10 ဘုရားသခင် အလိုဆိပါက မကြာခင် နင်လို့ဆိရာဟို ငါ လာရလဲ့အခွင့် တခုခုဆိမဲ့အကျောန်း အချိန်တိုင်း ငါ ဆုတောင်းနေအယ်။
အဲလိုလဲ “ဘုရားသခင် အလိုတော်ဆိရင် ငါ ပြန်လာခဲ့မယ်” ဟု သူလို့ဟို ပြောပင်း ထွက်သွားတယ်။ အဲပင်းရင် ဧဖက်မြို့မှ သင်္ဘောနဲ့ ရွက်လွင့်သွားလေအယ်။
အေးအရာများ ဖြစ်ပျက်ပင်းနောက် မာကေဒေါနိပြေနဲ့ အခါယပြေမှတဆင့် ယေရုရှလင်မြို့ဟို သွားရန် ပေါလုဟ စိတ်ဆုံးဖြတ်အယ်။ သူဟ “အေးနေရာဟို ငါသွားပင်းနောက် ရောမမြို့ဟိုလည်း သွားရမယ်” ဟု ပြောအယ်။
ငါလို့ဟ သူဟို ဖျောင်းဖျယွေ့ မရသောကျောန့် “သခင်ဘုရားရဲ့ အလိုအတိုင်း ဖြစ်ပါစေ” ဟု ဆိုကာ လက်လျော့လိုက်ကြအယ်။
နင်လို့ဆိရာဟို ငါ ရောက်သောအခါ ခရစ်တော်ရဲ့ ကောင်းချီး အပြေ့အစုံနဲ့ ငါရောက်လာမယ်ဟို ငါ သိအယ်။
ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် ခရစ်တော် ယေရှုရဲ့ တမန်တော်အရာနှိုက် ခန့်ထားသော ငါ ပေါလုနဲ့ ငါ့ညီ သုဿင်ဆေမှ —
အားပေမဲ့ သခင်ဘုရား အလိုတော်ဆိရင် ငါဟ မကြာမီ လာယွေ့ မာနထောင်လွှားသောသူလို့ရဲ့ စကားဟို မဟုတ်ဘဲ သူလို့ရဲ့ တန်ခိုးဟိုလည်း သိရလိမ့်မယ်။
ပစာအမှုဟိုမျှ မစိုးရိမ်ဘဲ ခပ်သိမ်းသောအမှုလို့တွင် ကျေးဇူးတော်ဟို ချီးမွန်းယွေ့ ဆုတောင်းလျက် နင်လို့ လိုသောအရာများဟို ဘုရားသခင်အား ကြားဆှောက်ကြလော့။
ငါလို့ဟ နင်လို့ဆေဟို ပြန်လာချင်အယ်။ ငါပေါလုဟလည်း အခါခါ ပြန်သွားဖို့ ကြိုးစားခဲ့ပေမယ့် စာတန်ဟ ငါလို့ဟို ခွင့်မပြုဝူး။
တချိန်တည်းမှာ ငါ့အတွက် တည်းခိုလဲ့နေရာဟိုလည်း ပြင်ဆင်ထားလော့။ အကျောန်းမှာ နင်လို့ရဲ့ ဆုတောင်းခြင်းအားဖြင့် နင်လို့ဆေဟို ရောက်ဆိရသော အခွင့်ဟို ပေးလိမ့်မယ်ဟု ငါမျော်လင့်နေအယ်။
ငါဟ နင်လို့ဆေဟို လျင်မြန်စွာ ပြန်ရောက်နိန်မဲ့အကျောန်း ဆုတောင်းပေးရန် အထူး တိုက်တွန်းအယ်။
အဲကျောန့် “ထာဝရဘုရား အလိုတော်ဆိရင် ငါလို့ဟ အသက်ဆှင်ယွေ့ ဟေအမှု၊ အဲအမှုဟို ပြုကြမယ်” ဟု နင်လို့ ဆိုသင့်အယ်။