11 အကျောန်းမှာ နင်လို့ ယုံကြည်ခြင်းနှိုက် ခိုင်မြဲမဲ့အကျောန်း နင်လို့အား ဝိညာဉ်ဆုကျေးဇူးဟို ဝေမျှလိုသဖြင့် ငါဟ နင်လို့ဟို ရမ်းဆာ့ တွေ့ချင်ပါအယ်။
အေးလိုမို့ အသင်းတော်လို့ရဲ့ ယုံကြည်ခြင်း ပိုမိုခိုင်မြဲလာလျက် နေ့စဉ်နေ့တိုင်း အရေအတွက်အားဖြင့် တိုးတက်များပြားလာအယ်။
အေးအရာများ ဖြစ်ပျက်ပင်းနောက် မာကေဒေါနိပြေနဲ့ အခါယပြေမှတဆင့် ယေရုရှလင်မြို့ဟို သွားရန် ပေါလုဟ စိတ်ဆုံးဖြတ်အယ်။ သူဟ “အေးနေရာဟို ငါသွားပင်းနောက် ရောမမြို့ဟိုလည်း သွားရမယ်” ဟု ပြောအယ်။
ပေါလုဟ သူလို့ရဲ့ ခေါင်းပေါ်မှာ လက်ဟို တင်ရင် သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူလို့အပေါ်မှာ ဆင်းသက်လာသဖြင့်၊ သူလို့ဟ အခြားသော ဘာသာစကားဟို ပြောယွေ့ ပရောဖက်ပြုကြအယ်။
အေးစာဟ နင်လို့နဲ့အတူဆိခါ နင်လို့နဲ့ ငါ နေဦးနေဖက်ရဲ့ ယုံကြည်ခြင်းအားဖြင့် ခွန်အားပေးမှုဟို အတူတကွ ခံစားနိန်ရန် ဖြစ်အယ်။
အခုဟတော့ ငါသည် အဲဒေသများနှိုက် ငါ့အလုပ်ဟို ပီးအောန်လုပ်ပင်း၊ နင်လို့ဆေဟို လာရန် လွန်ခဲ့သော နှစ်ပေါင်းများစွာဟ အလိုဆိသောကျောန့်၊
နင်လို့ဆိရာဟို ငါ ရောက်သောအခါ ခရစ်တော်ရဲ့ ကောင်းချီး အပြေ့အစုံနဲ့ ငါရောက်လာမယ်ဟို ငါ သိအယ်။
အေးလိုမို့ ဘုရားသခင် အလိုဆိရင် ငါဟ ဝမ်းမြောက်စွာ နင်လို့ဆေဟို လာယွေ့ နင်လို့နဲ့အတူ ပျော်ရွင်စွာ နားနေခွင့်ဟို ရဆိပါလိမ့်မယ်။
ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြပါစို့။ အဲသူဟ ယေရှု ခရစ်တော်ရဲ့ အကျောန်း ငါဝေငှလဲ့ သတင်းကောင်းအရသော် လည်းကောင်း၊ ဆေ့ကာလ အဆက်ဆက်နှိုက် အောင်းနေခဲ့သော အမန်တရားပေါ်လွင် ထင်ဆှားချက်အရ သော်လည်းကောင်း၊ နင်လို့ဟို ယုံကြည်ခြင်းနှိုက် ခိုင်မြဲစေနိန်သူ ဖြစ်အယ်။
ပစာကို့ ငါဟ ဟေသို့ ယုံကြည်စိတ်ချသဖြင့်၊ နင်လို့ဟ နေဆသော ကောင်းချီးဟို ခံစားရမဲ့အကျောန်း နင့်ဟို ဦးရင် သွားကျေ့ စေချင်အယ်။
ငါလို့ဟို နင်လို့နဲ့အတူ ခရစ်တော်နှိုက် တည်မြဲစေယွေ့ ငါလို့အား ဘိသိက်ပေးသောသူဟ ဘုရားသခင် ဖြစ်အယ်၊
အကျောန်းမှာ တစုံတယောက်သောသူဟ လာယွေ့ ငါလို့ မဟောပြောခဲ့လဲ့ အခြားသော ယေရှုအကျောန်းဟို ဟောပြောရင် ဖြစ်စေ အဲဟာမဟုတ်ရင် နင်လို့ မရဆိဝူးသော အခြားသော ဝိညာဉ်ဟို နင်လို့ ရဆိရင် ဖြစ်စေ အဲဟာမဟုတ်ရင် နင်လို့ မခံယူခဲ့သော သတင်းကောင်းဟို နင်လို့ ခံယူရင်ဖြစ်စေ နင်လို့ဟ လွယ်လွယ်နဲ့ လက်ခံနေကြအယ်။
အဲအပြင် နင်လို့အပေါ် သက်ရောက်လဲ့ ဘုရားသခင်ရဲ့ ထူးကဲသော ကျေးဇူးတော်ကျောန့် သူလို့ဟ နင်လို့ဟို လွမ်းဆွတ်လျက် နင်လို့အတွက် ဆုတောင်းပေးကြလိမ့်မယ်။
ငါဟ ခရစ်တော် ယေရှုရဲ့ မေတ္တာဖြင့် နင်လို့အားလုံးဟို စလောက် လွမ်းဆွတ်ကျောန်း ဘုရားသခင်ဟ ငါ့သက်သေ ဖြစ်အယ်။
သူဟ နင်လို့အပေါင်းဟို လွမ်းဆွတ်လျက် နေပင်း သူဖျားနာလဲ့သတင်းဟို နင်လို့ ကြားသိသွားသဖြင့် သူဟ စိတ်ပူပန်လျက် နေအယ်။
အဲကျောန့် ညီအကို မောင်နှမလို့၊ ငါရဲ့ ဝမ်းမြောက်ခြင်းအကျောန်းနဲ့ ငါရဲ့ သရဖူဖြစ်လဲ့ နင်လို့ဟို အကျောန်းပြုယွေ့ ရမ်းဆာ့ ဝမ်းမြောက်ယွေ့ ဂုဏ်ယူဝါကြွားအယ်။ ချစ်သော ညီအကို မောင်နှမလို့ ငါလို့ဆိုခဲ့လဲ့အတိုင်း သခင်ဘုရားနှိုက် ခိုင်မြဲစွာ ရပ်တည်ကြလော့။
ဟေနည်းအားဖြင့် နင်လို့ရဲ့ စိတ်နေလုံးဟို ခွန်အားပေးသဖြင့်၊ ငါလို့ သခင် ယေရှုဟ မိမိနဲ့ဆိုင်သော သူအပေါင်းလို့နဲ့အတူ ကြွလာသောအခါ ငါလို့ရဲ့ ဘုရားသခင်နဲ့ ခမည်းတော်ရဲ့ဆေ့တွင် အပစ်တင်ခွင့် မဆိသော သန့်ဆှင်းမြင့်မြတ်သူများ ဖြစ်ကြရမယ်။
ခရစ်တော်နဲ့ ဆိုင်သော သတင်းကောင်းဟို ဟောပြောခြင်းငှာ ဘုရားသခင်အတွက် ငါလို့နဲ့အတူ လုပ်ဖော်ဆောင်ဖက်ဖြစ်သော ငါလို့ညီ တိမောသေဟို စေလွှတ်စဉ်တွင်၊ နင်လို့ရဲ့ ယုံကြည်ခြင်းဟို ခိုင်ခံ့စေဖို့ ခွန်အားပေးရန်အတွက် သူ့ဟို ငါလို့ စေလွှတ်ခဲ့အယ်၊
နင်လို့ စိတ်နေလုံးဟို နှစ်သိမ့်ပေးယွေ့ ကောင်းသော စကားနဲ့ ကောင်းသောအမှု အားလုံးလို့နှိုက် နင်လို့ဟို ခိုင်ခံ့မြဲမြံပါစေသော။
အဲလိုလဲ ဘုရားသခင်ဟ သစ္စာဆိပင်း ကိုယ်တော်ဟ နင့်ဟို ကြံ့ခိုင်စေယွေ့ ဆိုးညစ်သောသူဆေမှ ကွယ်ကာစောင့်ဆှောက် လိမ့်မယ်။
ထူးခြားသော သွန်သင်ချက် အမျိုးမျိုးနောက်ဟို လိုက်ပါ မသွားကြနဲ့။ အကျောန်းမှာ စားစရာအားဖြင့် မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နေလုံးဟို တည်မြဲစေခြင်းဟ ကောင်းမြတ်အယ်။ စားစရာအားဖြင့် အသက်ဆှင် ဆှောက်လှမ်းသောသူလို့ဟ အကျိုးဟို မရဆိကြပေ။
နင်လို့ဟို မိမိရဲ့ ထာဝရ ဘုန်းအသရေထဲဟို ခရစ်တော် ယေရှုအားဖြင့် ခေါ်ယူသော အဆှင်၊ ကျေးဇူးတော်အပေါင်းနဲ့ ပြေ့စုံသော ဘုရားသခင် ကိုယ်တော်တိုင်ဟ ဆင်းရဲဒုက္ခဟို ခဏခံစားပင်းသော နင်လို့ဟို စုံလင်စေယွေ့ ခွန်အားနဲ့ပြေ့စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေလိမ့်မယ်။
ငါဟ သစ္စာဆိသော ညီအကိုအဖြစ် ငါသတ်မှတ်သော သိလွာနုမှတဆင့် စာကတစ်ဟို ရေးလိုက်ခြင်းအားဖြင့် နင်လို့ဟို တိုက်တွန်းနှိုးဆော်ကာ အေးအရာဟ ဘုရားသခင်ရဲ့ စစ်မန်သော ကျေးဇူးတော်ဖြစ်ကျောန်း သက်သေခံအယ်။ နင်လို့ဟ အေးကျေးဇူးတော်နှိုက် ရပ်တည်ကြလော့။
အေးကျောန့် နင်လို့ဟ ဟေအကျောန်းအရာများဟို သိဆိကြယွေ့ နင်လို့တွင် ဆိသော သမ္မာတရားနှိုက် ခိုင်ခံ့မြဲမြံကြပီ ဖြစ်သော်လည်း ၎င်းလို့နဲ့ ပတ်သက်ယွေ့ နင်လို့ဟို အစဉ် သတိပေးနှိုးဆော်ရန် ငါကြံရွယ်ထားအယ်။