆေမှ ငါလို့ ခံယူရဆိသော ပညတ်တော်အတိုင်း သမ္မာတရားနှိုက် အသက်ဆှင် ဆော့က်လှမ်းနေကြတာဟို တွေ့ရသဖြင့် ငါ ရမ်းဆာ့ ဝမ်းမြောက်အယ်။
ချစ်လှစွာသော မိတ်ဆွေလို့၊ ငါလို့အားလုံးနဲ့ ဆိုင်သော ကယ်တင်ခြင်း အကျောန်းဟို နင်လို့ဆေ ရေးသားပေးပို့ရန် ရမ်းဆာ့ ကြိုးစားလျက် နေစဉ်ခါပင် သန့်ဆှင်းသူလို့ဆေ တခါတည်းနဲ့အပီး ပေးအပ်သော ယုံကြည်ခြင်းအတွက် ကြိုးစား တိုက်ခိုက်ကြမယ့်အကျောန်း နင်လို့အား စာရေးယွေ့ တိုက်တွန်းနှိုးဆော်ရန် လိုအပ်တာဟို ငါတွေ့ရအယ်။