2 အဲပင်းရင် ဘုရားသခင်ရဲ့ ဆေ့နှိုက် ရပ်နေသော ခေါန်းခင်တမန် ခုနေပါးဟို ငါ မျော်ရအယ်။ သူလို့အား တံပိုးခရာ ခုနေခုဟို ပေးထားအယ်။
“နင်လို့ဟ ဟေလူပဲ့သူငယ်ထဲမှ တစုံတယောက်ဟို မထီမဲ့မြင် မလုပ်မိစေဖို့ သတိထားကြလော့။ နင်လို့အား ငါပြောတာဟ၊ သူလို့ရဲ့ ခေါန်းခင်တမန်များဟ ခေါန်းခင်ဘုံဆှင် ငါ့ခမည်းတော်ရဲ့ မျက်မှောက်နှိုက် အမြဲတမ်း ခစားလျက် ဆိကြအယ်။
အေးနောက် လူသားဟ ကြီးမားသော တံပိုးခရာသံနဲ့အတူ မိမိရဲ့ခေါန်းခင်တမန်များအား အရပ်လေးမျက်နှာဟို စေလွတ်ယွေ့ ကမ္ဘာမြေကြီးတစွန်းမှ တစွန်းအထိဆိကြသော ကိုယ်တော် ရွေးချယ်ထားသော သူလို့ဟို စုသိမ်းစေလိမ့်မယ်။
ခေါန်းခင်တမန်ဟ “ငါဟ ဘုရားသခင်ရဲ့ အဆေ့မှာ ခစားရသော ဂါဗြေလ ဖြစ်အယ်၊ နင့်အား ဟေသတင်းကောင်းဟို ဟောပြရန် ငါ့ကို စေလွှတ်အယ်။
အေးလိုမို့ ကျရောက်လာလိမ့်မယ် ဖြစ်သော အမှုအရာလို့နဲ့ ကင်းလွတ်ယွေ့ လူသားရဲ့ ဆေ့နှိုက် မတ်တတ်ရပ်နိန်ရန် နိုးနိုးကြားကြား ဆိပင်း အစဉ် ဆုတောင်းလျက် စောင့်နေကြလော့” ဟု ပြောလေအယ်။
ကြွေးကြော်အမိန့်ပေးသံ၊ ခေါန်းခင်တမန်ရဲ့အသံ၊ ဘုရားသခင်ရဲ့ တံပိုးမှုတ်သံ၊ သခင်ဘုရား တတ်တိုင်း ခေါန်းခင်ဘုံမှ ဆင်းသက်လာလိမ့်မယ်။ ခရစ်တော်ကို ယုံကြည်ပင်း သေဆုံးသွားသူများဟ ဦးရင်ဆုံး ထမြောက်ကြလိမ့်မယ်။
ငါ ယောဟန်ဟ၊ အာရှိပြေဆိ အသင်းတော် ခုနေပါးဆေဟို စာရေးလိုက်အယ်။ အခု ဆိလျက် မခင်ဟလည်း ဆိလျက် နောင်အခါကြွလာမဲ့ အဆှင်ဆေမှ လည်းကောင်း၊ ပလ္လင်တော်ဆေ့နှိုက် ဆိသော ဝိညာဉ် ခုနေပါးဆေမှ လည်းကောင်း၊
သတ္တမ ခေါန်းခင်တမန်ဟ တံပိုးခရာဟို မှုတ်လိုက်သောအခါ ခေါန်းခင်ဘုံနှိုက် အသံအကျယ်ရီး ထွက်ပေါ်လာလျက် “လောကီနိုင်ငံဟ ငါလို့အဆှင်နဲ့ ခရစ်တော်ရဲ့ နိုင်ငံ ဖြစ်လေပီ။ သူဟလည်း ကမ္ဘာအဆက်ဆက် စိုးစံလိမ့်မယ်” ဟု ဆိုအယ်။
အဲပင်းရင် ခေါန်းခင်နှိုက် ကြီးမားယွေ့ အံ့ဩဖွယ်ကောင်းလဲ့ အခြားနိမိတ်လက္ခဏာ တည်းဟူသော နောက်ဆုံး ဘေးဒဏ် ခုနေပါးဟို ငါမျော်ရအယ်။ အဲဘေးဒဏ်များအားဖြင့် ဘုရားသခင်ရဲ့ ပြင်းစွာသော ဒေါသဟ ပြေ့စုံခြင်းဟို ရောက်မယ်ဖြစ်အယ်။
အဲပင်းရင် ဗိမာန်တော်ထဲမှ အသံအကျယ်ရီးဖြင့် “သွားကြလော့။ ဘုရားသခင်ရဲ့ ပြင်းစွာသော အမျက်တော်ဖလား ခုနေလုံးဟို မြေကြီးပေါ်ဟို သွန်းလောင်းကြလော့” ဟု ခေါန်းခင်တမန် ခုနေပါးလို့အား ဆိုတာဟို ငါကြားရအယ်။
အဲပင်းရင် ငါ ကျေ့လိုက်ရာ ခေါန်းခင်အလယ်တွင် ပျံသန်းနေသော လင်းယုန်တကောင်ဟ “ခေါန်းခင်တမန် သုံးပါးလို့ မှုတ်တော့မဲ့ ကျန်ဆိလဲ့ တံပိုးခရာလို့ရဲ့ အသံကျောန့် မြေကြီးပေါ်တွင် နေထိန်သော သူလို့ဟ အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာ ဆိကြအယ်” ဟု အသံအကျယ်ရီးနဲ့ ဆိုတာဟို ငါ ကြားရအယ်။
အဲပင်းရင် တံပိုးခရာ ခုနေခုဆိသော ခေါန်းခင်တမန် ခုနေပါးလို့ဟ တံပိုးခရာမှုတ်ရန် ပြင်ဆင်ကြအယ်။
ပဉ္စမ ခေါန်းခင်တမန်ဟ တံပိုးခရာဟို မှုတ်လိုက်သောအခါ ခေါန်းခင်မှ မြေကြီးပေါ်ဟို ကျလာသော ကြယ်တလုံးဟို ငါမျော်အယ်။ အဲကြယ်အား တွင်းနက်ကြီးရဲ့ ထင်ခါးသော့ဟို ပေးအပ်ထားအယ်။